ကွန်တေဟာ ဆိုးလ်ရှားနေရာမှာအစားထိုးသင့်တဲ့နည်းပြမဟုတ်ဘူးလို့ ဂန္ထဝင်ဂိုးသမားကြီးရှမိုက်ကယ်သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီးပီတာရှမိုက်ကယ်က ကွန်တီဟာ ဆိုးလ်ရှားရဲ့နေရာမှာအစားထိုးခန့်အပ်သင့်တဲ့နည်းပြမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့လို့ နည်းပြဆိုးလ်ရှားအတွက်ဖိအားတွေများနေပြီး အခုတစ်ပတ်မှာလည်း လီဗာပူးလ်နဲ့ပွဲကျပ်ဆက်ကစားရမှာဖြစ်ပါတယ်။

အင်တာမီလန်၊ ချယ်လ်ဆီးအသင်းတို့အတွက်အောင်မြင်မှုရယူပေးခဲ့သူ ကွန်တီဟာ ယူနိုက်တက်အသင်းနည်းပြရာထူးကို စိတ်ဝင်စားနေတယ်ဆိုတဲ့

သတင်းတွေထွက်ပေါ်နေပေမယ့် ရှမိုက်ကယ်ကတော့ ကွန်တီဟာ ယူနိုက်တက်အသင်းအတွက် သင့်တော်တဲ့နည်းပြတစ်ယောက်မဟုတ်ဘူးလို့ ယူဆနေတာပါ။

ရှမိုက်ကယ်က “ကွန်တီဟာ ထိပ်တန်းအဆင့်နည်းပြတစ်ယောက်ဖြစ်ပေမယ့် သူက အသင်းတစ်သင်းကို (၂)နှစ်နဲ့အထက်ကိုင်တွယ်တာမျိုး မရှိသေးပါဘူး။

ကျွန်တော်တို့ဟာ အဲဒီလိုပုံစံမျိုးနဲ့သွားလို့ရတဲ့အသင်းမဟုတ်ပါဘူး။

အရင်ကလည်း နာမည်ကျော်နည်းပြတွေနဲ့စခန်းသွားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တာ အားလုံးအသိပါပဲ။

ဗန်ဟားလ်လက်ထက်မှာ ပရီးမီးယားလိဂ်ဖလားမရခဲ့သလို မော်ရင်ဟိုလည်း ပရီးမီးယားလိဂ်ဖလားမယူပေးနိုင်ခဲ့ပါဘူး။

အဲဒါကြောင့် ဆိုးလ်ရှားနေရာမှာ ကွန်တီပဲဖြစ်ဖြစ် တခြားနာမည်ကျော်နည်းပြတစ်ယောက်နဲ့ပဲဖြစ်ဖြစ် အစားထိုးမယ်ဆိုရင်လည်း ဘာမှထူးခြားလာဖို့မရှိပါဘူး”လို့ဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြဘဝ(၃)နှစ်တာကာလအတွင်းရောက်ရှိလာပြီဖြစ်ပေမယ့် အခုအချိန်အထိ ဆုဖလားတစ်ခုမှ မရယူနိုင်သေးပါဘူး။

ဆိုးလ်ရှားရဲ့အမြင့်ဆုံးအောင်မြင်မှုက ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့တာဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာတော့ သူ့အသင်းဟာ ထိပ်ဆုံးကချယ်လ်ဆီးအသင်းနဲ့(၅)မှတ်အကွာ အဆင့်(၆)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေက ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ပြီးတော့ နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ကွန်တီ၊ ဇီဒန်းတို့ထဲက

တစ်ဦးဦးနဲ့အစားထိုးဖို့တောင်းဆိုနေကြတာဖြစ်ပြီး ရှမိုက်ကယ်က ပရိသတ်တွေနဲ့အမြင်မတူဖြစ်နေပါတယ်။

ရှမိုက်ကယ်က “ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဗန်ဟားလ်နောက်တစ်ယောက်၊ မော်ရင်ဟိုနောက်တစ်ယောက်ကို ပြန်လိုချင်နေတာလား။

သူတို့ ဘာကိုလိုချင်နေကြတာလဲ။

ယူနိုက်တက်အသင်းဟာ ထိပ်တန်းအဆင့်လို့သတ်မှတ်ခံထားရတဲ့ နည်းပြတွေကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပေမယ့် သူတို့တွေဟာ

ဆိုးလ်ရှားလိုမျိုး အသင်းရဲ့လူငယ်ကစားသမားတွေကို မွေးထုတ်ပေးဖို့၊ ယူနိုက်တက်အသင်း DNA ကို နားလည်သဘောပေါက်တဲ့ခံယူချက်မရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြန္ေတဟာ ဆိုးလ္ရွားေနရာမွာအစားထိုးသင့္တဲ့နည္းျပမဟုတ္ဘူးလို႔ ဂႏၴဝင္ဂိုးသမားႀကီးရွမိုက္ကယ္သုံးသပ္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ဂိုးသမားႀကီးပီတာရွမိုက္ကယ္က ကြန္တီဟာ ဆိုးလ္ရွားရဲ႕ေနရာမွာအစားထိုးခန႔္အပ္သင့္တဲ့နည္းျပမဟုတ္ဘူးလို႔ သုံးသပ္ေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး(၃)ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ခဲ့လို႔ နည္းျပဆိုးလ္ရွားအတြက္ဖိအားေတြမ်ားေနၿပီး အခုတစ္ပတ္မွာလည္း လီဗာပူးလ္နဲ႔ပြဲက်ပ္ဆက္ကစားရမွာျဖစ္ပါတယ္။ အင္တာမီလန္၊ ခ်ယ္လ္ဆီးအသင္းတို႔အတြက္ေအာင္ျမင္မႈရယူေပးခဲ့သူ ကြန္တီဟာ ယူႏိုက္တက္အသင္းနည္းျပရာထူးကို စိတ္ဝင္စားေနတယ္ဆိုတဲ့သတင္းေတြထြက္ေပၚေနေပမယ့္ ရွမိုက္ကယ္ကေတာ့ ကြန္တီဟာ ယူႏိုက္တက္အသင္းအတြက္ သင့္ေတာ္တဲ့နည္းျပတစ္ေယာက္မဟုတ္ဘူးလို႔ ယူဆေနတာပါ။ ရွမိုက္ကယ္က “ကြန္တီဟာ ထိပ္တန္းအဆင့္နည္းျပတစ္ေယာက္ျဖစ္ေပမယ့္ သူက အသင္းတစ္သင္းကို (၂)ႏွစ္နဲ႔အထက္ကိုင္တြယ္တာမ်ိဳး မရွိေသးပါဘူး။ ကြၽန္ေတာ္တို႔ဟာ အဲဒီလိုပုံစံမ်ိဳးနဲ႔သြားလို႔ရတဲ့အသင္းမဟုတ္ပါဘူး။ အရင္ကလည္း နာမည္ေက်ာ္နည္းျပေတြနဲ႔စခန္းသြားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့တာ အားလုံးအသိပါပဲ။ ဗန္ဟားလ္လက္ထက္မွာ ပရီးမီးယားလိဂ္ဖလားမရခဲ့သလို ေမာ္ရင္ဟိုလည္း ပရီးမီးယားလိဂ္ဖလားမယူေပးႏိုင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ ဆိုးလ္ရွားေနရာမွာ ကြန္တီပဲျဖစ္ျဖစ္ တျခားနာမည္ေက်ာ္နည္းျပတစ္ေယာက္နဲ႔ပဲျဖစ္ျဖစ္ အစားထိုးမယ္ဆိုရင္လည္း ဘာမွထူးျခားလာဖို႔မရွိပါဘူး”လို႔ဆိုခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္က ေမာ္ရင္ဟိုရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ခံခဲ့ရတဲ့ ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပဘဝ(၃)ႏွစ္တာကာလအတြင္းေရာက္ရွိလာၿပီျဖစ္ေပမယ့္ အခုအခ်ိန္အထိ ဆုဖလားတစ္ခုမွ မရယူႏိုင္ေသးပါဘူး။ ဆိုးလ္ရွားရဲ႕အျမင့္ဆုံးေအာင္ျမင္မႈက ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့တာျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာေတာ့ သူ႔အသင္းဟာ ထိပ္ဆုံးကခ်ယ္လ္ဆီးအသင္းနဲ႔(၅)မွတ္အကြာ အဆင့္(၆)ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြက ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ၿပီးေတာ့ နာမည္ေက်ာ္နည္းျပေတြျဖစ္တဲ့ ကြန္တီ၊ ဇီဒန္းတို႔ထဲက တစ္ဦးဦးနဲ႔အစားထိုးဖို႔ေတာင္းဆိုေနၾကတာျဖစ္ၿပီး ရွမိုက္ကယ္က ပရိသတ္ေတြနဲ႔အျမင္မတူျဖစ္ေနပါတယ္။ ရွမိုက္ကယ္က “ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ ဗန္ဟားလ္ေနာက္တစ္ေယာက္၊ ေမာ္ရင္ဟိုေနာက္တစ္ေယာက္ကို ျပန္လိုခ်င္ေနတာလား။ သူတို႔ ဘာကိုလိုခ်င္ေနၾကတာလဲ။ ယူႏိုက္တက္အသင္းဟာ ထိပ္တန္းအဆင့္လို႔သတ္မွတ္ခံထားရတဲ့ နည္းျပေတြကို နည္းျပအျဖစ္ခန႔္အပ္ခဲ့ေပမယ့္ သူတို႔ေတြဟာ ဆိုးလ္ရွားလိုမ်ိဳး အသင္းရဲ႕လူငယ္ကစားသမားေတြကို ေမြးထုတ္ေပးဖို႔၊ ယူႏိုက္တက္အသင္း DNA ကို နားလည္သေဘာေပါက္တဲ့ခံယူခ်က္မရွိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။