ကွင်းလယ်လူ ဒီဘရိုင်းနားကို (၄)နှစ်စာချုပ်သက်တမ်းတိုးခဲ့တဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ သူတို့ရဲ့အဓိကကွင်းလယ်လူ ဒီဘရိုင်းနားကို ၂၀၂၅ ခုနှစ်အထိ (၄)နှစ်သက်တမ်းတိုးခဲ့တာကြောင့် ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဒီဘရိုင်းနားကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှာတော့ နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်း ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့နှစ်တုန်းက မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သူက ဒီအသင်းမှာ ပျော်ရွှင်နေပြီဖြစ်သလို နည်းပြဂွါဒီယိုလာကလည်း သူရှိနေသမျှကာလပတ်လုံး ဒီဘရိုင်းနားကို ရောင်းချသွားဖို့မရှိပါဘူး။

မန်စီးတီးအသင်းဟာ ဒီဘရိုင်းနားကို စာချုပ်သက်တမ်းတိုးခဲ့သလို ဒီဘရိုင်းနားအတွက်ပေးချေနေရတဲ့ တစ်ပတ်လစာပေါင်(၃)သိန်းကိုလည်း အနည်းငယ်တိုးမြှင့်ပေးသွားဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီးတဲ့နောက် ဒီဘရိုင်းနားက “ဂွါဒီယိုလာနဲ့ ကျွန်တော်တို့ဟာ ဘောလုံးကဏ္ဍနဲ့ပတ်သက်ပြီးအမြင်ချင်းတူညီပါတယ်။

ကိုယ့်အသင်းနည်းပြနဲ့ ဆက်ဆံရေးကောင်းရှိဖို့က အရေးကြီးတဲ့အချက်ဖြစ်ပြီး ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်ချင်လဲဆိုတာ ညှိနှိုင်းဖို့လိုအပ်တာကြောင့်ပါပဲ။ ကျွန်တော်တို့နှစ်ဦးကတော့ ရည်မှန်းချက်ချင်းတူညီပါတယ်။ မန်စီးတီးအသင်းဟာ အောင်မြင်မှုရဖို့ အမြဲကြိုးပမ်းနေတဲ့အသင်းဖြစ်သလို ကျွန်တော့်ခြေစွမ်းပိုင်းတိုးတက်လာအောင် လိုအပ်တဲ့အရာတိုင်းကို ထောက်ပံ့ပေးခဲ့ပါတယ်။

ဒါကြောင့်လည်း မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုးဖို့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးခြေစွမ်းတွေပြသနေပေမယ့် ဒီထက်ပိုတိုးတက်လာဦးမယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မန်စီးတီးအသင်းကို စတင်ပြောင်းရွှေ့ခဲ့ချိန်ကတည်းက ဒီအသင်းဟာ ကျွန်တော့်အိမ်လိုခံစားမိပြီး ပရိသတ်တွေကိုလည်း ချစ်မြတ်နိုးသလို၊ ကျွန်တော့်မိသားစုက မန်ချက်စတာမှာအခြေကျနေပြီဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်ဇွန်လကျရင် အသက်(၃၀)ပြည့်မယ့် ဒီဘရိုင်းနားဟာ ၂၀၁၅ နွေရာသီတုန်းက မန်စီးတီးအသင်းကို ပေါင်(၅၄)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး မန်စီးတီးကစားသမားဘ၀ (၆)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်(၂)ကြိမ်၊ FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီဘရိုင်းနားဟာ ချန်ပီယံလိဂ်ဖလားတစ်ခါမှ မရဖူးသေးတာကြောင့် ဒီရာသီမှာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလားရယူပြီး သူ့အတွက်လိုအပ်နေတဲ့ အောင်မြင်မှုကွက်လပ်ကို ဖြည့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြင္းလယ္လူ ဒီဘ႐ိုင္းနားကို (၄)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ မန္စီးတီး

မန္စီးတီးအသင္းဟာ သူတို႔ရဲ႕အဓိကကြင္းလယ္လူ ဒီဘ႐ိုင္းနားကို ၂၀၂၅ ခုႏွစ္အထိ (၄)ႏွစ္သက္တမ္းတိုးခဲ့တာေၾကာင့္ ဒီဘ႐ိုင္းနားဟာ မန္စီးတီးအသင္းမွာ ဆယ္စုႏွစ္တစ္ခုၾကာကစားခြင့္ရရွိေတာ့မွာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက ဒီဘ႐ိုင္းနားကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားက ျငင္းဆန္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ႏွစ္ဦးႏွစ္ဖက္ေဆြးေႏြးမႈေတြလုပ္ခဲ့ၿပီးတဲ့ေနာက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရခဲ့တာပဲျဖစ္ပါတယ္။

မန္စီးတီးအသင္း ဒုတိယအသင္းေခါင္းေဆာင္ျဖစ္သူ ဒီဘ႐ိုင္းနားဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက မန္စီးတီးအသင္းကေန ထြက္ခြာဖို႔ရွိတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ သူက ဒီအသင္းမွာ ေပ်ာ္႐ႊင္ေနၿပီျဖစ္သလို နည္းျပဂြါဒီယိုလာကလည္း သူရွိေနသမွ်ကာလပတ္လုံး ဒီဘ႐ိုင္းနားကို ေရာင္းခ်သြားဖို႔မရွိပါဘူး။

မန္စီးတီးအသင္းဟာ ဒီဘ႐ိုင္းနားကို စာခ်ဳပ္သက္တမ္းတိုးခဲ့သလို ဒီဘ႐ိုင္းနားအတြက္ေပးေခ်ေနရတဲ့ တစ္ပတ္လစာေပါင္(၃)သိန္းကိုလည္း အနည္းငယ္တိုးျမႇင့္ေပးသြားဖို႔ သေဘာတူညီမႈရရွိခဲ့ပါတယ္။ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးတဲ့ေနာက္ ဒီဘ႐ိုင္းနားက “ဂြါဒီယိုလာနဲ႔ ကြၽန္ေတာ္တို႔ဟာ ေဘာလုံးက႑နဲ႔ပတ္သက္ၿပီးအျမင္ခ်င္းတူညီပါတယ္။ ကိုယ့္အသင္းနည္းျပနဲ႔ ဆက္ဆံေရးေကာင္းရွိဖို႔က အေရးႀကီးတဲ့အခ်က္ျဖစ္ၿပီး ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ဘာျဖစ္ခ်င္လဲဆိုတာ ညႇိႏႈိင္းဖို႔လိုအပ္တာေၾကာင့္ပါပဲ။ ကြၽန္ေတာ္တို႔ႏွစ္ဦးကေတာ့ ရည္မွန္းခ်က္ခ်င္းတူညီပါတယ္။ မန္စီးတီးအသင္းဟာ ေအာင္ျမင္မႈရဖို႔ အၿမဲႀကိဳးပမ္းေနတဲ့အသင္းျဖစ္သလို ကြၽန္ေတာ့္ေျခစြမ္းပိုင္းတိုးတက္လာေအာင္ လိုအပ္တဲ့အရာတိုင္းကို ေထာက္ပံ့ေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း မန္စီးတီးနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ လြယ္လြယ္ကူကူပဲ ဆုံးျဖတ္ခဲ့တာပါ။ ကြၽန္ေတာ့္ကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆုံးေျခစြမ္းေတြျပသေနေပမယ့္ ဒီထက္ပိုတိုးတက္လာဦးမယ္လို႔ ယုံၾကည္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ မန္စီးတီးအသင္းကို စတင္ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကတည္းက ဒီအသင္းဟာ ကြၽန္ေတာ့္အိမ္လိုခံစားမိၿပီး ပရိသတ္ေတြကိုလည္း ခ်စ္ျမတ္ႏိုးသလို၊ ကြၽန္ေတာ့္မိသားစုက မန္ခ်က္စတာမွာအေျခက်ေနၿပီျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လာမယ့္ဇြန္လက်ရင္ အသက္(၃၀)ျပည့္မယ့္ ဒီဘ႐ိုင္းနားဟာ ၂၀၁၅ ေႏြရာသီတုန္းက မန္စီးတီးအသင္းကို ေပါင္(၅၄)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး မန္စီးတီးကစားသမားဘ၀ (၆)ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္(၂)ႀကိမ္၊ FA ဖလား(၁)ႀကိမ္၊ လိဂ္ဖလား(၃)ႀကိမ္ရရွိခဲ့ပါတယ္။ ဒါေပမဲ့ ဒီဘ႐ိုင္းနားဟာ ခ်န္ပီယံလိဂ္ဖလားတစ္ခါမွ မရဖူးေသးတာေၾကာင့္ ဒီရာသီမွာ မန္စီးတီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားရယူၿပီး သူ႔အတြက္လိုအပ္ေနတဲ့ ေအာင္ျမင္မႈကြက္လပ္ကို ျဖည့္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။