ကွာရန်တင်း မဝင်ရဘဲ ချဲလ်ဆီးကို တူချယ်တိုက်ရိုက်ကိုင်တွယ်ခွင့်ရတဲ့ အကြောင်းအရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းနည်းပြသစ် သောမတ်စ်တူချယ်ဟာ ဂျာမနီကနေလာရောက်ရသူဖြစ်ပေမယ့် ကွာရန်တင်းမ ဝင်ရဘဲသူ့အသင်းသစ်ကို တိုက်ရိုက်ကြီးကြပ်ခွင့် ရမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိနေပေမယ့် ချဲလ်ဆီးက ဗြိတိန်အစိုးရရဲ့ ချွင်းချက်ပေးထားတဲ့ စည်းမျဥ်းကိုအသုံးချခဲ့လို့ အခုလိုမျိုးကြီးကြပ်ခွင့်ရခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လမ်းပတ်ကိုထုတ်ပယ်ပြီးနောက် သိပ်မကြာခင်မှာဘဲ တူချယ်ကိုနည်းပြသစ် အဖြစ် ၁၈ လစာချုပ်နဲ့ ခန့်အပ်လိုက်တာဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီအသင်းကနေထုတ်ပယ်ခံရပြီးနောက် မွေးရပ်မြေ ဂျာမနီကိုပြန်သွားခဲ့သူဖြစ်ပြီး အဲဒီကနေတစ်ဆင့် အင်္ဂလန်ကိုရောက်လာကာ ချဲလ်ဆီးအသင်းကို တာဝန်ယူနေတာဖြစ်ပါတယ်။

အင်္ဂလန်မှာ ပြည်ပကလာသူတွေကိုတင်းကျပ်တဲ့စည်းမျဥ်းတွေချမှတ်ပြီး ကွာရန်တင်းဝင်ခိုင်းထားပေမယ့် တူ ချယ်က ကင်းလွတ်ခွင့်ရရှိခဲ့တာပါ။ ဒါကလည်း ဗြိတိန်အစိုးရကပြည်တွင်းမှာရှိတဲ့ ထိပ်သီးအားကစားပြိုင်ပွဲ တွေနဲ့ ပတ်သက်ပြီး ကင်းလွတ်ခွင့်ပေးထားတဲ့အချက်ကြောင့် ကွာရန်တင်းကိုရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ တူချယ်ဟာ ဂျာမနီကနေလာချိန်မှာဘောလုံးနဲ့ တစ်လတာကင်းကွာနေတဲ့သူဖြစ်လို့ သူဟာပုံမှန်အားဖြင့်အနည်းဆုံး ၅ ရက်ကြာ သီးသန်နေထိုင်ဖို့လိုအပ်ပါတယ်။

ဒါပေမယ့် ထိပ်တန်းအားကစားပြိုင်ပွဲတွေကိုဗစ်ရှိမရှိပုံ မှန်ဆေးစစ်တဲ့ လုပ်ငန်းစဥ်နဲ့ကျင်းပခွင့်ပေးထားလို့ ကစားသမားတွေ၊ နည်းပြတွေနဲ့ လက်ထောက်တွေကို ပါ ကွာရန်တင်းကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်ပုံမှန်ဆေးစစ်မှုမှာ ပိုးတွေ့ခဲ့ရင်တော့ အစိုးရစည်းမျဥ်းတွေအတိုင်း နေထိုင်သွားရမှာဖြစ်ပါတယ်။ တူချယ်ဟာ ချဲလ်ဆီးအသင်းရဲ့လက်ရှိပိုင်ရှင်ဖြစ်တဲ့ အေဘရာမိုဗစ်လက်ထက်မှာ ၁၃ ယောက်မြောက်နည်းပြ(ယာယီခန့်အပ်သူမပါ) ဖြစ်လာပါတယ်။

မော်ဒယ်ဟောင်းတစ်ဦးဖြစ်တဲ့ တူချယ်ဟာ ချဲလ်ဆီးကိုရောက်ရောက်ချင်းမှာဘဲ သွားလေသူနည်းပြ လမ်းပတ် ကို စာနာစကားဆိုခဲ့ပါတယ်။ သူက”လမ်းပတ်ကို ကျွန်တော်တို့အားလုံးလေးစားကြပါတယ်။ ဒီမှာသူဖန်တီးပေးခဲ့တာတွေ၊ သူထားခဲ့တဲ့ ပုံစံကောင်းတွေအတွက်လည်း ကျေးဇူးတင်ရပါတယ်။

ချဲလ်ဆီးအသင်းဘက်က ကျွန်တော့်ကိုယုံကြည်ချက်ပေးခဲ့တာကိုလည်း ဂုဏ်ယူရပါတယ်။ ပရီးမီးယားလိဂ်လို စိတ်လှုပ်ရှားစရာအ ကောင်းဆုံးလိဂ်ကို ရောက်လာလို့လည်း ကျေနပ်ရပါတယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi



