
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကမ္ဘာ့အဆင့် ၁ ဘယ်လ်ဂျီယံ အသင်းနဲ့ ယူရို လက်ရှိ ချန်ပီယံ ပေါ်တူဂီတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၁၆ သင်း ရှုံးထွက် အဆင့်မှာ သောဂန် ဟာဇက် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဘယ်လ်ဂျီယံတို့ ကွာတားဖိုင်နယ် ကို တက်လှမ်း သွားခဲ့ပါတယ်။
အီတလီအသင်းနဲ့နောက်ထပ်ပွဲကျပ်တစ်ပွဲထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ဒုတိယပိုင်းမှာ ခြေစွမ်းတိုးတက်လာကာ အကောင်းဆုံး ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့်လိုအပ်နေတဲ့ ချေပဂိုးကိုတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ပွဲအပြီးခရာမှုတ်ချိန်မှာတော့ ရော်နယ်ဒိုတစ်ယောက် ဒေါသအိုးပေါက်ကွဲကာ ရှူံးမဲမဲပြီး အသင်းခေါင်းဆောင် လက်ပတ်ကို ချွတ်ပြီး ပစ်ပေါက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဘယ်လ်ဂျီယံ ကစားသမားတွေ အောင်ပွဲခံနေစဉ် ၃၆နှစ်သားပေါ်တူဂီစတားဟာ တော်တော်လေး ပေါက်ကွဲနေကာ စိတ်ပျက်နေတဲ့ပုံလည်း တွေ့ခဲ့ရပါတယ်။
ပရိသတ်တွေကတော့ ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းရှုံးထွက်အဆင့်မှ ပေါ်တူဂီထွက်ခွာရပြီးနောက် အသင်းခေါင်းဆောင်လက်ပတ်ကို လွှတ်ပစ်ခဲ့တဲ့ ရော်နယ်ဒိုအား အပြင်းအထန်ဝေဖန်နေကြပါတယ်။
ပေါ်တူဂီပရိသတ်တစ်ဦးက “သူကပေါ်တူဂီအသင်းခေါင်းဆောင်လက်ပတ်ကို လေးစားမှုမရှိဘူး။
သူကစိတ်ပျက်လက်ပျက်ဖြစ်နေပြီဆိုရင်အသင်းခေါင်းဆောင်လက်ပတ်ကို အမြဲလွှတ်ပစ်တတ်တယ်” လို့ပြောကြားခဲ့ပါတယ်။
အခြားသူတစ်ဦးကတော့ “ရော်နယ်ဒိုဟာ လအနည်းငယ်အတွင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် အသင်းခေါင်းဆောင်လက်ပတ်ကို လွှင့်ပစ်ခဲ့ပြန်ပြီ။
ဒါတောင် သူ့ကိုချီးကျူးတာတွေ ရှိကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းကလည်း ပေါ်တူဂီအသင်းခေါင်းဆောင်လက်ပတ်ကို ဒေါသတကြီးလွှင့်ပစ်ခဲ့သူဖြစ်ပါတယ်။
ဆားဘီးယားနှင့်ပွဲတွင် အနိုင်ဂိုးငြင်းပယ်ခြင်းခံခဲ့ရပြီးနောက် ဒိုလေးဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဒေါသတကြီးလွှင့်ပစ်ခဲ့သူလည်းဖြစ်ပါတယ်။
အချို့တွေကတော့ ရော်နယ်ဒိုနဲ့အတူ စိတ်မကောင်းဖြစ်နေပါတယ်။
ပရိသတ်တစ်ဦးက “ဒီတစ်ကြိမ် ငါ ရော်နယ်ဒိုအတွက် စိတ်မကောင်းဘူးကွာ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
နောက်တစ်ဦးက “ရော်နယ်ဒိုကွင်းထဲက ထွက်သွားတဲ့အချိန် ယူရိုပွဲကြီး ပြီးသွားပြီလို့တောင် ခံစားရပါတယ်”လို့ ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေခါင္းေဆာင္ လက္ပတ္ကို ရႈံးမဲမဲ လႊတ္ပစ္တဲ့ စီေရာ္နယ္ဒို ေဝဖန္ခံေနရ
ကမာၻ႔အဆင့္ ၁ ဘယ္လ္ဂ်ီယံ အသင္းနဲ႔ ယူ႐ို လက္ရွိ ခ်န္ပီယံ ေပၚတူဂီတို႔ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ၁၆ သင္း ရႈံးထြက္ အဆင့္မွာ ေသာဂန္ ဟာဇက္ ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ ဘယ္လ္ဂ်ီယံတို႔ ကြာတားဖိုင္နယ္ ကို တက္လွမ္း သြားခဲ့ပါတယ္ ။အီတလီအသင္းနဲ႔ေနာက္ထပ္ပြဲက်ပ္တစ္ပြဲထပ္မံရင္ဆိုင္ရမွာျဖစ္ပါတယ္။
ေပၚတူဂီအသင္းဟာ ဒုတိယပိုင္းမွာ ေျခစြမ္းတိုးတက္လာကာ အေကာင္းဆုံး ထိုးေဖာက္ကစားႏိုင္ခဲ့ေပမယ့္လိုအပ္ေနတဲ့ ေခ်ပဂိုးကိုေတာ့ သြင္းယူႏိုင္ခဲ့ျခင္း မရွိပါဘူး။ ပြဲအၿပီးခရာမႈတ္ခ်ိန္မွာေတာ့ ေရာ္နယ္ဒိုတစ္ေယာက္ ေဒါသအိုးေပါက္ကြဲကာ ရႉံးမဲမဲၿပီး အသင္းေခါင္းေဆာင္ လက္ပတ္ကို ခြၽတ္ၿပီး ပစ္ေပါက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
ဘယ္လ္ဂ်ီယံ ကစားသမားေတြ ေအာင္ပြဲခံေနစဥ္ ၃၆ႏွစ္သားေပၚတူဂီစတားဟာ ေတာ္ေတာ္ေလး ေပါက္ကြဲေနကာ စိတ္ပ်က္ေနတဲ့ပုံလည္း ေတြ႕ခဲ့ရပါတယ္။ ပရိသတ္ေတြကေတာ့ ယူ႐ို၂၀၂၀ၿပိဳင္ပြဲ ၁၆သင္းရႈံးထြက္အဆင့္မွ ေပၚတူဂီထြက္ခြာရၿပီးေနာက္ အသင္းေခါင္းေဆာင္လက္ပတ္ကို လႊတ္ပစ္ခဲ့တဲ့ ေရာ္နယ္ဒိုအား အျပင္းအထန္ေဝဖန္ေနၾကပါတယ္။
ေပၚတူဂီပရိသတ္တစ္ဦးက “သူကေပၚတူဂီအသင္းေခါင္းေဆာင္လက္ပတ္ကို ေလးစားမႈမရွိဘူး။ သူကစိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီဆိုရင္အသင္းေခါင္းေဆာင္လက္ပတ္ကို အၿမဲလႊတ္ပစ္တတ္တယ္” လို႔ေျပာၾကားခဲ့ပါတယ္။ အျခားသူတစ္ဦးကေတာ့ “ေရာ္နယ္ဒိုဟာ လအနည္းငယ္အတြင္းမွာ ဒုတိယအႀကိမ္ေျမာက္အျဖစ္ အသင္းေခါင္းေဆာင္လက္ပတ္ကို လႊင့္ပစ္ခဲ့ျပန္ၿပီ။ ဒါေတာင္ သူ႔ကိုခ်ီးက်ဴးတာေတြ ရွိၾကပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ လြန္ခဲ့တဲ့လအနည္းငယ္ခန႔္တုန္းကလည္း ေပၚတူဂီအသင္းေခါင္းေဆာင္လက္ပတ္ကို ေဒါသတႀကီးလႊင့္ပစ္ခဲ့သူျဖစ္ပါတယ္။ ဆားဘီးယားႏွင့္ပြဲတြင္ အႏိုင္ဂိုးျငင္းပယ္ျခင္းခံခဲ့ရၿပီးေနာက္ ဒိုေလးဟာ အသင္းေခါင္းေဆာင္လက္ပတ္ကို ေဒါသတႀကီးလႊင့္ပစ္ခဲ့သူလည္းျဖစ္ပါတယ္။
အခ်ိဳ႕ေတြကေတာ့ ေရာ္နယ္ဒိုနဲ႔အတူ စိတ္မေကာင္းျဖစ္ေနပါတယ္။ ပရိသတ္တစ္ဦးက “ဒီတစ္ႀကိမ္ ငါ ေရာ္နယ္ဒိုအတြက္ စိတ္မေကာင္းဘူးကြာ”လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ေနာက္တစ္ဦးက “ေရာ္နယ္ဒိုကြင္းထဲက ထြက္သြားတဲ့အခ်ိန္ ယူ႐ိုပြဲႀကီး ၿပီးသြားၿပီလို႔ေတာင္ ခံစားရပါတယ္”လို႔ ဆိုခဲ့ပါတယ္။