ခေါင်းကြီးအတွက်တော့ ဒိုလေးက အမြဲတမ်း အကောင်းဆုံး ကစားသမားပါ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ယခုနှစ် နွေဈေးကွက် အတွင်းမှာ အနီရောင် အိမ်ဆီကို ပြန်လည် ရောက်ရှိလာတဲ့ စူပါစတား ဘောလုံးသမား ရော်နယ်ဒိုဟာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။
” စီရော်နယ်ဒိုက ကျွန်တော့်အတွက် အမြဲတမ်းအကောင်းဆုံး ကစားသမားတစ်ဦးပါ။
သူ့လိုကစားသမားမျိုး နဲ့ အသင်းမှာဆုံတွေ့ရတာက တကယ့်ကိုထူးခြားပါတယ်။
သူဟာ အသင်းအတွက်ကြီးမားစွာ အကျိုးပြုမယ်လို့ ကျွန်တော့်အနေနဲ့ သေချာပေါက်ပြောရဲပါတယ်။
စီရော်နယ်ဒိုက အထူးသဖြင့် ကျွန်တော်တို့အသင်းအတွက် ဂိုး များစွာသွင်းယူပြီး အသင်းတိုးတက်အောင်ကူညီပေးနိုင် မယ့် ကစားသမားမျိုးပါ။ ”
“အသင်းက သူ့ကို ပြန်ရလိုက်တာဟာ တကယ့်ကို ကောင်းပါတယ်။
ပြီးတော့ သူဟာ အဝတ်လဲခန်းထဲမှာရော ၊ ကွင်းထဲမှာပါ အသင်းအတွက် သက်ရောက်မှု အများကြီး ပေးစွမ်းနိုင်သူ ဖြစ်ပါတယ်။
ကစားသမား အားလုံးက သူ့ကို ကြည့်ပြီး အတုယူ ကြိုးစားလို့ ရပါတယ်။
ကျွန်တော်က တော့ သူနဲ့ တွေ့ဆုံဖို့ မစောင့်နိုင်တော့ပါဘူး” လို့ မက်ဂွိုင်းယားက ပြောကြားခဲ့တာပါ။
ရော်နယ်ဒိုဟာ အသင်းဟောင်း ယူနိုက်တက်အသင်းထံ ကို ၂နှစ် + အပို ၁နှစ် ဆိုတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်း ပေးချေရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi