ကွန်ပရီရွေးချယ်တဲ့ ပရီးမီးယားလိဂ်ရဲ့ထာဝရအကောင်းဆုံးနောက်ခံလူက ဘယ်သူများဖြစ်မလဲ

Photo Credit

စီးတိးဂန္ထဝင်နောက်ခံလူ ဗင်းဆင့်ကွန်ပနီက လီဗာပူးကြယ်ပွင့် ဗန်ဒိုက်က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံး နောက်ခံလူဖြစ်တယ်လို့ ယုံကြည်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ၂၀၁၉ ခုနှစ်အတွင်း ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့ပြီး လီဗာပူးအသင်းကို ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကနေ အမှတ်ပြတ်ဦးဆောင်နိုင်အောင် အဓိကနေရာကနေ ပါဝင်ခဲ့သူပါ။

Photo Credit

ဗန်ဒိုက်ဟာ ၂၀၁၈ ဇန်နဝါရီလက လီဗာပူးကို မပြောင်းရွှေ့ခင် ဆောက်သမ်တန်အတွက် ပွဲပေါင်း ၈၀ ပါဝင်ကစားပေးခဲ့သလို လက်ရှိကလပ်အတွက်လည်း ၁၁၃ပွဲကစားပေးထားပါတယ်။ ကွန်ပနီက အသက် ၂၈ နှစ်အရွယ်ရှိ ဗန်ဒိုက်အနေနဲ့ တယ်ရီနဲ့ ရီယိုဖာဒီနန်တို့ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့အောင်မြင်မှု ရရှိထားပြီးဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

”ကျွန်တော့်အနေနဲ့ အကောင်းဆုံးနောက်ခံလူအဖြစ် ဗန်ဒိုက်ကို ရွေးချယ်ချင်ပါတယ်။ ဒီလိုရွေးချယ်တာက နည်းနည်းတော့ ထူးဆန်းသလိုဖြစ်နေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘောလုံးပရိသတ်တွေကြား တယ်ရီ၊ ဖာဒီနန်တို့လောက် လူသိပ်မသိသေးတာကြောင့်ဖြစ်ပါတယ်။ တယ်ရီနဲ့ ဖာဒီနန်တို့က နာမည်ကျော်ကစားသမားတွေအဖြစ် ကာလရှည် ရပ်တည်ခဲ့သူတွေပါ”

Photo Credit

”ဒါပေမဲ့ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြသခဲ့တဲ့ခြေစွမ်းတွေအရ အရင်ကတည်းက ထိပ်တန်းအဆင့်မှာရှိခဲ့တာ သိမြင်နိုင်ပြီး အနာဂတ်မှာလည်း ဒီထက်ပိုကောင်းလာဖို့ပဲရှိပါတယ်။ ကျွန်တော်ခံယူထားတဲ့အချက်ကတော့ နောက်ခံလူဆိုတာ တစ်ယောက်ကောင်းကစားနေလို့မရဘဲ အသင်းဖော်တွေနဲ့ အကောင်းဆုံးဆက်သွယ်နိုင်ရပါမယ်”

Photo Credit

”ဒီလိုဆိုရင် အသင်းရဲ့ခံစစ်ကလည်း လုံးဝလုံခြုံသွားပါလိမ့်မယ်။ ဗန်ဒိုက်မရောက်ခင် လီဗာပူးနဲ့ ဗန်ဒိုက်ရောက်ပြီးလီဗာပူးတို့က လုံးဝကိုကွဲပြားခြားနားသွားပါတယ်။ ဒီအချက်ကြောင့်ပဲ ဗန်ဒိုက်ကို ကျွန်တော် ရွေးချယ်တာပါ”လို့ ကွန်ပနီက ပြောပါတယ်။

Photo Credit

တယ်ရီဟာ ကလပ်အသင်းကစားသမားဘဝမှာ ပွဲပေါင်း ၇၀၀ ကျော်ကစားခဲ့ပြီး ချဲလ်ဆီးနဲ့အတူ ဆုဖလား ၁၇လုံးရယူနိုင်ခဲ့ပါတယ်။ ဖာဒီနန်ကလည်း ကလပ်ပွဲပေါင်း ၆၈၀ ကစားခဲ့ပြီး ယူနိုက်တက်နဲ့အတူ ဆုဖလား ၁၈လုံးရရှိခဲ့ပါတယ်။

Photo Credit

ကွန်ပနီဟာ ၂၀၁၉ နွေရာသီက အန်ဒါလက်ချ်ကို ကစားသမား/နည်းပြအဖြစ် တာဝန်မယူခင် စီးတီးအတွက် ပွဲပေါင်း ၃၆၀ ကစားခဲ့ကာ ဆုဖလား ၁၂ လုံးရရှိခဲ့ပေမယ့် သူကတော့ ဗန်ဒိုက်က ပရီးမီးယားလိဂ်ရဲ့ထာဝရအကောင်းဆုံံးနောက်ခံလူအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

Zawgyi

ကြန္ပရီေရြးခ်ယ္တဲ့ ပရီးမီးယားလိဂ္ရဲ႕ထာ၀ရအေကာင္းဆုံးေနာက္ခံလူက ဘယ္သူမ်ားျဖစ္မလဲ

စီးတိးဂႏၳ၀င္ေနာက္ခံလူ ဗင္းဆင့္ကြန္ပနီက လီဗာပူးၾကယ္ပြင့္ ဗန္ဒိုက္က ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံး ေနာက္ခံလူျဖစ္တယ္လုိ႔ ယုံၾကည္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ နယ္သာလန္အသင္းေခါင္းေဆာင္ ဗန္ဒိုက္ဟာ ၂၀၁၉ ခုႏွစ္အတြင္း ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားနဲ႔ ဖီဖာကလပ္ ကမၻာ့ဖလားေတြ ရယူႏိုင္ခဲ့ၿပီး လီဗာပူးအသင္းကို ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးကေန အမွတ္ျပတ္ဦးေဆာင္ႏုိင္ေအာင္ အဓိကေနရာကေန ပါ၀င္ခဲ့သူပါ။
ဗန္ဒိုက္ဟာ ၂၀၁၈ ဇန္န၀ါရီလက လီဗာပူးကို မေျပာင္းေရႊ႕ခင္ ေဆာက္သမ္တန္အတြက္ ပြဲေပါင္း ၈၀ ပါ၀င္ကစားေပးခဲ့သလို လက္ရွိကလပ္အတြက္လည္း ၁၁၃ပြဲကစားေပးထားပါတယ္။ ကြန္ပနီက အသက္ ၂၈ ႏွစ္အရြယ္ရွိ ဗန္ဒိုက္အေနနဲ႔ တယ္ရီနဲ႔ ရီယိုဖာဒီနန္တို႔ကို ေက်ာ္ျဖတ္ဖို႔ လုံေလာက္တဲ့ေအာင္ျမင္မႈ ရရွိထားၿပီးျဖစ္ေၾကာင္း ဆုိပါတယ္။
”ကၽြန္ေတာ့္အေနနဲ႔ အေကာင္းဆုံးေနာက္ခံလူအျဖစ္ ဗန္ဒိုက္ကို ေရြးခ်ယ္ခ်င္ပါတယ္။ ဒီလုိေရြးခ်ယ္တာက နည္းနည္းေတာ့ ထူးဆန္းသလုိျဖစ္ေနပါလိမ့္မယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူက ေဘာလုံးပရိသတ္ေတြၾကား တယ္ရီ၊ ဖာဒီနန္တို႔ေလာက္ လူသိပ္မသိေသးတာေၾကာင့္ျဖစ္ပါတယ္။ တယ္ရီနဲ႔ ဖာဒီနန္တို႔က နာမည္ေက်ာ္ကစားသမားေတြအျဖစ္ ကာလရွည္ ရပ္တည္ခဲ့သူေတြပါ”
”ဒါေပမဲ့ ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ျပသခဲ့တဲ့ေျခစြမ္းေတြအရ အရင္ကတည္းက ထိပ္တန္းအဆင့္မွာရွိခဲ့တာ သိျမင္ႏိုင္ၿပီး အနာဂတ္မွာလည္း ဒီထက္ပိုေကာင္းလာဖို႔ပဲရွိပါတယ္။ ကၽြန္ေတာ္ခံယူထားတဲ့အခ်က္ကေတာ့ ေနာက္ခံလူဆုိတာ တစ္ေယာက္ေကာင္းကစားေနလုိ႔မရဘဲ အသင္းေဖာ္ေတြနဲ႔ အေကာင္းဆုံးဆက္သြယ္ႏုိင္ရပါမယ္”
”ဒီလုိဆုိရင္ အသင္းရဲ႕ခံစစ္ကလည္း လုံး၀လုံၿခံဳသြားပါလိမ့္မယ္။ ဗန္ဒုိက္မေရာက္ခင္ လီဗာပူးနဲ႔ ဗန္ဒိုက္ေရာက္ၿပီးလီဗာပူးတို႔က လုံး၀ကိုကြဲျပားျခားနားသြားပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ ဗန္ဒိုက္ကို ကၽြန္ေတာ္ ေရြးခ်ယ္တာပါ”လို႔ ကြန္ပနီက ေျပာပါတယ္။
တယ္ရီဟာ ကလပ္အသင္းကစားသမားဘ၀မွာ ပြဲေပါင္း ၇၀၀ ေက်ာ္ကစားခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔အတူ ဆုဖလား ၁၇လုံးရယူႏိုင္ခဲ့ပါတယ္။ ဖာဒီနန္ကလည္း ကလပ္ပြဲေပါင္း ၆၈၀ ကစားခဲ့ၿပီး ယူႏုိက္တက္နဲ႔အတူ ဆုဖလား ၁၈လုံးရရွိခဲ့ပါတယ္။
ကြန္ပနီဟာ ၂၀၁၉ ေႏြရာသီက အန္ဒါလက္ခ်္ကို ကစားသမား/နည္းျပအျဖစ္ တာ၀န္မယူခင္ စီးတီးအတြက္ ပြဲေပါင္း ၃၆၀ ကစားခဲ့ကာ ဆုဖလား ၁၂ လုံးရရွိခဲ့ေပမယ့္ သူကေတာ့ ဗန္ဒိုက္က ပရီးမီးယားလိဂ္ရဲ႕ထာ၀ရအေကာင္းဆံုံးေနာက္ခံလူအျဖစ္ ရပ္တည္ေနၿပီျဖစ္ေၾကာင္း ဆုိပါတယ္။