ကွင်းလယ်လူဗီစီနိုအတွက် မန်ယူရဲ့အငှားကမ်းလှမ်းမှုကို အင်တာပယ်ချ

photo-express

photo-gettyimages

ကွင်းလယ်လူဗီစီနိုအတွက် မန်ယူရဲ့အငှားကမ်းလှမ်းမှုတစ်ခုကို အင်တာမီလန်အသင်းက ပယ်ချလိုက်ကြောင်း အီတလီမှာရှိတဲ့ Sky သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ အဲဒီဥရုဂွေးလက်ရွေးစင်ကစားသမားအတွက် နှစ်သင်းအကြား သဘောတူညီမှုမရဖြစ်ခဲ့တာပါ။ ဗီစီနိုဟာ သူ့နိုင်ငံအသင်အတွက် ၄၁ ပွဲ ကစားပေးထားသူ ဖြစ်ပါတယ်။

photo-gettyimages

အသက် ၂၈ နှစ်အရွယ် အဲဒီဗဟိုကွင်းလယ်လူဟာ ဒီရာသီမှာ အင်တာအတွက် ပြိုင်ပွဲအရပ်ရပ် ၁၇ ပွဲကစားပေးထားပြီး ၂ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးပေးထားတာပါ။ သူဟာ ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကတည်းက ဖီအိုရင်တီးနားကနေ အင်တာမီလန်ကိုရောက်ရှိနေတာဖြစ်ပြီး စီးရီးအေပြိုင်ပွဲရဲ့ဝါရင့်ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ မန်ယူဟာ ဒဏ်ရာကြောင့် နားနေရတဲ့ အဓိကကွင်းလယ်လူတွေဖြစ်ကြတဲ့ ပေါ့ဂ်ဘာနဲ့ တွမ်မီနေးတို့နေရာမှာ ယာယီဖြေရှင်းတဲ့သဘောအနေနဲ့ ဗီစီနိုကို အငှားကမ်းလှမ်းခဲ့တာပါ။

photo-inter

အင်တာမီလန်အနေနဲ့ မန်ယူကို ကစားသမားမရောင်းလိုဘဲ မန်ယူဆီကသာ ကစားသမားခေါ်ချင်တဲ့ သဘောလည်း ဖြစ်နေတယ်။ အရင်နှစ်တွေတုန်းကလည်း အခုဘိုင်ယန်ကိုအငှားရောက်နေတဲ့ အင်တာရဲ့ပါရီဆစ်ဟာ မန်ယူနဲ့သတင်းတွေကြီးခဲ့ပေမယ့် ရောက်မလာခဲ့ပါဘူး။ အင်တာကတော့ အခုရာသီမှာတင် မန်ယူဆီက ကစားသမား ၂ ယောက်ခေါ်ယူထားပြီး နွေတုန်းက လူကာကူနဲ့ ဒီဇန်နဝါရီမှာ အက်ရှ်လေယန်းတို့ပါ။ ဒါ့အပြင် ဆန်းချက်ဇ်ကိုလည်း အငှားခေါ်ထားပါတယ်။

[Zawgyi]

ကြင္းလယ္လူဗီစီႏိုအတြက္ မန္ယူရဲ႕အငွားကမ္းလွမ္းမႈကုိ အင္တာပယ္ခ်

ကြင္းလယ္လူဗီစီႏိုအတြက္ မန္ယူရဲ႕အငွားကမ္းလွမး္မႈတစ္ခုကို အင္တာမီလန္အသင္းက ပယ္ခ်လိုက္ေၾကာင္း အီတလီမွာရွိတဲ့ Sky သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ အဲဒီဥရုေဂြးလက္ေရြးစင္ကစားသမားအတြက္ ႏွစ္သင္းအၾကား သေဘာတူညီမႈမရျဖစ္ခဲ့တာပါ။ ဗီစီႏိုဟာ သူ႔ႏိုင္ငံအသင္အတြက္ ၄၁ ပြဲ ကစားေပးထားသူ ျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ အဲဒီဗဟုိကြင္းလယ္လူဟာ ဒီရာသီမွာ အင္တာအတြက္ ၿပိဳင္ပဲြအရပ္ရပ္ ၁၇ ပြဲကစားေပးထားၿပီး ၂ ဂိုးသြင္းကာ ၁ ဂိုးဖန္တီးေပးထားတာပါ။ သူဟာ ၂၀၁၇ ေႏြရာသီအေျပာင္းအေရႊ႕ကတည္းက ဖီအုိရင္တီးနားကေန အင္တာမီလန္ကိုေရာက္ရွိေနတာျဖစ္ၿပီး စီးရီးေအၿပိဳင္ပြဲရဲ႕၀ါရင့္ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ မန္ယူဟာ ဒဏ္ရာေၾကာင့္ နားေနရတဲ့ အဓိကကြင္းလယ္လူေတြျဖစ္ၾကတဲ့ ေပါ့ဂ္ဘာနဲ႔ တြမ္မီေနးတို႔ေနရာမွာ ယာယီေျဖရွင္းတဲ့သေဘာအေနနဲ႔ ဗီစီႏိုကို အငွားကမ္းလွမ္းခဲ့တာပါ။

အင္တာမီလန္အေနနဲ႔ မန္ယူကို ကစားသမားမေရာင္းလိုဘဲ မန္ယူဆီကသာ ကစားသမားေခၚခ်င္တဲ့ သေဘာလည္း ျဖစ္ေနတယ္။ အရင္ႏွစ္ေတြတုန္းကလည္း အခုဘိုင္ယန္ကိုအငွားေရာက္ေနတဲ့ အင္တာရဲ႕ပါရီဆစ္ဟာ မန္ယူနဲ႔သတင္းေတြႀကီးခဲ့ေပမယ့္ ေရာက္မလာခ့ဲပါဘူး။ အင္တာကေတာ့ အခုရာသီမွာတင္ မန္ယူဆီက ကစားသမား ၂ ေယာက္ေခၚယူထားၿပီး ေႏြတုန္းက လူကာကူနဲ႔ ဒီဇန္န၀ါရီမွာ အက္ရွ္ေလယန္းတုိ႔ပါ။ ဒါ့အျပင္ ဆန္းခ်က္ဇ္ကိုလည္း အငွားေခၚထားပါတယ္။