

တိုက်စစ်မှူးဟယ်ရီကိန်းဟာ ခေါင်းဆောင်ဖြစ်ထိုက်တဲ့ ပင်ကိုယ်ဗီဇသဘာဝပါရှိလာသူလို့ စပါးနည်းပြပိုချက်တီနိုက ချီးမွန်းပြောဆိုလိုက်ပါတယ်။ဘူလ်ဂေးရီးယားမှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားမှုပြသနာကို အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တည်တည်ငြိမ်ငြိမ်ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာကို ရည်ရွယ်တာဖြစ်ပါတယ်။ဆိုဖီယာမှာကစားခဲ့တဲ့ အဲဒီယူရို ၂၀၂၀ခြေစစ်ပွဲမှာ အိမ်ရှင်ပရိသတ်အချို့ရဲ့လူမျိုးရေးခွဲခြားမှုကြောင့် ပွဲကို ၂ကြိမ်တိုင်ရပ်နားခဲ့ရပါတယ်။

ခြင်္သေ့သုံးကောင်တပ်ဖွဲ့ခေါင်းဆောင်ဟယ်ရီကိန်းကတော့ သူ့ကစားသမားတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းတွေနဲ့အညီလိုက်နာဆောင်ရွက်ခဲ့သလို ၆-ဝဂိုးဆိုတဲ့ မြက်ခင်းစိမ်းအနိုင်ရလဒ်ကိုလည်းဖန်တီးနိုင်ခဲ့ပါတယ်။သူ့အနေနဲ့ အင်္ဂလန်အသင်းကိုခေါင်းဆောင်ခဲ့ရသလို စပါးမှာလည်း ဂိုးသမားဟူဂိုလိုရစ်ဒဏ်ရာရနေတာကြောင့် ဒီတစ်ပတ်ကစပြီး အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ကစားရတော့မှာပါ။

ဒါကြောင့် အသင်းခေါင်းဆောင်သစ်ဖြစ်လာတော့မယ့် ဟယ်ရီကိန်းကို ပိုချက်တီနိုက ချီးမွန်းခန်းဖွင့်လိုက်တာဖြစ်သလို အခြားသူတွေအနေနဲ့လည်း ပြသနာတွေကိုတည်ငြိမ်စွာဖြေရှင်းနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့နည်းလမ်းပုံစံတွေကို အတုယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“ သူဟာ သဘာဝခေါင်းဆောင်တစ်ယောက်ပါ။ခေါင်းဆောင်ဖြစ်ထိုက်တဲ့ ပင်ကိုယ်အရည်အချင်းတွေပါရှိလာသူပါ။သူ့ရဲ့စွမ်းဆောင်မှုဟာ စပါးတစ်ခုတည်းအတွက်မဟုတ်ဘဲ အင်္ဂလန်အတွက်ပါခရီးရောက်ခဲ့ပါတယ်။ဒါသိပ်ကို အံ့သြစရာပါ။အခုဆိုရင် ဟူဂိုကိုဒဏ်ရာကြောင့် ကျွန်တော်တို့ လအနည်းငယ်ဆုံးရှုံးရတော့မယ်။ဒီလိုအချိန်မှာ ဟယ်ရီရှိနေတာ သိပ်အရေးကြီးပါတယ်။တစ်ခြားကစားသမားတွေအတွက်လည်း အရေးကြီးပါတယ်။အခုလိုပြသနာမျိုးကြုံတွေ့ရချိန်မှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ ရင့်ကျက်မှုမျိုးတွေကို ဟယ်ရီ့ဆီကနေ သူတို့ရယူနိုင်ခွင့်ရှိနေလို့ပါပဲ ” လို့ ပိုချက်တီနိုက ပြောဆိုသွားပါတယ်။
(zawgyi)
တိုက္စစ္မွဴးဟယ္ရီကိန္းဟာ ေခါင္းေဆာင္ျဖစ္ထိုက္တဲ့ ပင္ကိုယ္ဗီဇသဘာ၀ပါရွိလာသူလို႔ စပါးနည္းျပပိုခ်က္တီႏိုက ခ်ီးမြန္းေျပာဆိုလိုက္ပါတယ္။ဘူလ္ေဂးရီးယားမွာျဖစ္ပြားခဲ့တဲ့ လူမ်ိဳးေရးခြဲျခားမႈျပသနာကို အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ တည္တည္ၿငိမ္ၿငိမ္ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့တာကို ရည္ရြယ္တာျဖစ္ပါတယ္။ဆိုဖီယာမွာကစားခဲ့တဲ့ အဲဒီယူရို ၂၀၂၀ေျခစစ္ပြဲမွာ အိမ္ရွင္ပရိသတ္အခ်ိဳ႔ရဲ႕လူမ်ိဳးေရးခြဲျခားမႈေၾကာင့္ ပြဲကို ၂ႀကိမ္တိုင္ရပ္နားခဲ့ရပါတယ္။ျခေသၤ့သံုးေကာင္တပ္ဖြဲ႔ေခါင္းေဆာင္ဟယ္ရီကိန္းကေတာ့ သူ႔ကစားသမားေတြေရွ႔ကေန မားမားမတ္မတ္ရပ္တည္ၿပီး ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းေတြနဲ႔အညီလိုက္နာေဆာင္ရြက္ခဲ့သလို ၆-၀ဂိုးဆိုတဲ့ ျမက္ခင္းစိမ္းအႏိုင္ရလဒ္ကိုလည္းဖန္တီးႏိုင္ခဲ့ပါတယ္။သူ႔အေနနဲ႔ အဂၤလန္အသင္းကိုေခါင္းေဆာင္ခဲ့ရသလို စပါးမွာလည္း ဂိုးသမားဟူဂိုလိုရစ္ဒဏ္ရာရေနတာေၾကာင့္ ဒီတစ္ပတ္ကစၿပီး အသင္းေခါင္းေဆာင္လက္ပတ္ ၀တ္ဆင္ကစားရေတာ့မွာပါ။ဒါေၾကာင့္ အသင္းေခါင္းေဆာင္သစ္ျဖစ္လာေတာ့မယ့္ ဟယ္ရီကိန္းကို ပိုခ်က္တီႏိုက ခ်ီးမြန္းခန္းဖြင့္လိုက္တာျဖစ္သလို အျခားသူေတြအေနနဲ႔လည္း ျပသနာေတြကိုတည္ၿငိမ္စြာေျဖရွင္းႏိုင္ခဲ့တဲ့ အဂၤလန္အသင္းေခါင္းေဆာင္ရဲ႕နည္းလမ္းပံုစံေတြကို အတုယူႏိုင္လိမ့္မယ္လို႔ ယံုၾကည္ထားပါတယ္။“ သူဟာ သဘာ၀ေခါင္းေဆာင္တစ္ေယာက္ပါ။ေခါင္းေဆာင္ျဖစ္ထိုက္တဲ့ ပင္ကိုယ္အရည္အခ်င္းေတြပါရွိလာသူပါ။သူ႔ရဲ႕စြမ္းေဆာင္မႈဟာ စပါးတစ္ခုတည္းအတြက္မဟုတ္ဘဲ အဂၤလန္အတြက္ပါခရီးေရာက္ခဲ့ပါတယ္။ဒါသိပ္ကို အံ့ၾသစရာပါ။အခုဆိုရင္ ဟူဂိုကိုဒဏ္ရာေၾကာင့္ ကၽြန္ေတာ္တို႔ လအနည္းငယ္ဆံုးရံႈးရေတာ့မယ္။ဒီလိုအခ်ိန္မွာ ဟယ္ရီရွိေနတာ သိပ္အေရးႀကီးပါတယ္။တစ္ျခားကစားသမားေတြအတြက္လည္း အေရးႀကီးပါတယ္။အခုလိုျပသနာမ်ိဳးႀကံဳေတြ႔ရခ်ိန္မွာ ဘယ္လိုကိုင္တြယ္ေျဖရွင္းရမယ္ဆိုတဲ့ ရင့္က်က္မႈမ်ိဳးေတြကို ဟယ္ရီ႕ဆီကေန သူတို႔ရယူႏိုင္ခြင့္ရွိေနလို႔ပါပဲ ” လို႔ ပိုခ်က္တီႏိုက ေျပာဆိုသြားပါတယ္။