ခါးစည်းကြိုးအသုံးပြုပြီး အမြန်ပြန်ကစားနိုင်အောင် ကြိုးပမ်းနေတဲ့ ရက်ရှ်ဖို့ဒ်

Photo- Internet
Photo- Internet

မန်ယူအသင်းတိုက်စစ်မှူ းရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့နောက်ကျောဒဏ်ရာအမြန်ဆုံးပြန်ကောင်းလာဖို့အတွက် ခါးစည်းကြိုးကိုဝတ်ဆင်ပြီး ကုသမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဝုဗ်နဲ့အက်ဖ်အေဖလားပွဲစဉ်မှာ နောက်ကျောဒဏ်ရာအကင်းမသေဘဲ ဝင်ကစားခဲ့ရလို့ အခြေအနေပိုမိုဆိုးရွားပြီး ဧပြီလအထိအောင် အနားယူနေရသူဖြစ်ပါတယ်။

သူ့ဒဏ်ရာဟာ ခွဲစိတ်ကုသစရာမလိုဘဲ လုံလောက်တဲ့အနားယူမှုပြုလုပ်လိုက်ရင်ပြန်ကစားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာရက်ရှ်ဖို့ဒ်ဟာ ကလပ်ဆေးအဖွဲ့ရဲ့ညွှန်ကြားချက်အရ ခါးစည်းကြိုးကိုအသုံးပြုနေပြီး သက်သာမှုလည်းပိုမြန်လာတဲ့အတွက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မိုင်ယာမီမှာကျင်းပခဲ့တဲ့ Super Bowl ပြိုင်ပွဲကိုတောင်သွားကြည့်နိုင်ခဲ့ပါတယ်။

Photo- Internet

ဒီခါးစည်းကြိုးဟာ ဒဏ်ရာရသူတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပြီး ဒဏ်ရာအပေါ်မှာ ဒီကြိုးကိုပတ်ပြီးစည်းထားလိုက်တဲ့အတွက် အမြန်ပြန်ကောင်းလာဖို့လည်းအထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ လက်ရှိဆေးစစ်ချက်တွေအရလည်း ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာအမြန်သက်သာလာနေလို့ နောက်သီတင်း ၂ ပတ်အတွင်းမှာ လေ့ကျင့်ခန်းအချို့စတင်ပြုလုပ်နိုင်တော့မယ်လို့လည်း ဆိုပါတယ်။

Photo- Internet

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ကဝုဗ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ နည်းပြဆိုးလ်ရှားဟာ အသင်းအနိုင်ရနေပေမယ့် ရက်ရှ်ဖို့ဒ်ကိုထည့်သုံးခဲ့တာကြောင့် ဒဏ်ရာပိုဆိုးသွားပြီး ဝေဖန်မှုတွေလည်းအပြင်းအထန်ခံခဲ့ရပါတယ်။ တိုက်စစ်မှူ းဟောင်း အီယန်ရိုက်ကဆိုရင် ဘောလုံးလောကရဲ့အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပြီး ဆိုးလ်ရှားကိုဝေဖန်ခဲ့ပါသေးတယ်။

Photo- Internet

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် အရေးပါတဲ့သူဖြစ်နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့နောက်ဆုံးလအနည်းငယ်မှာ သူပါဝင်ကစားခြင်းဖြင့် တိုက်စစ်ပိုပြီးကောင်းမွန်လာမယ်လို့လည်း ယုံကြည်နေကြပါတယ်။ သူဟာ မကြာခင်မှာ ရာသီဥတုနွေးထွေးတဲ့ စပိန်နိုင်ငံက မာဘယ်လာမြို့ကိုသွားရောက် လေ့ကျင့်မယ့် မန်ယူအသင်းမှာလည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

ခါးစည္းႀကိဳးအသုံးျပဳၿပီး အျမန္ျပန္ကစားႏိုင္ေအာင္ ႀကိဳးပမ္းေနတဲ႔ ရက္ရွ္ဖို႔ဒ္

မန္ယူအသင္းတိုက္စစ္မွဴ းရက္ရွ္ဖို႔ဒ္ဟာ သူ႔ရဲ႕ေနာက္ေက်ာဒဏ္ရာအျမန္ဆုံးျပန္ေကာင္းလာဖို႔အတြက္ ခါးစည္းႀကိဳးကို၀တ္ဆင္ၿပီး ကုသမႈျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီလတုန္းက ၀ုဗ္နဲ႔အက္ဖ္ေအဖလားပြဲစဥ္မွာ ေနာက္ေက်ာဒဏ္ရာအကင္းမေသဘဲ ၀င္ကစားခဲ့ရလို႔ အေျခအေနပိုမိုဆိုးရြားၿပီး ဧၿပီလအထိေအာင္ အနားယူေနရသူျဖစ္ပါတယ္။

သူ႔ဒဏ္ရာဟာ ခြဲစိတ္ကုသစရာမလိုဘဲ လုံေလာက္တဲ႔အနားယူမႈျပဳလုပ္လိုက္ရင္ျပန္ကစားႏိုင္မွာျဖစ္တယ္လို႔ ဆုိပါတယ္။ လက္ရွိမွာရက္ရွ္ဖို႔ဒ္ဟာ ကလပ္ေဆးအဖြဲ႔ရဲ႕ညႊန္ၾကားခ်က္အရ ခါးစည္းႀကိဳးကိုအသုံးျပဳေနၿပီး သက္သာမႈလည္းပိုျမန္လာတဲ႔အတြက္ ၿပီးခဲ့တဲ႔တနဂၤေႏြေန႔က မိုင္ယာမီမွာက်င္းပခဲ့တဲ႔ Super Bowl ၿပိဳင္ပြဲကိုေတာင္သြားၾကည့္ႏိုင္ခဲ့ပါတယ္။

ဒီခါးစည္းႀကိဳးဟာ ဒဏ္ရာရသူေတြအတြက္ အထူးထုတ္လုပ္ထားတာျဖစ္ၿပီး ဒဏ္ရာအေပၚမွာ ဒီႀကိဳးကိုပတ္ၿပီးစည္းထားလိုက္တဲ႔အတြက္ အျမန္ျပန္ေကာင္းလာဖို႔လည္းအေထာက္အကူျဖစ္ေစတယ္လို႔ ဆိုပါတယ္။ လက္ရွိေဆးစစ္ခ်က္ေတြအရလည္း ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာအျမန္သက္သာလာေနလို႔ ေနာက္သီတင္း ၂ ပတ္အတြင္းမွာ ေလ႔က်င့္ခန္းအခ်ဳိ႕စတင္ျပဳလုပ္ႏိုင္ေတာ႔မယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ႔ ဇန္န၀ါရီ ၁၅ က၀ုဗ္ကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ နည္းျပဆိုးလ္ရွားဟာ အသင္းအႏိုင္ရေနေပမယ္႔ ရက္ရွ္ဖို႔ဒ္ကိုထည့္သုံးခဲ့တာေၾကာင့္ ဒဏ္ရာပိုဆိုးသြားၿပီး ေ၀ဖန္မႈေတြလည္းအျပင္းအထန္ခံခဲ့ရပါတယ္။ တိုက္စစ္မွဴ းေဟာင္း အီယန္ရိုက္ကဆိုရင္ ေဘာလုံးေလာကရဲ႕အဆိုးရြားဆုံး ဆုံးျဖတ္ခ်က္ျဖစ္တယ္ဆိုၿပီး ဆိုးလ္ရွားကိုေ၀ဖန္ခဲ့ပါေသးတယ္။

ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအသင္းခ်န္ပီယံလိဂ္၀င္ခြင့္ရရွိဖို႔အတြက္ အေရးပါတဲ႔သူျဖစ္ေနၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ေနာက္ဆုံးလအနည္းငယ္မွာ သူပါ၀င္ကစားျခင္းျဖင့္ တိုက္စစ္ပိုၿပီးေကာင္းမြန္လာမယ္လို႔လည္း ယုံၾကည္ေနၾကပါတယ္။ သူဟာ မၾကာခင္မွာ ရာသီဥတုေႏြးေထြးတဲ႔ စပိန္ႏိုင္ငံက မာဘယ္လာၿမိဳ႕ကိုသြားေရာက္ ေလ႔က်င့္မယ္႔ မန္ယူအသင္းမွာလည္း ပါ၀င္လာမယ္လို႔ သိရပါတယ္။