
photo-gettyimages
photo-gettyimages
နောက်ခံလူစမောလင်းဟာ သူ့ရဲ့နောက်အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုသာ ပြုလုပ်နေဆဲဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ရောက်မှသာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ အဲဒီမန်ယူဗဟိုနောက်ခံလူဟာ အငှားသွားကစားနေတဲ့ ရိုးမားမှာ ခြေစွမ်းပြနိုင်နေလို့ အင်္ဂလန်အသင်းအတွက်တောင် ပြန်လည်ရွေးချယ်ခံရနိုင်တဲ့ အာလားအလာရှိပါတယ်။ ဒီအတွက်လည်း စမောလင်းဟာ ရိုးမားကို အပြီးသတ်ပြောင်းသွားနိုင်တယ်လို့ သတင်းတွေအဆက်အပြတ်ထွက်ပေါ်နေသလို အာဆင်နယ်၊အဲဗာတန်၊လက်စတာနဲ့စပါးတို့လို ပရီးမီးယားလိဂ်အသင်းတွေကလည်း အဲဒီအင်္ဂလန်သားကို စိတ်ဝင်စားနေကြတာပါ။
photo-gettyimages
ဒါပေမဲ့လည်း အသက် ၃၀ အရွယ်စမောလင်းဟာ ဘယ်ကလပ်နဲ့မှ တေ့တေ့ဆိုင်ဆိုင်စကားပြောဆိုရခြင်း မရှိသေးပါဘူး။ လက်ရှိမှာ သူဟာ စီးရီးအေပြိုင်ပွဲပြစတာနဲ့ အီတလီမှာ ရာသီအဆုံးသတ်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ စမောလင်းဟာ အငှားသွားကစားနေရပေမယ့် မန်ယူနဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပြီး အဲဒီထဲမှာ တစ်နှစ်ထပ်တိုးနိုင်တယ်ဆိုတဲ့အချက်လည်းပါဝင်တာကြောင့် လာမယ့်နွေရာသီ နည်းပြဆိုးလ်ရှားနဲ့ ဆွေးနွေးမှုအပေါ် မူတည်ပြီး အိုးလ်ထရက်ဖို့ဒ်ကိုတောင် ပြန်ရောက်လာနိုင်ပါတယ်။
photo-gettyimages
လက်ရှိမှာလည်း သူဟာ စီးရီးအေမှာ အခြေကျနေပြီး ရိုမားပရိသတ်တွေရဲ့ဖေးဘရိတ်ကစားသမားတစ်ယောက် ဖြစ်နေတာပါ။ မန်ယူကလည်း လာမယ့်နွေမှာ နောက်ထပ်ဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ မရှိတော့ဘဲ စမောလင်းနဲ့ ဖီးလ်ဂျုံးစ်တို့ရဲ့အနာဂါတ်ကို စဉ်းစားမှာ ဖြစ်ပါတယ်။ ရိုဂျိုကလည်း အက်စ်တူဒီယန်းတက်နဲ့ အငှားသက်တမ်းကုန်တာနဲ့ သူ့အနာဂါတ်ကို အမြန်ဆုံးဖြေရှင်းစေချင်နေပါတယ်။
[Zawgyi]
ေခၚလိုသူေတြ ၀ိုင္း၀ုိင္းလည္ေနေပမယ့္ အနာဂါတ္အတြက္ မဆုံးျဖတ္ရေသးတဲ့စေမာလင္း
ေနာက္ခံလူစေမာလင္းဟာ သူ႔ရဲ႕ေနာက္အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးညွိႏိႈင္းမႈသာ ျပဳလုပ္ေနဆဲျဖစ္ၿပီး ေႏြရာသီအေျပာင္းအေရႊ႕ေရာက္မွသာ ဆုံးျဖတ္သြားမယ္လုိ႔ သိရပါတယ္။ အဲဒီမန္ယူဗဟိုေနာက္ခံလူဟာ အငွားသြားကစားေနတဲ့ ရိုးမားမွာ ေျခစြမး္ျပႏိုင္ေနလုိ႔ အဂၤလန္အသင္းအတြက္ေတာင္ ျပန္လည္ေရြးခ်ယ္ခံရႏိုင္တဲ့ အာလားအလာရွိပါတယ္။ ဒီအတြက္လည္း စေမာလင္းဟာ ရိုးမားကို အၿပီးသတ္ေျပာင္းသြားႏိုင္တယ္လုိ႔ သတင္းေတြအဆက္အျပတ္ထြက္ေပၚေနသလုိ အာဆင္နယ္၊အဲဗာတန္၊လက္စတာနဲ႔စပါးတုိ႔လုိ ပရီးမီးယားလိဂ္အသင္းေတြကလည္း အဲဒီအဂၤလန္သားကုိ စိတ္၀င္စားေနၾကတာပါ။
ဒါေပမဲ့လည္း အသက္ ၃၀ အရြယ္စေမာလင္းဟာ ဘယ္ကလပ္နဲ႔မွ ေတ့ေတ့ဆိုင္ဆိုင္စကားေျပာဆုိရျခင္း မရွိေသးပါဘူး။ လက္ရွိမွာ သူဟာ စီးရီးေအၿပိဳင္ပြဲျပစတာနဲ႔ အီတလီမွာ ရာသီအဆုံးသတ္ႏိုင္ဖုိ႔ကိုပဲ အာရုံစုိက္ထားပါတယ္။ စေမာလင္းဟာ အငွားသြားကစားေနရေပမယ့္ မန္ယူနဲ႔စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေသးၿပီး အဲဒီထဲမွာ တစ္ႏွစ္ထပ္တုိးႏိုင္တယ္ဆိုတဲ့အခ်က္လည္းပါ၀င္တာေၾကာင့္ လာမယ့္ေႏြရာသီ နည္းျပဆုိးလ္ရွားနဲ႔ ေဆြးေႏြးမႈအေပၚ မူတည္ၿပီး အုိးလ္ထရက္ဖုိ႔ဒ္ကိုေတာင္ ျပန္ေရာက္လာႏိုင္ပါတယ္။
လက္ရွိမွာလည္း သူဟာ စီးရီးေအမွာ အေျခက်ေနၿပီး ရိုမားပရိသတ္ေတြရဲ႕ေဖးဘရိတ္ကစားသမားတစ္ေယာက္ ျဖစ္ေနတာပါ။ မန္ယူကလည္း လာမယ့္ေႏြမွာ ေနာက္ထပ္ဗဟိုခံစစ္ကစားသမားေခၚယူဖုိ႔ မရွိေတာ့ဘဲ စေမာလင္းနဲ႔ ဖီးလ္ဂ်ဳံးစ္တုိ႔ရဲ႕အနာဂါတ္ကို စဥ္းစားမွာ ျဖစ္ပါတယ္။ ရိုဂ်ဳိကလည္း အက္စ္တူဒီယန္းတက္နဲ႔ အငွားသက္တမ္းကုန္တာနဲ႔ သူ႔အနာဂါတ္ကို အျမန္ဆုံးေျဖရွင္းေစခ်င္ေနပါတယ္။