ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူစတက်ဖီဂရက်ဂ်ကို ရည်ညွှန်းပြီးအောင်ပွဲခံခဲ့တဲ့စတာလင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟန်ဂေရီကို (၄-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းတိုက်စစ်ကစားသမားစတာလင်ဟာ ဂိုးသွင်းအပြီးမှာ မကြာသေးခင်က ကွယ်လွန်သွားတဲ့ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ စတက်ဖီဂရက်ဂ်ကို ရည်ညွှန်းပြီးတော့ အောင်ပွဲခံခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ်သာရှိသေးတဲ့ စတက်ဖီဂရက်ဟာ ဂျမေကာနိုင်ငံမှာ နာမည်ကြီးအဆိုတော်အဖြစ်သာမက တေးထုတ်လုပ်ရေးလုပ်ငန်းရှင်အဖြစ်လုပ်ကိုင်နေတဲ့ Rvssian ရဲ့တူမတော်စပ်ပြီး အခုတစ်ပတ်အစောပိုင်းကမှ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

စတက်ဖီဂရက်ဂ်ဟာ နာမည်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်သလို ဂျမေကာနိုင်ငံမှာ လူသိများထင်ရှားတဲ့သူတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်တဲ့ ဂယ်ရီဂရက်ဂ်က တစ်ချိန်က နာမည်ကျော်ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်တဲ့အပြင်

အစ်ကိုဖြစ်တဲ့ကိုင်းလ်ဂရက်ဂ်ဟာလည်း အခုလက်ရှိအချိန်မှာ ဖခင်ခြေရာကို လိုက်နင်းပြီးတော့ နာမည်ကျော်ပြိုင်ကားမောင်းသမားအဖြစ် ရပ်တည်နေသူပါ။

စတက်ဖီဂရက်ဂ်ဟာ ကိုဗစ်ရောဂါဆိုးကူးစက်ခံစားခဲ့ရပြီးနောက်ပိုင်း Lupas လို့ခေါ်တဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ တခြားအစိတ်အပိုင်းတွေနဲ့တစ်သျှူးတွေကို တိုက်ခိုက်တဲ့ရောဂါရရှိခဲ့ပြီး သြဂုတ်လ(၃၁)ရက်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

စတာလင်နဲ့စတက်ဖီဂရက်ဂ်တို့ဟာ ငယ်ငယ်ကတည်းက ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး မန်စီးတီးအသင်းရဲ့ပွဲတချို့မှာ စတာလင်နာမည်ပါတဲ့ဂျာစီဝတ်ဆင်ပြီးတော့ အားပေးလေ့ရှိပါတယ်။

အဲဒါကြောင့် စတာလင်ဟာ သူငယ်ချင်းကောင်းတစ်ဦးဖြစ်သူ စတက်ဖီဂရက်ဂ်အတွက် အမှတ်တရဖြစ်အောင် ဟန်ဂေရီနဲ့ပွဲမှာ ဂိုးသွင်းအပြီး ‘Love you forever Steffie Gregg’လို့စာသားရေးထားတဲ့ အောက်ခံအင်္ကျီနဲ့ အောင်ပွဲခံခဲ့တာပဲဖြစ်ပါတယ်။

ဒ့ါအပြင် ပွဲအပြီးမှာလည်း စတင်လင်က သူအောင်ပွဲခံနေတဲ့ဓာတ်ပုံတချို့ကို Twitter မှာ Post တင်ခဲ့ပြီး အသည်းနှလုံးပုံစံ emoji၊ ဆုတောင်းနေတဲ့ emoji တို့နဲ့အတူ “This one was for you SVG.”(ဒီဂိုးက နင့်အတွက်ရည်ညွှန်းပါတယ် . .စတက်ဖီဂရက်ဂ်ရေ)လို့ Caption ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြန္လြယ္သြားၿပီျဖစ္တဲ့ သူငယ္ခ်င္းျဖစ္သူစတက္ဖီဂရက္ဂ္ကို ရည္ၫႊန္းၿပီးေအာင္ပြဲခံခဲ့တဲ့စတာလင္

ဟန္ေဂရီကို (၄-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာ အဂၤလန္အသင္းတိုက္စစ္ကစားသမားစတာလင္ဟာ ဂိုးသြင္းအၿပီးမွာ မၾကာေသးခင္က ကြယ္လြန္သြားတဲ့ သူ႔ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္သူ စတက္ဖီဂရက္ဂ္ကို ရည္ၫႊန္းၿပီးေတာ့ ေအာင္ပြဲခံခဲ့ပါတယ္။ အသက္(၂၆)ႏွစ္အ႐ြယ္သာရွိေသးတဲ့ စတက္ဖီဂရက္ဟာ ဂ်ေမကာႏိုင္ငံမွာ နာမည္ႀကီးအဆိုေတာ္အျဖစ္သာမက ေတးထုတ္လုပ္ေရးလုပ္ငန္းရွင္အျဖစ္လုပ္ကိုင္ေနတဲ့ Rvssian ရဲ႕တူမေတာ္စပ္ၿပီး အခုတစ္ပတ္အေစာပိုင္းကမွ ႐ုတ္တရက္ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

စတက္ဖီဂရက္ဂ္ဟာ နာမည္ေက်ာ္ၾကားတဲ့စီးပြားေရးလုပ္ငန္းရွင္အမ်ိဳးသမီးတစ္ဦးျဖစ္သလို ဂ်ေမကာႏိုင္ငံမွာ လူသိမ်ားထင္ရွားတဲ့သူတစ္ေယာက္ျဖစ္ၿပီး ဖခင္ျဖစ္တဲ့ ဂယ္ရီဂရက္ဂ္က တစ္ခ်ိန္က နာမည္ေက်ာ္ၿပိဳင္ကားေမာင္းသမားတစ္ဦးျဖစ္တဲ့အျပင္ အစ္ကိုျဖစ္တဲ့ကိုင္းလ္ဂရက္ဂ္ဟာလည္း အခုလက္ရွိအခ်ိန္မွာ ဖခင္ေျခရာကို လိုက္နင္းၿပီးေတာ့ နာမည္ေက်ာ္ၿပိဳင္ကားေမာင္းသမားအျဖစ္ ရပ္တည္ေနသူပါ။

စတက္ဖီဂရက္ဂ္ဟာ ကိုဗစ္ေရာဂါဆိုးကူးစက္ခံစားခဲ့ရၿပီးေနာက္ပိုင္း Lupas လို႔ေခၚတဲ့ ကိုယ့္ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားက ခႏၶာကိုယ္အတြင္းမွာရွိတဲ့ တျခားအစိတ္အပိုင္းေတြနဲ႔တစ္သွ်ဴးေတြကို တိုက္ခိုက္တဲ့ေရာဂါရရွိခဲ့ၿပီး ၾသဂုတ္လ(၃၁)ရက္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ စတာလင္နဲ႔စတက္ဖီဂရက္ဂ္တို႔ဟာ ငယ္ငယ္ကတည္းက ရင္းႏွီးတဲ့သူငယ္ခ်င္းေတြျဖစ္ၿပီး မန္စီးတီးအသင္းရဲ႕ပြဲတခ်ိဳ႕မွာ စတာလင္နာမည္ပါတဲ့ဂ်ာစီဝတ္ဆင္ၿပီးေတာ့ အားေပးေလ့ရွိပါတယ္။

အဲဒါေၾကာင့္ စတာလင္ဟာ သူငယ္ခ်င္းေကာင္းတစ္ဦးျဖစ္သူ စတက္ဖီဂရက္ဂ္အတြက္ အမွတ္တရျဖစ္ေအာင္ ဟန္ေဂရီနဲ႔ပြဲမွာ ဂိုးသြင္းအၿပီး ‘Love you forever Steffie Gregg’လို႔စာသားေရးထားတဲ့ ေအာက္ခံအက်ႌနဲ႔ ေအာင္ပြဲခံခဲ့တာပဲျဖစ္ပါတယ္။ ဒ့ါအျပင္ ပြဲအၿပီးမွာလည္း စတင္လင္က သူေအာင္ပြဲခံေနတဲ့ဓာတ္ပုံတခ်ိဳ႕ကို Twitter မွာ Post တင္ခဲ့ၿပီး အသည္းႏွလုံးပုံစံ emoji၊ ဆုေတာင္းေနတဲ့ emoji တို႔နဲ႔အတူ “This one was for you SVG.”(ဒီဂိုးက နင့္အတြက္ရည္ၫႊန္းပါတယ္ . .စတက္ဖီဂရက္ဂ္ေရ)လို႔ Caption ေရးသားခဲ့ပါတယ္။