
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ငါးကြင်းခေါင်းကို ဦးဆိုးလ်နဲ့ အဖွဲ့ကတော့ ဈေးပေါင်ကျိုးနှုန်းနဲ့ ခေါ်ယူချင်နေပါတယ်။
ဆန်ချိုကို အဖွင့်လှလှနဲ့ ဗွေဆော်ဦး ခေါ်ယူလိုက်နိုင်ပြီးတဲ့နောက် တခြားကစားသမားတွေ ခေါ်ဖို့လည်း ခပ်သွက်သွက် လှုပ်ရှားနေပါတယ်။
ယူနိုက်တက်ရဲ့ ပစ်မှတ်ထဲမှာ ထိပ်တန်းကစားသမား စီရော်နယ်ဒိုလည်း ပါပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲမှာ စွဲမက်ဖွယ်ကောင်းတဲ့ ကစားပုံတွေနဲ့ ပရိသတ်အကြိုက် ကစားပြနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ တစ်နှစ်တာလုပ်အားခ ယူရို ၃၁ သန်း (ပေါင် ၂၇ သန်း) ရရှိနေပါတယ်။
ယူနိုက်တက်ကတော့ လုပ်ခလစာငွေ တစ်ဝက်လျော့ပြီး အိုးလ်ထရက်ဖို့ဒ်မှာလာကစားဖို့ ရော်နယ်ဒိုကို ကမ်းလှမ်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ညာတောင်ပံ ကစားသမား တစ်ဦး ၊ ကွင်းလယ်လူ တစ်ဦး ၊ ဗဟိုနောက်ခံလူ တစ်ဦးနဲ့ တိုက်စစ်မှူး တစ်ဦးတို့ကို
ခေါ်ယူဖို့ လျာထားပြီး ၊ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အသင့်သုံး တိုက်စစ်မှူး တစ်ဦးကို လိုချင်နေတာဖြစ်ကာ တိုက်စစ်မှူး ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး အနည်းငယ်သာ သုံးစွဲလိုပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
အသက် ၃၆ နှစ်သားကြီးဟာ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မချမှတ်ရသေးသလို ယခုနွေရာသီမှာ တူရင်မြေကို စွန့်ခွာနိုင်တယ်လို့လည်း သတင်းတွေက ဆိုနေကြပါတယ်။
ဒိုလေးဟာ သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အယ်လီဂရီနီ တစ်ယောက် ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာချိန်မှာ အသင်းပြောင်းဖို့ စဉ်းစားနေကာ
ယခုတစ်ပတ် အတွင်းမှာပဲ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်ဟာ ဂျူဗင်တပ် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးသွားမယ်လို့ သတင်းထွက်ထားပါတယ်။
PSG နဲ့ သူ့ရဲ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်တို့ဟာလည်း ရော်နယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ အသင်းတွေဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေခါက္ခ်ိဳးတန္ေၾကးနဲ႔ စီေရာ္နယ္ဒိုကို ေခၚယူခ်င္တဲ့ ယူႏိုက္တက္
ငါးၾကင္းေခါင္းကို ဦးဆိုးလ္နဲ႔ အဖြဲ႕ကေတာ့ ေဈးေပါင္က်ိဳးႏႈန္းနဲ႔ ေခၚယူခ်င္ေနပါတယ္။ ဆန္ခ်ိဳကို အဖြင့္လွလွနဲ႔ ေဗြေဆာ္ဦး ေခၚယူလိုက္ႏိုင္ၿပီးတဲ့ေနာက္ တျခားကစားသမားေတြ ေခၚဖို႔လည္း ခပ္သြက္သြက္ လႈပ္ရွားေနပါတယ္။ ယူႏိုက္တက္ရဲ႕ ပစ္မွတ္ထဲမွာ ထိပ္တန္းကစားသမား စီေရာ္နယ္ဒိုလည္း ပါပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္ ေရာ္နယ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲမွာ စြဲမက္ဖြယ္ေကာင္းတဲ့ ကစားပုံေတြနဲ႔ ပရိသတ္အႀကိဳက္ ကစားျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ေပၚတူဂီအသင္းဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကေန ထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းမွာ တစ္ႏွစ္တာလုပ္အားခ ယူ႐ို ၃၁ သန္း (ေပါင္ ၂၇ သန္း) ရရွိေနပါတယ္။ ယူႏိုက္တက္ကေတာ့ လုပ္ခလစာေငြ တစ္ဝက္ေလ်ာ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာလာကစားဖို႔ ေရာ္နယ္ဒိုကို ကမ္းလွမ္းထားတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။
ယူႏိုက္တက္အသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ အတြင္းမွာ ညာေတာင္ပံ ကစားသမား တစ္ဦး ၊ ကြင္းလယ္လူ တစ္ဦး ၊ ဗဟိုေနာက္ခံလူ တစ္ဦးနဲ႔ တိုက္စစ္မႉး တစ္ဦးတို႔ကို ေခၚယူဖို႔ လ်ာထားၿပီး ၊ နည္းျပျဖစ္သူ ဆိုးလ္ရွားဟာ အသင္းရဲ႕ တိုက္စစ္ပိုင္း အတြက္ အသင့္သုံး တိုက္စစ္မႉး တစ္ဦးကို လိုခ်င္ေနတာျဖစ္ကာ တိုက္စစ္မႉး ေခၚယူရာမွာ ေျပာင္းေ႐ႊ႕ေၾကး အနည္းငယ္သာ သုံးစြဲလိုပါတယ္။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၃၆ဂိုး အထိ သြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။အသက္ ၃၆ ႏွစ္သားႀကီးဟာ အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ မခ်မွတ္ရေသးသလို ယခုေႏြရာသီမွာ တူရင္ေျမကို စြန႔္ခြာႏိုင္တယ္လို႔လည္း သတင္းေတြက ဆိုေနၾကပါတယ္။
ဒိုေလးဟာ သူနဲ႔ ဆက္ဆံေရး အဆင္မေျပတဲ့ အယ္လီဂရီနီ တစ္ေယာက္ ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာခ်ိန္မွာ အသင္းေျပာင္းဖို႔ စဥ္းစားေနကာ ယခုတစ္ပတ္ အတြင္းမွာပဲ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့စ္မန္ဒက္ဟာ ဂ်ဴဗင္တပ္ အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံကာ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးသြားမယ္လို႔ သတင္းထြက္ထားပါတယ္။PSG နဲ႔ သူ႔ရဲ႕အသင္းေဟာင္း ရီးရဲလ္မက္ဒရစ္တို႔ဟာလည္း ေရာ္နယ္ဒိုရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ အသင္းေတြျဖစ္ပါတယ္။