
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းဟာ ကြာသပတေးနေ့က အင်တာမီလန်တိုက်စစ်မှူးလူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၉၈)သန်းနဲ့တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး
လူကာကူဟာ ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံးဘောလုံးသမားအဖြစ် စံချိန်တင်နိုင်ခဲ့သလို ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေးအများဆုံးကစားသမား(၁၀)ဦးစာရင်းဝင်ဖြစ်လာခဲ့ပါပြီ။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးလူကာကူဟာ ၂၀၁၃ ခုနှစ်တုန်းက အဲဗာတန်အသင်းဆီ ပေါင်(၂၈)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး (၈)နှစ်အကြာမှာတော့ အသင်းဟောင်းချယ်လ်ဆီးဆီ ပြန်လည်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
လူကာကူနဲ့ချယ်လ်ဆီးအသင်းတို့ဟာ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး The Athletic ဝက်ဘ်ဆိုက်က လူကာကူဟာ ချယ်လ်ဆီးကွင်းလယ်လူကွန်တေကို ကျော်ဖြတ်ပြီးတော့ အသင်းရဲ့လစာငွေအများဆုံးကစားသမားဖြစ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။
ကွန်တေဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်ကိုပေါင်(၂၉၀,၀၀၀)နဲ့ လစာငွေအများဆုံးရရှိနေသူအဖြစ် ရပ်တည်နေတာဖြစ်ပေမယ့် အခု လူကာကူဟာ ပုံရိပ်အသုံးပြုခနဲ့ဆုကြေးအပါအဝင် တစ်ပတ်ကို ပေါင်(၃၂၅,၀၀၀)ကနေ ပေါင်(၄၅၀,၀၀၀)ကြားရဖို့ရှိတာကြောင့် ကွန်တေကို ကျော်ဖြတ်နိုင်မှာလည်းဖြစ်ပါတယ်။
လူကာကူရဲ့လစာငွေက ကွန်တေထက် ပေါင်(၁၆၀,၀၀၀)အထိ ပိုများနိုင်တဲ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့လစာငွေအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ဖို့ရှိနေပါပြီ။
အခုလောလောဆယ် ပရီးမီးယားလိဂ်မှာလစာငွေအများဆုံးအဖြစ်ရပ်တည်နေတာက မန်စီးတီးနာမည်ကျော်ကွင်းလယ်လူ ဒီဘရိုင်းနားဖြစ်ပြီး တစ်ပတ်ကို ပေါင်(၃၈၅,၀၀၀)အထိရရှိနေတာပါ။
သူ့နောက်မှာတော့ မန်စီးတီးအသင်းဖော်ဂရီးလစ်ရှ်က ဆုကြေးငွေအပါအဝင် တစ်ပတ်ကို ပေါင်(၃၈၀,၀၀၀)နဲ့ ဒုတိယအများဆုံးဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်ဂိုးသမားဒီဂီယာက လစာသီးသန့်အဖြစ် ပေါင်(၃၇၅,၀၀၀)အထိရရှိနေတာဖြစ်ပါတယ်။
လူကာကူဟာ ချယ်လ်ဆီးအသင်းမှာ ပထမအကြိမ်ကစားတုန်းကဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၈)ဂျာစီကို ဝတ်ဆင်သွားဖို့ရှိနေပြီး ချယ်လ်ဆီးနဲ့စာချုပ်ချုပ်ဆိုပြီးတဲ့နောက် လူကာကူက “ဒီလိုကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းဆီ နောက်တစ်ကြိမ်ပြန်ရောက်လာလို့ ကျွန်တော်ပျော်ရွှင်မိပါတယ်။
ချယ်လ်ဆီးနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အဓိပ္ပါယ်အများကြီးရှိပြီး ကျွန်တော်ဟာ ငယ်ငယ်လေးကတည်းက ချယ်လ်ဆီးအသင်းပရိသတ်တစ်ဦးဖြစ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့တဲ့နောက်ပိုင်း ကျွန်တော် အနိမ့်အမြင့်အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီလိုရင်ဆိုင်ခဲ့ရတဲ့အတွက် ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာမှာ ပိုကြံ့ခိုင်လာစေပြီး အခု ကျွန်တော်ရင်ဆိုင်ရမယ့်စိန်ခေါ်မှုကတော့ အသင်းအတွက် နောက်ထပ်ဆုဖလားတွေရယူနိုင်ဖို့ပါပဲ။
ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ မစောင့်နိုင်တော့ဘဲ အသင်းရဲ့ရည်မှန်းချက်တွေအကောင်အထည်ပေါ်နိုင်အောင် ကူညီပေးသွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကြန္ေတကို ေက်ာ္ျဖတ္ၿပီးေတာ့ ခ်ယ္လ္ဆီးအသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားျဖစ္လာမယ့္ လူကာကူ
ခ်ယ္လ္ဆီးအသင္းဟာ ၾကာသပေတးေန႔က အင္တာမီလန္တိုက္စစ္မႉးလူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၉၈)သန္းနဲ႔တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ၿပီး လူကာကူဟာ ကစားသမားဘဝတစ္ေလွ်ာက္ စုစုေပါင္းေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးေဘာလုံးသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့သလို ေဘာလုံးသမိုင္းမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမား(၁၀)ဦးစာရင္းဝင္ျဖစ္လာခဲ့ပါၿပီ။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္တိုက္စစ္မႉးလူကာကူဟာ ၂၀၁၃ ခုႏွစ္တုန္းက အဲဗာတန္အသင္းဆီ ေပါင္(၂၈)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၈)ႏွစ္အၾကာမွာေတာ့ အသင္းေဟာင္းခ်ယ္လ္ဆီးဆီ ျပန္လည္ေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။
လူကာကူနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ဟာ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး The Athletic ဝက္ဘ္ဆိုက္က လူကာကူဟာ ခ်ယ္လ္ဆီးကြင္းလယ္လူကြန္ေတကို ေက်ာ္ျဖတ္ၿပီးေတာ့ အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားျဖစ္လာမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ကြန္ေတဟာ ခ်ယ္လ္ဆီးအသင္းမွာ တစ္ပတ္ကိုေပါင္(၂၉၀,၀၀၀)နဲ႔ လစာေငြအမ်ားဆုံးရရွိေနသူအျဖစ္ ရပ္တည္ေနတာျဖစ္ေပမယ့္ အခု လူကာကူဟာ ပုံရိပ္အသုံးျပဳခနဲ႔ဆုေၾကးအပါအဝင္ တစ္ပတ္ကို ေပါင္(၃၂၅,၀၀၀)ကေန ေပါင္(၄၅၀,၀၀၀)ၾကားရဖို႔ရွိတာေၾကာင့္ ကြန္ေတကို ေက်ာ္ျဖတ္ႏိုင္မွာလည္းျဖစ္ပါတယ္။
လူကာကူရဲ႕လစာေငြက ကြန္ေတထက္ ေပါင္(၁၆၀,၀၀၀)အထိ ပိုမ်ားႏိုင္တဲ့အျပင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕လစာေငြအမ်ားဆုံးကစားသမားအျဖစ္လည္း ရပ္တည္ႏိုင္ဖို႔ရွိေနပါၿပီ။ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္မွာလစာေငြအမ်ားဆုံးအျဖစ္ရပ္တည္ေနတာက မန္စီးတီးနာမည္ေက်ာ္ကြင္းလယ္လူ ဒီဘ႐ိုင္းနားျဖစ္ၿပီး တစ္ပတ္ကို ေပါင္(၃၈၅,၀၀၀)အထိရရွိေနတာပါ။
သူ႔ေနာက္မွာေတာ့ မန္စီးတီးအသင္းေဖာ္ဂရီးလစ္ရွ္က ဆုေၾကးေငြအပါအဝင္ တစ္ပတ္ကို ေပါင္(၃၈၀,၀၀၀)နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားဒီဂီယာက လစာသီးသန႔္အျဖစ္ ေပါင္(၃၇၅,၀၀၀)အထိရရွိေနတာျဖစ္ပါတယ္။ လူကာကူဟာ ခ်ယ္လ္ဆီးအသင္းမွာ ပထမအႀကိမ္ကစားတုန္းကဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၁၈)ဂ်ာစီကို ဝတ္ဆင္သြားဖို႔ရွိေနၿပီး ခ်ယ္လ္ဆီးနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ လူကာကူက “ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ကလပ္အသင္းဆီ ေနာက္တစ္ႀကိမ္ျပန္ေရာက္လာလို႔ ကြၽန္ေတာ္ေပ်ာ္႐ႊင္မိပါတယ္။
ခ်ယ္လ္ဆီးနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးက အဓိပၸါယ္အမ်ားႀကီးရွိၿပီး ကြၽန္ေတာ္ဟာ ငယ္ငယ္ေလးကတည္းက ခ်ယ္လ္ဆီးအသင္းပရိသတ္တစ္ဦးျဖစ္ခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာခဲ့တဲ့ေနာက္ပိုင္း ကြၽန္ေတာ္ အနိမ့္အျမင့္အတက္အက်ေတြနဲ႔ ရင္ဆိုင္ခဲ့ရသလို အဲဒီလိုရင္ဆိုင္ခဲ့ရတဲ့အတြက္ ကြၽန္ေတာ့္ကို စိတ္ပိုင္းဆိုင္ရာမွာ ပိုႀကံ့ခိုင္လာေစၿပီး အခု ကြၽန္ေတာ္ရင္ဆိုင္ရမယ့္စိန္ေခၚမႈကေတာ့ အသင္းအတြက္ ေနာက္ထပ္ဆုဖလားေတြရယူႏိုင္ဖို႔ပါပဲ။ ခ်ယ္လ္ဆီးအသင္းအတြက္ ပါဝင္ကစားခြင့္ရဖို႔ မေစာင့္ႏိုင္ေတာ့ဘဲ အသင္းရဲ႕ရည္မွန္းခ်က္ေတြအေကာင္အထည္ေပၚႏိုင္ေအာင္ ကူညီေပးသြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။