ကွန်တီရဲ့ခန့်ခွဲမှုစတိုင်က မော်ရင်ဟိုနဲ့အရမ်းတူလို့ စိုးရိမ်နေတဲ့ မန်ယူဘုတ်အဖွဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကွန်တီရဲ့ကစားသမားခန့်ခွဲမှုစတိုင်က မော်ရင်ဟိုနဲ့အရမ်းတူညီနေလို့ နည်းပြသစ်ခန့်ဖို့ကိစ္စမှာ မန်ယူဘုတ်အဖွဲ့က စိုးရိမ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီအီတလီသားနည်းပြဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ အင်တာနဲ့လမ်းခွဲခဲ့ပြီးကတည်းက ကလပ်လက်မဲ့ဖြစ်နေခဲ့ပြီး မန်ယူမှာ ဆိုးလ်ရှားနေရာအစားဝင်ဖို့ စိတ်အားထက်သန်နေတယ်လို့ နားလည်ရပါတယ်။

လက်ရှိမှာတော့ မန်ယူဟာ လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားကိုထုတ်ပယ်ဖို့အတွက် စဉ်းစားနေကြောင်း သိရပါတယ်။

အဲဒီပွဲအပြီးမှာ ဆိုးလ်ရှားက မန်ယူနည်းပြရာထူးက နုတ်ထွက်ဖို့ အစီအစဉ်မရှိကြောင်း ပြောခဲ့ပေမယ့် သူ့ရဲ့လူရွေးချယ်မှု၊ နည်းဗျူဟာပိုင်းနဲ့ပတ်သက်လို့ ကစားသမားတွေဘက်က ယုံကြည်မှုကင်းမဲ့နေကြပါတယ်။

ကွန်တီဟာ ဆိုးလ်ရှားနေရာ အစားထိုးနိုင်မယ့်သူတွေထဲမှာ ရေပန်းစားထဲက တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ကစားသမားခန့်ခွဲမှုအပေါ်မှာ မန်ယူတာဝန်ရှိသူတွေက စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာမှာ မော်ရင်ဟိုကိုထုတ်ပယ်ခဲ့တော့ အဲဒီပေါ်တူဂီသားရဲ့နေရာအစားထိုးဖို့ ဆိုးလ်ရှားဟာ မန်ယူဘုတ်အဖွဲ့ရွေးချယ်ခဲ့တဲ့သူပါ။

အိုးလ်ထရက်ဖို့ဒ်က သူ့ရဲ့နောက်ဆုံးလတွေမှာ မော်ရင်ဟိုဟာ အသင်းသားအများစုကို ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဝေဖန်ခံခဲ့ရပြီး အဝတ်အစားလဲခန်းအတွင်းက သူ့ရဲ့ချဉ်းကပ်မှုဟာလည်း နောက်ဆုံးမှာ ကျရှုံးခဲ့ရပါတယ်။

ကွန်တီကလည်း ချဲလ်ဆီးနဲ့သူ့ရဲ့ဒုတိယရာသီမှာ တူညီတဲ့ကျရှုံးမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ကစားသမားအများစုဟာ အဲဒီအီတလီသားနည်းပြရဲ့ခပ်ကြမ်းကြမ်းကိုင်တွယ်ပုံကို သဘောမကျဖြစ်ခဲ့ကြပါတယ်။

ကွန်တီဟာ စတမ်းဖို့ဒ်ဘရစ်ချ်က သူ့ရဲ့နောက်ဆုံးရာသီမှာလည်း မကြာခဏဆိုသလို ချဲလ်ဆီးတာဝန်ရှိသူတွေကို အပြစ်ဆိုခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ရည်မှန်းချက်မရှိဘူးလို့လည်း စွပ်စွဲခဲ့ပါတယ်။

ကွန်တီနဲ့ချဲလ်ဆီးအသင်းဒါရိုက်တာမာရီနာဂရာနော့စကာရီယာတို့ကြားက ဆက်ဆံရေးဟာလည်း အခြေအနေတစ်ခုမှာ ပျက်စီးခဲ့ရပြီး နောက်ပိုင်းမှာ ကြားလူနဲ့ပဲ ဆက်သွယ်ပါတော့တယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကွန်တီဟာ အင်တာကို စီးရီးအေချန်ပီယံဆုရယူပေးခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ အခြေအနေတင်းမာခဲ့တာပါ။

အသင်းလျှောက်လှမ်းနေတဲ့လမ်းကြောင်း၊ သူတို့ရဲ့အပြောင်းအရွှေ့ဗျူဟာတို့နဲ့ပတ်သက်ပြီး ကလပ်ဘုတ်အဖွဲ့နဲ့သဘောထားချင်းမတိုက်ဆိုင်တာကြောင့် ကွန်တီဟာ ချန်ပီယံဆုရယူပေးပြီး ၃ ပတ်အကြာမှာ အင်တာက ထွက်ခွာခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြန္တီရဲ႕ခန႔္ခြဲမႈစတိုင္က ေမာ္ရင္ဟိုနဲ႔အရမ္းတူလို႔ စိုးရိမ္ေနတဲ့ မန္ယူဘုတ္အဖြဲ႕

ကြန္တီရဲ႕ကစားသမားခန႔္ခြဲမႈစတိုင္က ေမာ္ရင္ဟိုနဲ႔အရမ္းတူညီေနလို႔ နည္းျပသစ္ခန႔္ဖို႔ကိစၥမွာ မန္ယူဘုတ္အဖြဲ႕က စိုးရိမ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

အဲဒီအီတလီသားနည္းျပဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ အင္တာနဲ႔လမ္းခြဲခဲ့ၿပီးကတည္းက ကလပ္လက္မဲ့ျဖစ္ေနခဲ့ၿပီး မန္ယူမွာ ဆိုးလ္ရွားေနရာအစားဝင္ဖို႔ စိတ္အားထက္သန္ေနတယ္လို႔ နားလည္ရပါတယ္။

လက္ရွိမွာေတာ့ မန္ယူဟာ လီဗာပူးကို အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆိုးလ္ရွားကိုထုတ္ပယ္ဖို႔အတြက္ စဥ္းစားေနေၾကာင္း သိရပါတယ္။

အဲဒီပြဲအၿပီးမွာ ဆိုးလ္ရွားက မန္ယူနည္းျပရာထူးက ႏုတ္ထြက္ဖို႔ အစီအစဥ္မရွိေၾကာင္း ေျပာခဲ့ေပမယ့္ သူ႔ရဲ႕လူေ႐ြးခ်ယ္မႈ၊ နည္းဗ်ဴဟာပိုင္းနဲ႔ပတ္သက္လို႔ ကစားသမားေတြဘက္က ယုံၾကည္မႈကင္းမဲ့ေနၾကပါတယ္။

ကြန္တီဟာ ဆိုးလ္ရွားေနရာ အစားထိုးႏိုင္မယ့္သူေတြထဲမွာ ေရပန္းစားထဲက တစ္ေယာက္ျဖစ္ေပမယ့္ သူ႔ရဲ႕ကစားသမားခန႔္ခြဲမႈအေပၚမွာ မန္ယူတာဝန္ရွိသူေတြက စိုးရိမ္ေနၾကတာပါ။

ၿပီးခဲ့တဲ့ ၂၀၁၈ ႏိုဝင္ဘာမွာ ေမာ္ရင္ဟိုကိုထုတ္ပယ္ခဲ့ေတာ့ အဲဒီေပၚတူဂီသားရဲ႕ေနရာအစားထိုးဖို႔ ဆိုးလ္ရွားဟာ မန္ယူဘုတ္အဖြဲ႕ေ႐ြးခ်ယ္ခဲ့တဲ့သူပါ။

အိုးလ္ထရက္ဖို႔ဒ္က သူ႔ရဲ႕ေနာက္ဆုံးလေတြမွာ ေမာ္ရင္ဟိုဟာ အသင္းသားအမ်ားစုကို ကိုင္တြယ္ပုံနဲ႔ပတ္သက္လို႔ ေဝဖန္ခံခဲ့ရၿပီး အဝတ္အစားလဲခန္းအတြင္းက သူ႔ရဲ႕ခ်ဥ္းကပ္မႈဟာလည္း ေနာက္ဆုံးမွာ က်ရႈံးခဲ့ရပါတယ္။
ကြန္တီကလည္း ခ်ဲလ္ဆီးနဲ႔သူ႔ရဲ႕ဒုတိယရာသီမွာ တူညီတဲ့က်ရႈံးမႈေတြရွိခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး ကစားသမားအမ်ားစုဟာ အဲဒီအီတလီသားနည္းျပရဲ႕ခပ္ၾကမ္းၾကမ္းကိုင္တြယ္ပုံကို သေဘာမက်ျဖစ္ခဲ့ၾကပါတယ္။

ကြန္တီဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္က သူ႔ရဲ႕ေနာက္ဆုံးရာသီမွာလည္း မၾကာခဏဆိုသလို ခ်ဲလ္ဆီးတာဝန္ရွိသူေတြကို အျပစ္ဆိုခဲ့ၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ ရည္မွန္းခ်က္မရွိဘူးလို႔လည္း စြပ္စြဲခဲ့ပါတယ္။ ကြန္တီနဲ႔ခ်ဲလ္ဆီးအသင္းဒါ႐ိုက္တာမာရီနာဂရာေနာ့စကာရီယာတို႔ၾကားက ဆက္ဆံေရးဟာလည္း အေျခအေနတစ္ခုမွာ ပ်က္စီးခဲ့ရၿပီး ေနာက္ပိုင္းမွာ ၾကားလူနဲ႔ပဲ ဆက္သြယ္ပါေတာ့တယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ကြန္တီဟာ အင္တာကို စီးရီးေအခ်န္ပီယံဆုရယူေပးခဲ့ေပမယ့္ အသင္းတာဝန္ရွိသူေတြနဲ႔ အေျခအေနတင္းမာခဲ့တာပါ။ အသင္းေလွ်ာက္လွမ္းေနတဲ့လမ္းေၾကာင္း၊ သူတို႔ရဲ႕အေျပာင္းအေ႐ႊ႕ဗ်ဴဟာတို႔နဲ႔ပတ္သက္ၿပီး ကလပ္ဘုတ္အဖြဲ႕နဲ႔သေဘာထားခ်င္းမတိုက္ဆိုင္တာေၾကာင့္ ကြန္တီဟာ ခ်န္ပီယံဆုရယူေပးၿပီး ၃ ပတ္အၾကာမွာ အင္တာက ထြက္ခြာခဲ့တာပါ။