ကွန်တီကို (၁)နှစ် ပေါင်(၁၅)သန်းနဲ့စပါးအသင်း နည်းပြသစ်ခန့်အပ်ခဲ့ပြီး (၁၈)လစာချုပ်ချုပ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မကြာသေးခင်က နူနိုဆန်တိုကို ရာထူးကထုတ်ပယ်ခဲ့တဲ့ စပါးအသင်းဟာ ချယ်လ်ဆီးအသင်းနည်းပြဟောင်းကွန်တီကို သူတို့အသင်းနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီး လစာအဖြစ်(၁)နှစ်ပေါင်(၁၅)သန်းပေးချေသွားမှာဖြစ်ပါတယ်။

ကွန်တီဟာ စပါးအသင်းနည်းပြရာထူးနဲ့ပတ်သက်လို့ တနင်္လာနေ့မှာ လန်ဒန်မြို့ကိုရောက်ရှိခဲ့ပြီးတော့ အသင်းဥက္ကဌဖြစ်သူ

ဒန်နီယဲလ်လီဗိုင်နဲ့တွေ့ဆုံစကားပြောဆိုခဲ့ပြီးတဲ့နောက် အသင်းနည်းပြအဖြစ်ဆောင်ရွက်ဖို့သဘောတူညီခဲ့တာဖြစ်ပြီး စပါးအသင်းဟာ ကွန်တီကို (၁၈)လစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ကွန်တီဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဖြစ်လာဖို့ရေပန်းစားခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲမှာ စပါးအသင်းကို အနိုင်ရခဲ့တဲ့အတွက်

ဆိုးလ်ရှားရဲ့အခြေအနေက ပြန်လည်တည်ငြိမ်သွားတာကြောင့် အခု စပါးအသင်းက ကွန်တီကို လက်ဦးမှုရယူပြီးနည်းပြသစ်အဖြစ်ခန့်အပ်လိုက်တာပါ။

စပါးအသင်းအနေနဲ့ ကွန်တီကို လာမယ့်ဇန်နဝါရီကာလအတွင်း ကစားသမားသစ်ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း(၁၅၀)အထိသုံးစွဲခွင့်ပြုခဲ့တယ်လို့လည်း ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ကွန်တီကို နည်းပြသစ်ခန့်အပ်ဖို့ကြိုးစားခဲ့ပေမယ့် အဲဒီတုန်းက ကွန်တီရဲ့လစာငွေမြင့်မားမှု၊

ကွန်တီလိုချင်တဲ့ အပြောင်းအရွှေ့အသုံးစရိတ်ကို မပေးလိုတဲ့အတွက် ဆွေးနွေးမှုအဆင်မပြေခဲ့ပေမယ့် အခုအချိန်မှာတော့ အသင်းက ရလဒ်ဆိုးတွေကြောင့်ယိမ်းယိုင်နေတဲ့အတွက် ကွန်တီရဲ့ဆန္ဒကို လိုက်လျော်ပြီးတော့နည်းပြခန့်အပ်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းနည်းပြသစ်ဖြစ်လာမယ့်အပေါ် ကွန်တီက “နည်းပြလောကထဲ ပြန်လည်ဝင်ရောက်ရမှာဖြစ်တဲ့အပြင် စပါးအသင်းလို ရည်မှန်းချက်ကြီးမားတဲ့ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့အတွက် ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်။

စပါးအသင်းရဲ့ဖွဲ့စည်းတည်ဆောက်မှုတွေက အားရစရာကောင်းသလို ကွင်းသစ်ကလည်း ကမ္ဘာ့အကောင်းဆုံးကွင်းထဲတွေမှာတစ်ခုအပါအဝင်ပါပဲ။

ကစားသမားဘဝမှာသာမက နည်းပြဘဝမှာပါ ကျွန်တော့်ရဲ့ နိုင်လိုစိတ်ပြင်းထန်မှု၊ ခိုင်မှုတဲ့ဆုံးဖြတ်ချက်တွေကို စပါးအသင်းနဲ့ပရိသတ်တွေကို ပြသနိုင်ဖို့အတွက် အသင်းနဲ့အမြန်ဆုံးအလုပ်လုပ်ချင်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်တီဟာ နည်းပြဘဝတစ်လျှောက် ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေ(၃)ကြိမ်၊ အီတလီစူပါဖလား(၁)ကြိမ်၊

ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ FA ဖလားတွေရယူခဲ့သလို အင်တာမီလန်အသင်းကို ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုပြန်လည်ရရှိနိုင်အောင်စွမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြန္တီကို (၁)ႏွစ္ ေပါင္(၁၅)သန္းနဲ႔စပါးအသင္း နည္းျပသစ္ခန႔္အပ္ခဲ့ၿပီး (၁၈)လစာခ်ဳပ္ခ်ဳပ္ဆို

မၾကာေသးခင္က ႏူႏိုဆန္တိုကို ရာထူးကထုတ္ပယ္ခဲ့တဲ့ စပါးအသင္းဟာ ခ်ယ္လ္ဆီးအသင္းနည္းျပေဟာင္းကြန္တီကို သူတို႔အသင္းနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီး လစာအျဖစ္(၁)ႏွစ္ေပါင္(၁၅)သန္းေပးေခ်သြားမွာျဖစ္ပါတယ္။ ကြန္တီဟာ စပါးအသင္းနည္းျပရာထူးနဲ႔ပတ္သက္လို႔ တနလၤာေန႔မွာ လန္ဒန္ၿမိဳ႕ကိုေရာက္ရွိခဲ့ၿပီးေတာ့ အသင္းဥကၠဌျဖစ္သူဒန္နီယဲလ္လီဗိုင္နဲ႔ေတြ႕ဆုံစကားေျပာဆိုခဲ့ၿပီးတဲ့ေနာက္ အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ဖို႔သေဘာတူညီခဲ့တာျဖစ္ၿပီး စပါးအသင္းဟာ ကြန္တီကို (၁၈)လစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။

ကြန္တီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပျဖစ္လာဖို႔ေရပန္းစားခဲ့ေပမယ့္ ၿပီးခဲ့တဲ့ပြဲမွာ စပါးအသင္းကို အႏိုင္ရခဲ့တဲ့အတြက္ ဆိုးလ္ရွားရဲ႕အေျခအေနက ျပန္လည္တည္ၿငိမ္သြားတာေၾကာင့္ အခု စပါးအသင္းက ကြန္တီကို လက္ဦးမႈရယူၿပီးနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္တာပါ။ စပါးအသင္းအေနနဲ႔ ကြန္တီကို လာမယ့္ဇန္နဝါရီကာလအတြင္း ကစားသမားသစ္ေခၚယူဖို႔အတြက္ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ ေပါင္သန္း(၁၅၀)အထိသုံးစြဲခြင့္ျပဳခဲ့တယ္လို႔လည္း ၿဗိတိန္နာမည္ေက်ာ္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

စပါးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ကြန္တီကို နည္းျပသစ္ခန႔္အပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ အဲဒီတုန္းက ကြန္တီရဲ႕လစာေငြျမင့္မားမႈ၊ ကြန္တီလိုခ်င္တဲ့ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ကို မေပးလိုတဲ့အတြက္ ေဆြးေႏြးမႈအဆင္မေျပခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ အသင္းက ရလဒ္ဆိုးေတြေၾကာင့္ယိမ္းယိုင္ေနတဲ့အတြက္ ကြန္တီရဲ႕ဆႏၵကို လိုက္ေလ်ာ္ၿပီးေတာ့နည္းျပခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

စပါးအသင္းနည္းျပသစ္ျဖစ္လာမယ့္အေပၚ ကြန္တီက “နည္းျပေလာကထဲ ျပန္လည္ဝင္ေရာက္ရမွာျဖစ္တဲ့အျပင္ စပါးအသင္းလို ရည္မွန္းခ်က္ႀကီးမားတဲ့ပရီးမီးယားလိဂ္ကလပ္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့အတြက္ ကြၽန္ေတာ္အရမ္းဝမ္းေျမာက္မိပါတယ္။ စပါးအသင္းရဲ႕ဖြဲ႕စည္းတည္ေဆာက္မႈေတြက အားရစရာေကာင္းသလို ကြင္းသစ္ကလည္း ကမာၻ႔အေကာင္းဆုံးကြင္းထဲေတြမွာတစ္ခုအပါအဝင္ပါပဲ။ ကစားသမားဘဝမွာသာမက နည္းျပဘဝမွာပါ ကြၽန္ေတာ့္ရဲ႕ ႏိုင္လိုစိတ္ျပင္းထန္မႈ၊ ခိုင္မႈတဲ့ဆုံးျဖတ္ခ်က္ေတြကို စပါးအသင္းနဲ႔ပရိသတ္ေတြကို ျပသႏိုင္ဖို႔အတြက္ အသင္းနဲ႔အျမန္ဆုံးအလုပ္လုပ္ခ်င္ေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။

အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကြန္တီဟာ နည္းျပဘဝတစ္ေလွ်ာက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ စီးရီးေအ(၃)ႀကိမ္၊ အီတလီစူပါဖလား(၁)ႀကိမ္၊ ခ်ယ္လ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္၊ FA ဖလားေတြရယူခဲ့သလို အင္တာမီလန္အသင္းကို ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆုျပန္လည္ရရွိႏိုင္ေအာင္စြမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။