ကွင်းလယ်လူဖာဘင်ဟိုကို ၂၀၂၆ ခုနှစ်အထိ လီဗာပူးလ်အသင်း (၅)နှစ်စာချုပ်သက်တမ်းတိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သူဖာဘင်ဟိုဟာ သူ့ရဲ့အနာဂတ်ကို အန်ဖီးလ်မှာ ဆက်လက်ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပြီး အသင်းနဲ့(၅)နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ကစားသမားဖာဘင်ဟိုဟာ ၂၀၁၈ ခုနှစ်တုန်းက လီဗာပူးလ်အသင်းဆီရောက်ရှိခဲ့ပြီး ကွင်းလယ်မှာသာမက အသင်းရဲ့လိုအပ်ချက်အရ နောက်ခံအတွင်းလူ၊ ညာနောက်ခံလူအဖြစ်ကစားခဲ့ပြီးတော့ သူ့ရဲ့အရည်အသွေးကို ပြသခဲ့သူပါ။

ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းရဲ့အဓိကနောက်ခံလူနှစ်ဦးဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့ ဒဏ်ရာကြောင့်ကာလရှည်အနားယူနေရချိန်မှာ ဖာဘင်ဟိုက ခံစစ်ပြဿနာကို တာဝန်ယူခဲ့ရပြီး အဲဒီလိုပုံစံကောင်းတွေပြသနိုင်ခဲ့လို့ လီဗာပူးလ်အသင်းဟာ ဖာဘင်ဟိုကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။

ဖာဘင်ဟိုနဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့သတင်းကို လီဗာပူးလ်အသင်းက သူတို့ဝက်ဘ်ဆိုက်မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့သလို ဖာဘင်ဟိုကလည်း လီဗာပူးလ်အသင်းမှာ နောက်ထပ်နှစ်ပေါင်းများစွာဆက်ရှိနေမှာဖြစ်တဲ့အတွက် ဝမ်းမြောက်ကျေနပ်မိတယ်လို့ ဆိုခဲ့ပါတယ်။

ဖာဘင်ဟိုက “လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော်ကျေနပ်မိပါတယ်။

စာချုပ်သစ်ကိစ္စအတွက် စတင်ဆွေးနွေးခဲ့ကတည်းက ဒီအသင်းမှာပဲ ဆက်ကစားဖို့ဆန္ဒရှိနေတာကြောင့် အစစအရာရာအဆင်ပြေမယ်ဆိုတာ ကျွန်တော် ကြိုတွေးထားပြီးသားပါ။

အခုအချိန်မှာတော့ တရားဝင်စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်လို့ အရမ်းဝမ်းမြောက်မိပါတယ်။

လီဗာပူးလ်အသင်းနဲ့အတူ ကစားသမားဘဝဖြတ်သန်းခဲ့တဲ့ (၃)နှစ်တာကာလက ကျေနပ်စရာကောင်သလို နည်းပြ၊ အသင်းရဲ့ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေဆီကနေ အများကြီးလေ့လာသင်ယူခဲ့ရပါတယ်။

အောင်မြင်မှုတွေကို ကျွန်တော်တို့အတူလက်တွဲရယူခဲ့သလို လီဗာပူးလ်အသင်းဟာ ကျွန်တော့်ဘဝတိုးတက်ဖို့အတွက် အသင့်တော်ဆုံးနေရာလို့ယူဆမိပြီး လာမယ့်အနာဂတ်မှာလည်း အောင်မြင်မှုတွေကို အတူတကွ ဆက်လက်ရယူနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဖာဘင်ဟိုကို စာချုပ်သက်တမ်းတိုးအပြီးမှာ နောက်ထပ် အဓိက,ကစားသမားတွေဖြစ်တဲ့ အယ်လစ်ဆင်၊ ဗန်ဒိုက်၊ ဆာလာနဲ့ ရော်ဘတ်ဆန်တို့ကိုလည်း စာချုပ်သစ်တွေအသီးသီးချုပ်ဆိုသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကြင္းလယ္လူဖာဘင္ဟိုကို ၂၀၂၆ ခုႏွစ္အထိ လီဗာပူးလ္အသင္း (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုး

လီဗာပူးလ္အသင္းရဲ႕ အဓိကကြင္းလယ္လူတစ္ဦးျဖစ္သူဖာဘင္ဟိုဟာ သူ႔ရဲ႕အနာဂတ္ကို အန္ဖီးလ္မွာ ဆက္လက္ျဖတ္သန္းဖို႔ဆုံးျဖတ္ခဲ့ၿပီး အသင္းနဲ႔(၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္ပါတယ္။ အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္ကစားသမားဖာဘင္ဟိုဟာ ၂၀၁၈ ခုႏွစ္တုန္းက လီဗာပူးလ္အသင္းဆီေရာက္ရွိခဲ့ၿပီး ကြင္းလယ္မွာသာမက အသင္းရဲ႕လိုအပ္ခ်က္အရ ေနာက္ခံအတြင္းလူ၊ ညာေနာက္ခံလူအျဖစ္ကစားခဲ့ၿပီးေတာ့ သူ႔ရဲ႕အရည္အေသြးကို ျပသခဲ့သူပါ။

ၿပီးခဲ့တဲ့ရာသီက လီဗာပူးလ္အသင္းရဲ႕အဓိကေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ ဗန္ဒိုက္၊ ဂ်ိဳးဂိုးမက္ဇ္တို႔ ဒဏ္ရာေၾကာင့္ကာလရွည္အနားယူေနရခ်ိန္မွာ ဖာဘင္ဟိုက ခံစစ္ျပႆနာကို တာဝန္ယူခဲ့ရၿပီး အဲဒီလိုပုံစံေကာင္းေတြျပသႏိုင္ခဲ့လို႔ လီဗာပူးလ္အသင္းဟာ ဖာဘင္ဟိုကို ၂၀၂၆ ခုႏွစ္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာပဲျဖစ္ပါတယ္။ ဖာဘင္ဟိုနဲ႔ စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့သတင္းကို လီဗာပူးလ္အသင္းက သူတို႔ဝက္ဘ္ဆိုက္မွာ တရားဝင္သတင္းထုတ္ျပန္ခဲ့သလို ဖာဘင္ဟိုကလည္း လီဗာပူးလ္အသင္းမွာ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာဆက္ရွိေနမွာျဖစ္တဲ့အတြက္ ဝမ္းေျမာက္ေက်နပ္မိတယ္လို႔ ဆိုခဲ့ပါတယ္။

ဖာဘင္ဟိုက “လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ေက်နပ္မိပါတယ္။ စာခ်ဳပ္သစ္ကိစၥအတြက္ စတင္ေဆြးေႏြးခဲ့ကတည္းက ဒီအသင္းမွာပဲ ဆက္ကစားဖို႔ဆႏၵရွိေနတာေၾကာင့္ အစစအရာရာအဆင္ေျပမယ္ဆိုတာ ကြၽန္ေတာ္ ႀကိဳေတြးထားၿပီးသားပါ။ အခုအခ်ိန္မွာေတာ့ တရားဝင္စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ၿပီျဖစ္လို႔ အရမ္းဝမ္းေျမာက္မိပါတယ္။ လီဗာပူးလ္အသင္းနဲ႔အတူ ကစားသမားဘဝျဖတ္သန္းခဲ့တဲ့ (၃)ႏွစ္တာကာလက ေက်နပ္စရာေကာင္သလို နည္းျပ၊ အသင္းရဲ႕ဝန္ထမ္းေတြနဲ႔ အသင္းေဖာ္ေတြဆီကေန အမ်ားႀကီးေလ့လာသင္ယူခဲ့ရပါတယ္။

ေအာင္ျမင္မႈေတြကို ကြၽန္ေတာ္တို႔အတူလက္တြဲရယူခဲ့သလို လီဗာပူးလ္အသင္းဟာ ကြၽန္ေတာ့္ဘဝတိုးတက္ဖို႔အတြက္ အသင့္ေတာ္ဆုံးေနရာလို႔ယူဆမိၿပီး လာမယ့္အနာဂတ္မွာလည္း ေအာင္ျမင္မႈေတြကို အတူတကြ ဆက္လက္ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ဖာဘင္ဟိုကို စာခ်ဳပ္သက္တမ္းတိုးအၿပီးမွာ ေနာက္ထပ္ အဓိက,ကစားသမားေတြျဖစ္တဲ့ အယ္လစ္ဆင္၊ ဗန္ဒိုက္၊ ဆာလာနဲ႔ ေရာ္ဘတ္ဆန္တို႔ကိုလည္း စာခ်ဳပ္သစ္ေတြအသီးသီးခ်ဳပ္ဆိုသြားဖို႔ရွိေနပါၿပီ။