ခေါင်းတိုက်သွင်းဂိုး ( ၂ ) ဂိုးနဲ့အတူ ဂျူဗင်တပ်အသင်းကို တတိယနေရာ ပို့ဆောင်ေပးခဲ့တဲ့ ရော်နယ်ဒို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အမှတ်ပေးဇယားအောက်ခြေက ခရိုတိုနီ အသင်းကို ( ၃ – ၀) အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ သွင်းဂိုး( ၂ ) ဂိုးရယူပြီး ဂျူဗင်တပ်အသင်းကို အမှတ်ပေးဇယား အဆင့် ( ၃ ) ‌ေနရာရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။
အင်ဒရီ ပီယာလိုရဲ့ အသင်းက အထ‌ေနှးခဲ့ပေမယ့် ပွဲကစားချိန် ( ၃၈ ) မိနစ်မှာတော့ ရော်နယ်ဒိုက အဲလက် ဆန်ဒရိုရဲ့ ဖြတ်တင်ဘောကနေ အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ် ။သွင်းဂိုးတွေဆာလောင်နေတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ပထမပိုင်း နာကျင် အချိန်ပိုမှာ ဂျူဗင်တပ်အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
အသက် ( ၃၆ ) နှစ်အရွယ် တိုက်စစ်မှူးဟာ ဟက်ထရစ်ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ခရိုတိုနီ ဂိုးသမား Alex Cordaz က ကာကွယ္မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ အတွက် နစ်နာခဲ့ရပြီး ဂျူဗင်တပ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို Weston McKennie က ရယူပေးခဲ့ပါတယ်။ အမေရိကန် ကွင်းလယ်ကစားသမားဟာ ပွဲကစားချိန် ( ၆၆ ) မိနစ်မှာ ဒီရာသီ စတုတ္ထမြောက် စီးရီးအေ သွင်းဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး (၄ ) ပွဲမှာ ပထမဆုံးအကြိမ် နိုင်ပွဲရရှိခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ( ၆ ) နေရာကနေ အဆင့် ( ၃ ) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဂျူဗင်တပ်အနေနဲ့ လက်ရှိမှာ ( ၁ ) ပွဲေလျာ့ကစားထားပြီး ( ၄၅ ) မှတ်ရရှိထားကာ ပြီးခဲ့တဲ့ တနင်္ဂနွေေန့က မြို့ခံပြိုင်ဘက် ေအစီမီလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ အမှတ်ေပးဇယား အဆင့် ( ၁ ) ေနရာက အင်တာမီလန် အသင်းေအာက် ( ၈ ) မှတ်ေလျာ့နည်းလျက်ရှိပါတယ်။
ေရာ်နယ်ဒိုအနေနဲ့ ယခုပွဲစဥ်မှာ သွင်းဂိုး ရယူနိုင်ခဲ့တဲ့အတွက် ဥရောပထိပ်တန်း ( ၅ ) ခုမှ မတူညီတဲ့ ကလပ်အသင်း ( ၇၈ ) သင်းကို သွင်းဂိုးရယူနိုင်တဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်သွားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ခေါင်းတိုက်သွင်းဂိုး ( ၂ ) ဂိုးနဲ့အတူ ဂျူဗင်တပ်အသင်းကို တတိယနေရာ ပို့ဆောင်ပေးခဲ့တဲ့ ရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အမှတ်ပေးဇယားအောက်ခြေက ခရိုတိုနီ အသင်းကို ( ၃ – ၀) အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး( ၂ ) ဂိုးရယူပြီး ဂျူဗင်တပ်အသင်းကို အမှတ်ပေးဇယား အဆင့် ( ၃ ) ‌နေရာရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ယခုပွဲစဉ်မှာ သွင်းဂိုး ရယူနိုင်ခဲ့တဲ့အတွက် ဥရောပထိပ်တန်း ( ၅ ) ခုမှ မတူညီတဲ့ ကလပ်အသင်း ( ၇၈ ) သင်းကို သွင်းဂိုးရယူနိုင်တဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်သွားပါတယ်။