ခါးပတ်လုပွဲမှာ ကောင်းကောင်းအတီးခံခဲ့ရတဲ့ ဝိုင်လ်ဒါ အခြေအနေကောင်းဖို့မျှော်လင့်မိတယ်လို့ တိုင်ဆန်ဖျူရီဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံတိုင်ဆန်ဖျူရီနဲ့ဝိုင်လ်ဒါတို့ထိုးသတ်ခဲ့တဲ့ပွဲမှာ နှစ်ယောက်စလုံးက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ တစ်ယောက်ကိုတစ်ယောက်အလျှော့မပေးဘဲ ‘ဘတစ်ပြန်၊ ကျားတစ်ပြန်’ထိုးသတ်ခဲ့တာကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး

တိုင်ဆန်ဖျူရီက (၁၁)ချီမြောက်မှာ ဝိုင်လ်ဒါကို အလဲထိုးပြီးတော့ သူ့ရဲ့ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် လက်ဝှေ့လောကကို (၂)နှစ်ကျော်လောက် ကျောခိုင်းခဲ့ပြီး လက်ဝှေ့ကစားသမားဘဝအဆုံးသတ်လုနီးပါးအနေအထားနဲ့ရင်ဆိုင်ခဲ့ပေမယ့်

တိုင်ဆန်ဖျူရီဟာ အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့သလို ၂၀၁၈ ခုနှစ်မှာတော့ လက်ဝှေ့လောကထဲတစ်ကျော့ပြန်ဝင်လာခဲ့သူပါ။

၂၀၁၈ ဒီဇင်ဘာ(၁)ရက်မှာ ဝိုင်လ်ဒါနဲ့ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရပြီး (၁၂)ချီပြည့်ရေကုန်ရေခန်းထိုးသတ်ခဲ့ပေမယ့် ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အရ အရှုံးအနိုင်အဖြေမပေါ်ဘဲ သရေကျခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလအတွင်းထိုးသတ်ခဲ့တဲ့ပွဲမှာတော့ တိုင်ဆန်ဖျူရီက (၇)ချီမှာပဲအလဲထိုးခဲ့တဲ့အတွက် WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ပိုင်ဆိုင်ခဲ့သလို အခုတတိယမြောက်မကျေပွဲမှာလည်း ဝိုင်လ်ဒါကို (၁၁)ချီနဲ့အလဲထိုးခဲ့ပြီး ချန်ပီယံဘွဲ့ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် တိုင်ဆန်ဖျူရီဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ စုစုပေါင်း(၃၂)ပွဲထိုးသတ်ခဲ့ပြီး (၃၁)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ရှုံးပွဲမရှိမှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

ဝိုင်လ်ဒါနဲ့ပွဲအပြီးမှာ တိုင်ဆန်ဖျူရီက “ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဝိုင်လ်ဒါနဲ့ထိုးခဲ့တဲ့(၃)ပွဲစလုံးက အကြိတ်အနယ်ရှိခဲ့တာချည်းပါပဲ။ ဝိုင်လ်ဒါကလည်း တကယ်တော်တဲ့လက်ဝှေ့သမားတစ်ယောက်ဖြစ်ပေမယ့်

ကျွန်တော်အမြဲပြောခဲ့သလိုပဲ ကျွန်တော်က အကောင်းဆုံးလက်ဝှေ့သမားဖြစ်ပြီး သူက ဒုတိယအကောင်းဆုံးအဖြစ်ပဲရှိနေမှာပါ။

ဝိုင်လ်ဒါတစ်ယောက် အခြေအနေကောင်းပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲမှာ သူ့ကို ကျွန်တော်ကောင်းကောင်းအပြစ်ပေးခဲ့လို့ပါပဲ။

ကျွန်တော့်ရဲ့အရည်အသွေးကို ဘယ်တော့မှအထင်မသေးကြပါနဲ့။

ဒီလိုအရေးပါတဲ့ပွဲမျိုးရင်ဆိုင်ရပြီဆိုရင် ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာကို ပြသဖို့အမြဲအသင့်ရှိပါတယ်”လို့ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခါးပတ္လုပြဲမွာ ေကာင္းေကာင္းအတီးခံခဲ့ရတဲ့ ဝိုင္လ္ဒါ အေျခအေနေကာင္းဖို႔ေမွ်ာ္လင့္မိတယ္လို႔ တိုင္ဆန္ဖ်ဴရီဆို

WBC ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္လုပြဲအျဖစ္ လက္ရွိခ်န္ပီယံတိုင္ဆန္ဖ်ဴရီနဲ႔ဝိုင္လ္ဒါတို႔ထိုးသတ္ခဲ့တဲ့ပြဲမွာ ႏွစ္ေယာက္စလုံးက ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာမွာ တစ္ေယာက္ကိုတစ္ေယာက္အေလွ်ာ့မေပးဘဲ ‘ဘတစ္ျပန္၊ က်ားတစ္ျပန္’ထိုးသတ္ခဲ့တာေၾကာင့္ ပြဲကအႀကိတ္အနယ္ရွိခဲ့ၿပီး တိုင္ဆန္ဖ်ဴရီက (၁၁)ခ်ီေျမာက္မွာ ဝိုင္လ္ဒါကို အလဲထိုးၿပီးေတာ့ သူ႔ရဲ႕ကမာၻ႔ဟဲဗီးဝိတ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

မူးယစ္ေဆးဝါးနဲ႔ စိတ္ပိုင္းဆိုင္ရာျပႆနာေတြေၾကာင့္ လက္ေဝွ႔ေလာကကို (၂)ႏွစ္ေက်ာ္ေလာက္ ေက်ာခိုင္းခဲ့ၿပီး လက္ေဝွ႔ကစားသမားဘဝအဆုံးသတ္လုနီးပါးအေနအထားနဲ႔ရင္ဆိုင္ခဲ့ေပမယ့္ တိုင္ဆန္ဖ်ဴရီဟာ အခက္အခဲေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ခဲ့သလို ၂၀၁၈ ခုႏွစ္မွာေတာ့ လက္ေဝွ႔ေလာကထဲတစ္ေက်ာ့ျပန္ဝင္လာခဲ့သူပါ။ ၂၀၁၈ ဒီဇင္ဘာ(၁)ရက္မွာ ဝိုင္လ္ဒါနဲ႔ပထမဆုံးအႀကိမ္ရင္ဆိုင္ခဲ့ရၿပီး (၁၂)ခ်ီျပည့္ေရကုန္ေရခန္းထိုးသတ္ခဲ့ေပမယ့္ ဒိုင္လူႀကီးေတြရဲ႕ဆုံးျဖတ္ခ်က္အရ အရႈံးအႏိုင္အေျဖမေပၚဘဲ သေရက်ခဲ့ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းထိုးသတ္ခဲ့တဲ့ပြဲမွာေတာ့ တိုင္ဆန္ဖ်ဴရီက (၇)ခ်ီမွာပဲအလဲထိုးခဲ့တဲ့အတြက္ WBC ကမာၻ႔ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ပိုင္ဆိုင္ခဲ့သလို အခုတတိယေျမာက္မေက်ပြဲမွာလည္း ဝိုင္လ္ဒါကို (၁၁)ခ်ီနဲ႔အလဲထိုးခဲ့ၿပီး ခ်န္ပီယံဘြဲ႕ကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ တိုင္ဆန္ဖ်ဴရီဟာ ပေရာ္ဖက္ရွင္နယ္လက္ေဝွ႔သမားဘဝမွာ စုစုေပါင္း(၃၂)ပြဲထိုးသတ္ခဲ့ၿပီး (၃၁)ပြဲႏိုင္၊ (၁)ပြဲသေရနဲ႔ရႈံးပြဲမရွိမွတ္တမ္းေကာင္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ပါတယ္။

ဝိုင္လ္ဒါနဲ႔ပြဲအၿပီးမွာ တိုင္ဆန္ဖ်ဴရီက “ဒီပြဲက ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ၿပီး ဝိုင္လ္ဒါနဲ႔ထိုးခဲ့တဲ့(၃)ပြဲစလုံးက အႀကိတ္အနယ္ရွိခဲ့တာခ်ည္းပါပဲ။ ဝိုင္လ္ဒါကလည္း တကယ္ေတာ္တဲ့လက္ေဝွ႔သမားတစ္ေယာက္ျဖစ္ေပမယ့္ ကြၽန္ေတာ္အၿမဲေျပာခဲ့သလိုပဲ ကြၽန္ေတာ္က အေကာင္းဆုံးလက္ေဝွ႔သမားျဖစ္ၿပီး သူက ဒုတိယအေကာင္းဆုံးအျဖစ္ပဲရွိေနမွာပါ။ ဝိုင္လ္ဒါတစ္ေယာက္ အေျခအေနေကာင္းပါေစလို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီပြဲမွာ သူ႔ကို ကြၽန္ေတာ္ေကာင္းေကာင္းအျပစ္ေပးခဲ့လို႔ပါပဲ။ ကြၽန္ေတာ့္ရဲ႕အရည္အေသြးကို ဘယ္ေတာ့မွအထင္မေသးၾကပါနဲ႔။ ဒီလိုအေရးပါတဲ့ပြဲမ်ိဳးရင္ဆိုင္ရၿပီဆိုရင္ ကြၽန္ေတာ္ ဘာလုပ္ႏိုင္လဲဆိုတာကို ျပသဖို႔အၿမဲအသင့္ရွိပါတယ္”လို႔ဆိုခဲ့ပါတယ္။