ကွန်တီသာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာရင် စီရော်နယ်လ်ဒို ပွဲထွက်ခွင့်ရဖို့မသေချာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် ကွန်တီကိုသာ ခန့်အပ်လိုက်မယ်ဆိုရင် သူ့ရဲ့နည်းစနစ်တွေအရ အသင်းရဲ့အဓိက,ကစားသမားစီရော်နယ်လ်ဒိုတစ်ယောက် အရန်ခုံရောက်သွားမယ့်အနေအထားရှိနေပါပြီ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းကို(၅-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြဆိုးလ်ရှားအပေါ် ဖိအားတွေပိုများလာပြီး ချယ်လ်ဆီး၊ အင်တာမီလန်တို့နဲ့အောင်မြင်မှုရယူခဲ့တဲ့ ကွန်တီကို အစားထိုးခန့်အပ်တော့မယ်ဆိုတဲ့သတင်းတွေ ဆက်တိုက်ထွက်နေပါတယ်။

ဒါပေမဲ့ အခုလောလောဆယ် ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့ထောက်ခံမှုနဲ့အတူ တာဝန်ရှိသူတွေက ဆိုးလ်ရှားကို

အခုချက်ချင်းရာထူးကထုတ်ပယ်မှာမဟုတ်သေးဘဲ လာမယ့်ပွဲတွေအထိစောင့်ကြည့်သွားမှာဖြစ်ပြီး အခုတစ်ပတ်ကစားမယ့်စပါးအသင်းနဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင်တော့ ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝက အဆုံးသတ်ဖို့ရှိနေပါပြီ။

ယူနိုက်တက်နည်းပြသစ်အဖြစ် ကွန်တီ၊ ဇီဒန်း၊ ဘရန်ဒန်ရော်ဂျာ၊ ပိုချက်တီနိုတို့သတင်းထွက်နေပေမယ့် ကွန်တီက ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဒါပေမဲ့ ကွန်တီဟာ စည်းကမ်းတင်းကြပ်တဲ့နည်းပြတစ်ယောက်ဖြစ်သလို သူက ကစားသမားတွေ ပြေးအား၊လုပ်အားနှုန်းကောင်းကောင်းနဲ့ကစားတာကို

ကြိုက်နှစ်သက်တာဖြစ်လို့ ကွန်တီသာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာရင် စီရော်နယ်လ်ဒိုအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့မသေချာတော့ပါဘူး။

ကွန်တီနဲ့ပတ်သက်လို့ ဗီလာနာမည်ကျော်ကစားသမားဟောင်း အဘွန်လဟော်က talkSPORT ရေဒီယိုနဲ့အင်တာဗျူးမှာအခုလိုပြောခဲ့ဖူးပါတယ်။

“အင်တာမီလန်မှာ ကွန်တီလက်တွဲခဲ့ဖူးတဲ့ ကျွန်တော့်သူငယ်ချင်းအက်ရှ်လေယန်းနဲ့ ကွန်တီအကြောင်းကို စကားစမြည်ပြောခဲ့ပါတယ်။

အက်ရှ်လေယန်းက ကွန်တီဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ကစားသမားတွေကို အဆက်မပြတ်ပြေးလွှားခိုင်းပြီး ပြေးအားမကောင်းရင် သူ့အသင်းမှာပါဝင်ကစားခွင့်ရဖို့မသေချာဘူးလို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ လိုတာကလည်း ကွန်တီလိုနည်းပြမျိုးပါပဲ။

ကွန်တီက သူခိုင်းတဲ့အတိုင်း ကစားသမားတွေမလုပ်နိုင်ရင် ဘယ်လိုကစားသမားမျိုးပဲဖြစ်ဖြစ် ခေါက်ထားဖို့ ဝန်မလေးတတ်တဲ့နည်းပြဖြစ်ပါတယ်”လို့အဘွန်လဟော်က ဖြေကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြန္တီသာ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာရင္ စီေရာ္နယ္လ္ဒို ပြဲထြက္ခြင့္ရဖို႔မေသခ်ာ

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပသစ္အျဖစ္ ကြန္တီကိုသာ ခန႔္အပ္လိုက္မယ္ဆိုရင္ သူ႔ရဲ႕နည္းစနစ္ေတြအရ အသင္းရဲ႕အဓိက,ကစားသမားစီေရာ္နယ္လ္ဒိုတစ္ေယာက္ အရန္ခုံေရာက္သြားမယ့္အေနအထားရွိေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က လီဗာပူးလ္အသင္းကို(၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ နည္းျပဆိုးလ္ရွားအေပၚ ဖိအားေတြပိုမ်ားလာၿပီး ခ်ယ္လ္ဆီး၊ အင္တာမီလန္တို႔နဲ႔ေအာင္ျမင္မႈရယူခဲ့တဲ့ ကြန္တီကို အစားထိုးခန႔္အပ္ေတာ့မယ္ဆိုတဲ့သတင္းေတြ ဆက္တိုက္ထြက္ေနပါတယ္။

ဒါေပမဲ့ အခုေလာေလာဆယ္ ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕ေထာက္ခံမႈနဲ႔အတူ တာဝန္ရွိသူေတြက ဆိုးလ္ရွားကို အခုခ်က္ခ်င္းရာထူးကထုတ္ပယ္မွာမဟုတ္ေသးဘဲ လာမယ့္ပြဲေတြအထိေစာင့္ၾကည့္သြားမွာျဖစ္ၿပီး အခုတစ္ပတ္ကစားမယ့္စပါးအသင္းနဲ႔ပြဲမွာသာ ရလဒ္မေကာင္းခဲ့ရင္ေတာ့ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပဘဝက အဆုံးသတ္ဖို႔ရွိေနပါၿပီ။ ယူႏိုက္တက္နည္းျပသစ္အျဖစ္ ကြန္တီ၊ ဇီဒန္း၊ ဘရန္ဒန္ေရာ္ဂ်ာ၊ ပိုခ်က္တီႏိုတို႔သတင္းထြက္ေနေပမယ့္ ကြန္တီက ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ဒါေပမဲ့ ကြန္တီဟာ စည္းကမ္းတင္းၾကပ္တဲ့နည္းျပတစ္ေယာက္ျဖစ္သလို သူက ကစားသမားေတြ ေျပးအား၊လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ကစားတာကို ႀကိဳက္ႏွစ္သက္တာျဖစ္လို႔ ကြန္တီသာ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာရင္ စီေရာ္နယ္လ္ဒိုအတြက္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔မေသခ်ာေတာ့ပါဘူး။ ကြန္တီနဲ႔ပတ္သက္လို႔ ဗီလာနာမည္ေက်ာ္ကစားသမားေဟာင္း အဘြန္လေဟာ္က talkSPORT ေရဒီယိုနဲ႔အင္တာဗ်ဴးမွာအခုလိုေျပာခဲ့ဖူးပါတယ္။

“အင္တာမီလန္မွာ ကြန္တီလက္တြဲခဲ့ဖူးတဲ့ ကြၽန္ေတာ့္သူငယ္ခ်င္းအက္ရွ္ေလယန္းနဲ႔ ကြန္တီအေၾကာင္းကို စကားစျမည္ေျပာခဲ့ပါတယ္။ အက္ရွ္ေလယန္းက ကြန္တီဟာ ေလ့က်င့္ခန္းအစီအစဥ္မွာ ကစားသမားေတြကို အဆက္မျပတ္ေျပးလႊားခိုင္းၿပီး ေျပးအားမေကာင္းရင္ သူ႔အသင္းမွာပါဝင္ကစားခြင့္ရဖို႔မေသခ်ာဘူးလို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းမွာ လိုတာကလည္း ကြန္တီလိုနည္းျပမ်ိဳးပါပဲ။ ကြန္တီက သူခိုင္းတဲ့အတိုင္း ကစားသမားေတြမလုပ္ႏိုင္ရင္ ဘယ္လိုကစားသမားမ်ိဳးပဲျဖစ္ျဖစ္ ေခါက္ထားဖို႔ ဝန္မေလးတတ္တဲ့နည္းျပျဖစ္ပါတယ္”လို႔အဘြန္လေဟာ္က ေျဖၾကားခဲ့ပါတယ္။