ကွန်တီဟာ ဆုဖလားအောင်မြင်မှုတွေရယူပေးနိုင်မယ့်နည်းပြလို့ ဟယ်ရီကိန်းယုံကြည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့အဓိကတိုက်စစ်မှူးဟယ်ရီကိန်းက နည်းပြသစ်ကွန်တီဟာ အသင်းအတွက်ဆုဖလားအောင်မြင်မှုတွေရယူပေးနိုင်မယ့်သူဖြစ်တယ်ဆိုပြီး အခိုင်အမာယုံကြည်ထားတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က မန်ချက်စတာယူနိုက်တက်အသင်းကို (၃-၀)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး မကြာခင်မှာပဲ နူနိုဆန်တိုကို ရာထူးကထုတ်ပယ်ခဲ့ပြီး

ချယ်လ်ဆီးအသင်းနဲ့အတူ အင်္ဂလန်မြေမှာအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ကွန်တီကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူကွန်တီဟာ စပါးအသင်းနဲ့(၁၈)လစာချုပ်ချုပ်ဆိုခဲ့ပြီး လာမယ့်ဇန်နဝါရီကျရင် ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့အတွက် ပေါင်သန်း(၁၅၀)အထိအသုံးပြုခွင့်ရသွားဖို့ရှိနေပါပြီ။

အခုလောလောဆယ် ကွန်တီဟာ စပါးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လာရောက်ကြည့်ရှုခဲ့ပေမယ့် အလုပ်လုပ်ခွင့်ဗီဇာရဖို့စောင့်ဆိုင်းနေရတာကြောင့် အသင်းနည်းပြအဖြစ်ကိုင်တွယ်ခွင့်ရဦးမှာမဟုတ်သေးပါဘူး။

ကွန်တီရဲ့နည်းပြဘဝတစ်လျှောက် ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အင်တာမီလန်အသင်းတို့နဲ့ အမှတ်ပေးဖလားအပါအဝင် ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တာကြောင့် ကွန်တီကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တဲ့အပေါ်

ဟယ်ရီကိန်းအပါအဝင် စပါးအသင်းကစားသမားတွေက ကျေနပ်အားရနေတယ်လို့ The Sun ကဖော်ပြခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဟယ်ရီကိန်းဟာ စပါးအသင်းကစားသမားဘဝမှာ အဓိကဆုဖလားတစ်ခုမှမရယူနိုင်သေးတဲ့အတွက် ပြီးခဲ့တဲ့နွေရာသီကာလမှာ အသင်းနဲ့လမ်းခွဲမယ်လို့ အသိပေးခဲ့ပြီး

မန်စီးတီးအသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒပြင်းပြခဲ့ပေမယ့် စပါးအသင်းက သူ့ကို ဆက်ထိန်းနိုင်ခဲ့တာကြောင့် အသင်းမှာဆက်ရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး ဇန်နဝါရီကျရင် အသင်းပြောင်းခွင့်ရအောင်ထပ်မံကြိုးစားဖို့ရှိနေတယ်လို့

တချို့ကသုံးသပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ထိပ်တန်းအဆင့်နည်းပြကွန်တီရောက်လာပြီဖြစ်တဲ့အပြင် ဟယ်ရီကိန်းကလည်း

ကွန်တီရဲ့အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်အဝရှိတဲ့အတွက် စပါးအသင်းမှာပဲဆက်ကစားသွားမယ့်အနေအထားရှိတယ်လို့ The Sun သတင်းစာက သုံးသပ်ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြန္တီဟာ ဆုဖလားေအာင္ျမင္မႈေတြရယူေပးႏိုင္မယ့္နည္းျပလို႔ ဟယ္ရီကိန္းယုံၾကည္ေန

စပါးအသင္းရဲ႕အဓိကတိုက္စစ္မႉးဟယ္ရီကိန္းက နည္းျပသစ္ကြန္တီဟာ အသင္းအတြက္ဆုဖလားေအာင္ျမင္မႈေတြရယူေပးႏိုင္မယ့္သူျဖစ္တယ္ဆိုၿပီး အခိုင္အမာယုံၾကည္ထားတယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

စပါးအသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၃-၀)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီး မၾကာခင္မွာပဲ ႏူႏိုဆန္တိုကို ရာထူးကထုတ္ပယ္ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းနဲ႔အတူ အဂၤလန္ေျမမွာေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့ ကြန္တီကို နည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။ အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူကြန္တီဟာ စပါးအသင္းနဲ႔(၁၈)လစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး လာမယ့္ဇန္နဝါရီက်ရင္ ကစားသမားသစ္ေခၚယူအားျဖည့္ဖို႔အတြက္ ေပါင္သန္း(၁၅၀)အထိအသုံးျပဳခြင့္ရသြားဖို႔ရွိေနပါၿပီ။

အခုေလာေလာဆယ္ ကြန္တီဟာ စပါးအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကို လာေရာက္ၾကည့္ရႈခဲ့ေပမယ့္ အလုပ္လုပ္ခြင့္ဗီဇာရဖို႔ေစာင့္ဆိုင္းေနရတာေၾကာင့္ အသင္းနည္းျပအျဖစ္ကိုင္တြယ္ခြင့္ရဦးမွာမဟုတ္ေသးပါဘူး။

ကြန္တီရဲ႕နည္းျပဘဝတစ္ေလွ်ာက္ ဂ်ဴဗင္တပ္စ္၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္အသင္းတို႔နဲ႔ အမွတ္ေပးဖလားအပါအဝင္ ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တာေၾကာင့္ ကြန္တီကို နည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့တဲ့အေပၚ ဟယ္ရီကိန္းအပါအဝင္ စပါးအသင္းကစားသမားေတြက ေက်နပ္အားရေနတယ္လို႔ The Sun ကေဖာ္ျပခဲ့ပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟယ္ရီကိန္းဟာ စပါးအသင္းကစားသမားဘဝမွာ အဓိကဆုဖလားတစ္ခုမွမရယူႏိုင္ေသးတဲ့အတြက္ ၿပီးခဲ့တဲ့ေႏြရာသီကာလမွာ အသင္းနဲ႔လမ္းခြဲမယ္လို႔ အသိေပးခဲ့ၿပီး မန္စီးတီးအသင္းကိုေျပာင္းေ႐ႊ႕ဖို႔ဆႏၵျပင္းျပခဲ့ေပမယ့္ စပါးအသင္းက သူ႔ကို ဆက္ထိန္းႏိုင္ခဲ့တာေၾကာင့္ အသင္းမွာဆက္ရွိေနတာျဖစ္ပါတယ္။

ဒါေပမဲ့ ဟယ္ရီကိန္းရဲ႕အနာဂတ္နဲ႔ပတ္သက္တဲ့သတင္းေတြက ဆက္လက္ထြက္ေပၚေနဆဲျဖစ္ၿပီး ဇန္နဝါရီက်ရင္ အသင္းေျပာင္းခြင့္ရေအာင္ထပ္မံႀကိဳးစားဖို႔ရွိေနတယ္လို႔ တခ်ိဳ႕ကသုံးသပ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ထိပ္တန္းအဆင့္နည္းျပကြန္တီေရာက္လာၿပီျဖစ္တဲ့အျပင္ ဟယ္ရီကိန္းကလည္း ကြန္တီရဲ႕အရည္အခ်င္းအေပၚ ယုံၾကည္မႈအျပည့္အဝရွိတဲ့အတြက္ စပါးအသင္းမွာပဲဆက္ကစားသြားမယ့္အေနအထားရွိတယ္လို႔ The Sun သတင္းစာက သုံးသပ္ေဖာ္ျပခဲ့ပါတယ္။