ကၽြန္ေတာ္တို႔ ေအာင္ပြဲခံရမယ့္ စင္ျမင့္ကို ျမင္ေတြ႔ေနရပါၿပီ၊ ဒါေပမဲ့ ႐ုတ္တရုတ္ အေျခအေနေတြက ေျပာင္းျပန္ျဖစ္သြားခဲ့တယ္

Photo Credit

Photo Credit ; Getty Images

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂိုးသမားနည္းျပေဟာင္း အဲရစ္ စတီးလီက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းရဲ႕ ေနာက္ဆုံး ေ႐ႊဂိုးသြင္းယူၿပီး ပရီးမီးယားလိဂ္ ဆုဖလားကို လုယူသြားခဲ့တဲ့ အေၾကာင္းကို ျပန္လည္ ေျပာျပ လိုက္ပါတယ္။ ၂၀၁၁-၁၂ ရာသီဟာ သာမာန္ေဘာလုံးရာသီေတြထက္ ထူးျခားတဲ့ အျဖစ္အပ်က္ေတြ ျဖစ္ပ်က္ခဲ့ၿပီး မန္စီးတီးအသင္းဟာ အီတီဟတ္ကြင္းမွာ အဂြဲ႐ိုးရဲ႕ ရင္သပ္ရႈေမာဖြယ္ သြင္းဂိုးနဲ႔ က်ဴပီအာအသင္းကို အႏိုင္ရရွိၿပီး ပရီးမီးယားလိဂ္ ဆုဖလားကို ကိုင္ေျမႇာက္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ထိုစဥ္က မန္စီးတီးအသင္းဟာ ၄၄ ႏွစ္အတြင္း ခ်န္ပီယံျဖစ္ေစေရးအတြက္ ေနာက္ဆုံးပြဲစဥ္အျဖစ္ က်ဴပီအာအသင္းကို အႏိုင္ရရွိဖို႔ တကယ္ကို လိုအပ္ေနတာပါ။

Photo Credit ; Getty Images

စီးတီးရဲ႕ေနာက္မွာလည္း ယူႏိုက္တက္အသင္းက ေတာက္ေလွ်ာက္ ဖိအားေပးကာ ခ်န္ပီယံဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ အဆင္သင့္ ေစာင့္ေနခဲ့ပါတယ္။ မန္စီးတီးနဲ႔ က်ဴပီအာတို႔ရဲ႕ေနာက္ဆုံးပြဲစဥ္ မၿပီးဆုံးခင္ ယူႏိုက္တက္အသင္းက ဆန္းဒါးလန္းကို ၁-၀ နဲ႔ အႏိုင္ယူထားၿပီး မန္စီးတီး အသင္းကေတာ့ အဆိုပါပြဲစဥ္မွာ က်ဴပီအာအသင္းရဲ႕ ၂-၁ ဂိုးနဲ႔ ဦးေဆာင္ခံေနရကာ ပြဲကို ဆက္လက္ ယွဥ္ၿပိဳင္ေနတာ ျဖစ္ပါတယ္။

Photo Credit ; Getty Images

တကယ္လို႔ စီးတီးသာ ရႈံးနိမ့္သြားခဲ့ရင္ ယူႏိုက္တက္က ခ်န္ပီယံဆု လက္ခံရယူဖို႔ အဆင့္သင့္ရွိေနခဲ့ပါတယ္။ ဒါေပမဲ့ နာက်င္အခ်ိန္ပို မိနစ္ေတြမွာ တိုက္စစ္မႉး ဇက္ကိုက နည္းျပ ေရာဘတ္တို မန္ခ်ီနီရဲ႕အသင္းအတြက္ ေခ်ပဂိုး ျပန္လည္ သြင္းယူေပးခဲ့ၿပီး ပြဲရလဒ္က ၂-၂ ဂိုး ျဖစ္သြားခဲ့ပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္အသင္းနဲ႔ ပရိသတ္ေတြကလည္း အမွတ္ေပးဖလားခ်န္ပီယံျဖစ္ဖို႔ ေအာင္ပြဲခံျခင္း မျပဳလုပ္ႏိုင္ေသးဘဲ စီးတီးအသင္းရဲ႕ ပြဲစဥ္ရလဒ္ကို စိုးရိမ္တႀကီး ေစာင့္ေနခဲ့ၾကပါတယ္။ ဒီလိုေမွ်ာ္လင့္တႀကီး ေစာင့္ေနခဲ့ၿပီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕အသင္းဟာ ေမွ်ာ္လင့္ခ်က္ေတြ ပိုမို ႀကီးထြားလာခဲ့ေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းက ယူႏိုက္တက္ကို ႀကီးမားတဲ့ခံစားမႈေတြ ေပးသြားခဲ့ပါတယ္။

Photo Credit ; Getty Images

စီးတီးအသင္းတိုက္စစ္မႉး အဂြဲ႐ိုးက အသင္းအတြက္ ေနာက္ဆုံး ေ႐ႊဂိုးလည္းျဖစ္ အႏိုင္ဂိုးလည္းျဖစ္တဲ့ သြင္းဂိုးကို သြင္းယူသြားခဲ့ပါတယ္။ က်ဴပီအာဂိုးသမား ပက္ဒီ ကင္နီလည္း ဘယ္လိုမွ မတတ္ႏိုင္ခဲ့ဘဲ အီတီဟတ္ေျမက ပရီးမီးယားလိဂ္ ေအာင္ေျမအျဖစ္ ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့ပါတယ္။

Photo Credit ; Getty Images

စတီးလီက ” ဝိန္း႐ြန္နီက အသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီးပါၿပီ၊ ခ်န္ပီယံဆုဖလားက ကြၽန္ေတ္ာတို႔အတြက္ပါ၊ အခ်ိန္ပို ၂ မိနစ္မတိုင္ခင္ ကြၽန္ေတ္ာတို႔က အားလုံး အဆုံးသတ္ၿပီးႏွင့္ေနပါၿပီ”လို႔ ေျပာပါတယ္။
ဆက္လက္ၿပီး စတီးလီက ” ကြၽန္ေတ္ာတို႔ ေအာင္ပြဲခံဖို႔ စင္ျမင့္ကို ျမင္ေတြ႕ေနရပါၿပီ၊ ခ်န္ပီယံက ကြၽန္ေတာ္တို႔ (သို႔) စီးတီးအသင္း ျဖစ္မွာပါ၊ ဒါေပမဲ့ အေျခအေနေတြက ႐ုတ္တရက္ ေျပာင္းျပန္ျဖစ္သြားခဲ့တယ္။ ကြၽန္ေတာ္တို႔ သိလိုက္ရတာက ကြၽန္ေတာ္တို႔ ထြက္ရၿပီဆိုတာပါပဲ”လို႔ ေျပာျပသြားခဲ့ပါတယ္။

Unicode

ကျွန်တော်တို့ အောင်ပွဲခံရမယ့် စင်မြင့်ကို မြင်တွေ့နေရပါပြီ၊ ဒါပေမဲ့ ရုတ်တရုတ် အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့တယ်

မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသမားနည်းပြဟောင်း အဲရစ် စတီးလီက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ နောက်ဆုံး ရွှေဂိုးသွင်းယူပြီး ပရီးမီးယားလိဂ် ဆုဖလားကို လုယူသွားခဲ့တဲ့ အကြောင်းကို ပြန်လည် ပြောပြ လိုက်ပါတယ်။ ၂၀၁၁-၁၂ ရာသီဟာ သာမာန်ဘောလုံးရာသီတွေထက် ထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး မန်စီးတီးအသင်းဟာ အီတီဟတ်ကွင်းမှာ အဂွဲရိုးရဲ့ ရင်သပ်ရှုမောဖွယ် သွင်းဂိုးနဲ့ ကျူပီအာအသင်းကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိုစဉ်က မန်စီးတီးအသင်းဟာ ၄၄ နှစ်အတွင်း ချန်ပီယံဖြစ်စေရေးအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ကျူပီအာအသင်းကို အနိုင်ရရှိဖို့ တကယ်ကို လိုအပ်နေတာပါ။
စီးတီးရဲ့နောက်မှာလည်း ယူနိုက်တက်အသင်းက တောက်လျှောက် ဖိအားပေးကာ ချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ဖို့ အဆင်သင့် စောင့်နေခဲ့ပါတယ်။ မန်စီးတီးနဲ့ ကျူပီအာတို့ရဲ့နောက်ဆုံးပွဲစဉ် မပြီးဆုံးခင် ယူနိုက်တက်အသင်းက ဆန်းဒါးလန်းကို ၁-၀ နဲ့ အနိုင်ယူထားပြီး မန်စီးတီး အသင်းကတော့ အဆိုပါပွဲစဉ်မှာ ကျူပီအာအသင်းရဲ့ ၂-၁ ဂိုးနဲ့ ဦးဆောင်ခံနေရကာ ပွဲကို ဆက်လက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
တကယ်လို့ စီးတီးသာ ရှုံးနိမ့်သွားခဲ့ရင် ယူနိုက်တက်က ချန်ပီယံဆု လက်ခံရယူဖို့ အဆင့်သင့်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပို မိနစ်တွေမှာ တိုက်စစ်မှူး ဇက်ကိုက နည်းပြ ရောဘတ်တို မန်ချီနီရဲ့အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပြီး ပွဲရလဒ်က ၂-၂ ဂိုး ဖြစ်သွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းနဲ့ ပရိသတ်တွေကလည်း အမှတ်ပေးဖလားချန်ပီယံဖြစ်ဖို့ အောင်ပွဲခံခြင်း မပြုလုပ်နိုင်သေးဘဲ စီးတီးအသင်းရဲ့ ပွဲစဉ်ရလဒ်ကို စိုးရိမ်တကြီး စောင့်နေခဲ့ကြပါတယ်။ ဒီလိုမျှော်လင့်တကြီး စောင့်နေခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့အသင်းဟာ မျှော်လင့်ချက်တွေ ပိုမို ကြီးထွားလာခဲ့ပေမယ့် မြို့ခံပြိုင်ဘက်အသင်းက ယူနိုက်တက်ကို ကြီးမားတဲ့ခံစားမှုတွေ ပေးသွားခဲ့ပါတယ်။
စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက အသင်းအတွက် နောက်ဆုံး ရွှေဂိုးလည်းဖြစ် အနိုင်ဂိုးလည်းဖြစ်တဲ့ သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ကျူပီအာဂိုးသမား ပက်ဒီ ကင်နီလည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ဘဲ အီတီဟတ်မြေက ပရီးမီးယားလိဂ် အောင်မြေအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ပါတယ်။
စတီးလီက ” ဝိန်းရွန်နီက အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးပါပြီ၊ ချန်ပီယံဆုဖလားက ကျွန်တေ်ာတို့အတွက်ပါ၊ အချိန်ပို ၂ မိနစ်မတိုင်ခင် ကျွန်တေ်ာတို့က အားလုံး အဆုံးသတ်ပြီးနှင့်နေပါပြီ”လို့ ပြောပါတယ်။
ဆက်လက်ပြီး စတီးလီက ” ကျွန်တေ်ာတို့ အောင်ပွဲခံဖို့ စင်မြင့်ကို မြင်တွေ့နေရပါပြီ၊ ချန်ပီယံက ကျွန်တော်တို့ (သို့) စီးတီးအသင်း ဖြစ်မှာပါ၊ ဒါပေမဲ့ အခြေအနေတွေက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ သိလိုက်ရတာက ကျွန်တော်တို့ ထွက်ရပြီဆိုတာပါပဲ”လို့ ပြောပြသွားခဲ့ပါတယ်။