

မန်ယူလူငယ်သွေးသစ်လေးတွေကို သူ့အနေနဲ့အရဲစွန့်ပွဲထုတ်ခဲ့ရတာမှန်ပေမယ့် အခုလိုခက်ခဲတဲ့အကူးအပြောင်းကာလကနေ အတွေ့အကြုံတွေ သူတို့သင်ယူနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း နည်းပြဆိုးလ်ရှားက ဖွင့်ဟလိုက်ပါတယ်။နော်ဝေသားဟာ မော်ရင်ညိုနေရာအစားထိုးတာဝန်ယူပြီးကတည်းက ဂျိမ်းစ်ဂါနာ၊တာဟစ်ချောင်၊ဂရင်းဝုဒ်နဲ့ဘရန်ဒွန်ဝီလျံတို့လို လူငယ်လေးတွေကို ပွဲထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်မှာ ဟာရဲရား၊လူကာကူနဲ့ဆန်းချက်ဇ်တို့လို ဝါရင့်အသင်းသားတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မန်ယူဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် ၉ပွဲမှာ ၂ပွဲသာနိုင်ပြီး ဆိုးရွားလွန်းတဲ့ရာသီအစရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဆိုးလ်ရှားကတော့ အသင်းရဲ့အကယ်ဒမီထွက်ကုန်တွေအပေါ် သူ့ရဲ့ယုံကြည်မှုကို ဆက်လက်ပြသဖို့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ ရလဒ်တွေတိုးတက်ဖို့လိုတာကိုတော့ မန်ယူနည်းပြက ဝန်ခံထားပါတယ်။

“ ခင်ဗျားအနေနဲ့ ရဲရင့်ဖို့လိုပါတယ်။ခင်ဗျားရဲ့ကစားသမားတွေ၊ကောင်လေးတွေအပေါ် ယုံကြည်မှုလည်းပေးရပါလိမ့်မယ်။ကျွန်တော်တို့အနေနဲ့ ရလဒ်တွေ ဖြစ်နိုင်သမျှ အမြန်ဆုံးကောင်းမွန်လာဖို့ လိုနေပါတယ်။နောဝှစ်ချ်နဲ့ပွဲမှာလည်း အနိုင်ရဖို့လိုတာပါပဲ။ဒါပေမဲ့ အဲဒီပွဲပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေထဲပြန်ရောက်သွားဦးမှာပါ။ပြုပြင်ပြောင်းလဲမှုတွေစတင်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့တယ်။အဲဒီကာလဟာ တကယ့်ကိုခက်ခဲပါတယ်။

ဒါပေမဲ့ လူငယ်တွေအနေနဲ့ အဲဒါကနေ သင်ယူနိုင်လိမ့်မယ်ထင်ပါတယ်။ခင်ဗျားအနေနဲ့ နိုင်ပွဲတွေ လိုချင်တယ်၊ဆုဖလားတွေလိုချင်တယ်၊၊ကောင်းမွန်တဲ့ကစားဟန်နဲ့အောင်မြင်မှုတွေလိုချင်တယ်။ဒါပေမဲ့ လူငယ်တွေကိုလည်း ခင်ဗျားလိုတာပါပဲ။အဲဒါ မန်ယူရဲ့ မျိုးရိုးဗီဇပဲ ” လို့ ဆိုးလ်ရှားက Sky Sports News ကို ဖွင့်ဟသွားပါတယ်။
(zawgyi)
မန္ယူလူငယ္ေသြးသစ္ေလးေတြကို သူ႔အေနနဲ႔အရဲစြန္႔ပြဲထုတ္ခဲ့ရတာမွန္ေပမယ့္ အခုလိုခက္ခဲတဲ့အကူးအေျပာင္းကာလကေန အေတြ႔အႀကံဳေတြ သူတို႔သင္ယူႏိုင္လိမ့္မယ္လို႔ေမွ်ာ္လင့္ေၾကာင္း နည္းျပဆိုးလ္ရွားက ဖြင့္ဟလိုက္ပါတယ္။ေနာ္ေ၀သားဟာ ေမာ္ရင္ညိဳေနရာအစားထိုးတာ၀န္ယူၿပီးကတည္းက ဂ်ိမ္းစ္ဂါနာ၊တာဟစ္ေခ်ာင္၊ဂရင္း၀ုဒ္နဲ႔ဘရန္ဒြန္၀ီလ်ံတို႔လို လူငယ္ေလးေတြကို ပြဲထုတ္ခဲ့ပါတယ္။ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ေစ်းကြက္မွာ ဟာရဲရား၊လူကာကူနဲ႔ဆန္းခ်က္ဇ္တို႔လို ၀ါရင့္အသင္းသားေတြကို လက္လြတ္ဆံုးရံႈးခဲ့ရတဲ့ မန္ယူဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ ၉ပြဲမွာ ၂ပြဲသာႏိုင္ၿပီး ဆိုးရြားလြန္းတဲ့ရာသီအစရလဒ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ဆိုးလ္ရွားကေတာ့ အသင္းရဲ႕အကယ္ဒမီထြက္ကုန္ေတြအေပၚ သူ႔ရဲ႕ယံုၾကည္မႈကို ဆက္လက္ျပသဖို႔ျပင္ဆင္ထားပါတယ္။ဒါေပမဲ့ ရလဒ္ေတြတိုးတက္ဖို႔လိုတာကိုေတာ့ မန္ယူနည္းျပက ၀န္ခံထားပါတယ္။“ ခင္ဗ်ားအေနနဲ႔ ရဲရင့္ဖို႔လိုပါတယ္။ခင္ဗ်ားရဲ႕ကစားသမားေတြ၊ေကာင္ေလးေတြအေပၚ ယံုၾကည္မႈလည္းေပးရပါလိမ့္မယ္။ကၽြန္ေတာ္တို႔အေနနဲ႔ ရလဒ္ေတြ ျဖစ္ႏိုင္သမွ် အျမန္ဆံုးေကာင္းမြန္လာဖို႔ လိုေနပါတယ္။ေနာ၀ွစ္ခ်္နဲ႔ပြဲမွာလည္း အႏိုင္ရဖို႔လိုတာပါပဲ။ဒါေပမဲ့ အဲဒီပြဲၿပီးတဲ့ေနာက္မွာ ကၽြန္ေတာ္တို႔ဟာ လက္ရွိေတြ႔ႀကံဳေနရတဲ့ အေျခအေနထဲျပန္ေရာက္သြားဦးမွာပါ။ျပဳျပင္ေျပာင္းလဲမႈေတြစတင္ဖို႔ ကၽြန္ေတာ္တို႔ဆံုးျဖတ္ခဲ့တယ္။အဲဒီကာလဟာ တကယ့္ကိုခက္ခဲပါတယ္။ဒါေပမဲ့ လူငယ္ေတြအေနနဲ႔ အဲဒါကေန သင္ယူႏိုင္လိမ့္မယ္ထင္ပါတယ္။ခင္ဗ်ားအေနနဲ႔ ႏိုင္ပြဲေတြ လိုခ်င္တယ္၊ဆုဖလားေတြလိုခ်င္တယ္၊၊ေကာင္းမြန္တဲ့ကစားဟန္နဲ႔ေအာင္ျမင္မႈေတြလိုခ်င္တယ္။ဒါေပမဲ့ လူငယ္ေတြကိုလည္း ခင္ဗ်ားလိုတာပါပဲ။အဲဒါ မန္ယူရဲ႕ မ်ိဳးရိုးဗီဇပဲ ” လို႔ ဆိုးလ္ရွားက Sky Sports News ကို ဖြင့္ဟသြားပါတယ္။