ခရစ္စမတ်ကာလမှာ တစ်လအတွင်း(၁၀)ပွဲအထိကစားရမယ့် ချယ်လ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီဖလား(၅)လုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ခရစ္စမတ်ကာလကျရင်တော့

ရက်ခြားဆိုသလိုပွဲတွေဆက်တိုက်ကစားရမှာဖြစ်ပြီး လိဂ်ဖလားကွာတားဖိုင်နယ်ပွဲ၊ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲတွေအပါအဝင် တစ်လအတွင်း(၁၀)ပွဲအထိယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အပြီး (၂၂)မှတ်နဲ့အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေသလို

၂၀၁၆-၁၇ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းတိုက်စစ်ရဲ့အဓိက,ကစားသမားနှစ်ဦးဖြစ်တဲ့ လူကာကူ၊ ဗာနာတို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး

ပိုဆိုးတာက ဒီဇင်ဘာလကနေ ဇန်နဝါရီအစောပိုင်းကာလအတွင်း ပွဲတွေဆက်တိုက်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာ(၁၊ ၄၊ ၈)ရက်တွေမှာ ဝက်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ ဇင်းနစ်(ချန်ပီယံလိဂ်)အသင်းတို့နဲ့ အဝေးကွင်း(၃)ပွဲဆက်တိုက်

ကစားရမှာဖြစ်သလို (၁၁)ရက်ကျရင် လိဒ်စ်နဲ့အိမ်ကွင်း၊ (၅)ရက်အကြာမှာ အဲဗာတန်နဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတွေ ဆက်လက်ကစားရမှာပါ။

အဲဒီနောက် (၃)ရက်အကြာ၊ ဒီဇင်ဘာ(၁၉)ရက်မှာ ဝုလ်ဗ်နဲ့ပရီးမီးယားလိဂ်အဝေးကွင်း၊ ဒီဇင်ဘာ(၂၁)ဒါမှမဟုတ်(၂၂)ရက်မှာ လိဂ်ဖလားကွာတားဖိုင်နယ်၊

Boxing Day မှာတော့ ဗီလာနဲ့အဝေးကွင်း၊ (၂၉)ရက်ကျရင် ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲနဲ့ ဇန်နဝါရီ(၂)ရက်မှာတော့

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ လီဗာပူးလ်အသင်းနဲ့အိမ်ကွင်းပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ခရစ္စမတ်ကာမှာ (၃၃)ရက်အတွင်း စုစုပေါင်း(၁၀)ပွဲကစားရမှာပါ။

လာမယ့်နိုဝင်ဘာလကျရင်လည်း နိုင်ငံတကာပွဲတွေရှိနေပေမယ့် ချယ်လ်ဆီးအသင်းကတော့ ပွဲတွေဆက်နေပြီး

မန်ချက်စတာယူနိုက်တက်နဲ့ပရီးမီးယားလိဂ်အဝေးကွင်း၊ ဂျူဗင်တပ်စ်နဲ့ချန်ပီယံလိဂ်ပွဲအပါအဝင် စုစုပေါင်း(၆)ပွဲကစားရဦးမှာဖြစ်ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားလမ်းကြောင်းပေါ်မှာရှိနေတဲ့အပြင် လာမယ့်နှစ်အစောပိုင်းမှာလည်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကနေစတင်ကစားရမှာဖြစ်လို့

ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်အနေနဲ့ ဘယ်ဆုဖလားကို အဓိကရယူမလဲဆိုတာ စဉ်းစားရမယ့်အချိန်ရောက်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခရစၥမတ္ကာလမွာ တစ္လအတြင္း(၁၀)ပြဲအထိကစားရမယ့္ ခ်ယ္လ္ဆီး

ဒီရာသီဖလား(၅)လုံးလမ္းေၾကာင္းေပၚမွာရွိေနတဲ့ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ခရစၥမတ္ကာလက်ရင္ေတာ့ ရက္ျခားဆိုသလိုပြဲေတြဆက္တိုက္ကစားရမွာျဖစ္ၿပီး လိဂ္ဖလားကြာတားဖိုင္နယ္ပြဲ၊ လီဗာပူးလ္၊ ဝက္စ္ဟမ္းတို႔နဲ႔ပြဲေတြအပါအဝင္ တစ္လအတြင္း(၁၀)ပြဲအထိယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ပြဲစဥ္(၉)အၿပီး (၂၂)မွတ္နဲ႔အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ေနသလို ၂၀၁၆-၁၇ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူႏိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။

အခုအခ်ိန္မွာေတာ့ ခ်ယ္လ္ဆီးအသင္းတိုက္စစ္ရဲ႕အဓိက,ကစားသမားႏွစ္ဦးျဖစ္တဲ့ လူကာကူ၊ ဗာနာတို႔ဟာ ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရၿပီး ပိုဆိုးတာက ဒီဇင္ဘာလကေန ဇန္နဝါရီအေစာပိုင္းကာလအတြင္း ပြဲေတြဆက္တိုက္ယွဥ္ၿပိဳင္ရမွာပဲျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ဒီဇင္ဘာ(၁၊ ၄၊ ၈)ရက္ေတြမွာ ဝက္ဖို႔ဒ္၊ ဝက္စ္ဟမ္း၊ ဇင္းနစ္(ခ်န္ပီယံလိဂ္)အသင္းတို႔နဲ႔ အေဝးကြင္း(၃)ပြဲဆက္တိုက္ကစားရမွာျဖစ္သလို (၁၁)ရက္က်ရင္ လိဒ္စ္နဲ႔အိမ္ကြင္း၊ (၅)ရက္အၾကာမွာ အဲဗာတန္နဲ႔ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေတြ ဆက္လက္ကစားရမွာပါ။

အဲဒီေနာက္ (၃)ရက္အၾကာ၊ ဒီဇင္ဘာ(၁၉)ရက္မွာ ဝုလ္ဗ္နဲ႔ပရီးမီးယားလိဂ္အေဝးကြင္း၊ ဒီဇင္ဘာ(၂၁)ဒါမွမဟုတ္(၂၂)ရက္မွာ လိဂ္ဖလားကြာတားဖိုင္နယ္၊ Boxing Day မွာေတာ့ ဗီလာနဲ႔အေဝးကြင္း၊ (၂၉)ရက္က်ရင္ ဘ႐ိုက္တန္နဲ႔ပရီးမီးယားလိဂ္အိမ္ကြင္းပြဲနဲ႔ ဇန္နဝါရီ(၂)ရက္မွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ျဖစ္လာႏိုင္တဲ့ လီဗာပူးလ္အသင္းနဲ႔အိမ္ကြင္းပြဲယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ လာမယ့္ခရစၥမတ္ကာမွာ (၃၃)ရက္အတြင္း စုစုေပါင္း(၁၀)ပြဲကစားရမွာပါ။ လာမယ့္ႏိုဝင္ဘာလက်ရင္လည္း ႏိုင္ငံတကာပြဲေတြရွိေနေပမယ့္ ခ်ယ္လ္ဆီးအသင္းကေတာ့ ပြဲေတြဆက္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ပရီးမီးယားလိဂ္အေဝးကြင္း၊ ဂ်ဴဗင္တပ္စ္နဲ႔ခ်န္ပီယံလိဂ္ပြဲအပါအဝင္ စုစုေပါင္း(၆)ပြဲကစားရဦးမွာျဖစ္ပါတယ္။

ဒီရာသီမွာ ပရီးမီးယားလိဂ္၊ FA ဖလား၊ လိဂ္ဖလား၊ ခ်န္ပီယံလိဂ္ဖလားလမ္းေၾကာင္းေပၚမွာရွိေနတဲ့အျပင္ လာမယ့္ႏွစ္အေစာပိုင္းမွာလည္း ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင့္ကေနစတင္ကစားရမွာျဖစ္လို႔ ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္အေနနဲ႔ ဘယ္ဆုဖလားကို အဓိကရယူမလဲဆိုတာ စဥ္းစားရမယ့္အခ်ိန္ေရာက္ေနပါၿပီ။