ကွင်းလယ်ဒိုင်ရဲ့ ရိုင်းစိုင်းအပြောကြမ်းပုံတွေကို ထုတ်ဖော်တဲ့ ဟာရဲရား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားဖြစ်သူ ဟာရဲရားက မနေ့ညက အယ်တီဟတ်ကွင်းမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွင်း

အဲဒီပွဲရဲ့ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ နယ်သာလန်လူမျိုး ဒိုင်လူကြီးကိုက်ပါစ်ရဲ့ စကားပြောကြမ်းတဲ့ ကိစ္စကိုထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အဲဒီဒိုင်လူကြီးက ဟာရဲရား ရဲ့အသင်းဖော် လီယိုနာဒိုပါရေဒက်စ်ကို ရိုင်းစိုင်းရင့်သီးလွန်းတဲ့ စကားနဲ့ ပြောဆိုဆက်ဆံသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာလည်း မန်စီးတီးက နှစ်ဂိုးပြတ်နဲ့အတူ ထပ်မံအနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုးတစ်ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ ပါတယ်။

ဒီနှစ်ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့တလျှောက် မန်စီးတီး အနေနဲ့ ၁၂ ပွဲကစားခဲ့ရာမှာ ၁၁ ပွဲအထိ အနိုင်ရခဲ့ပြီး ပေါ်တိုကို အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့တဲ့တစ်ပွဲ သာ အနိုင်မရခဲ့တာဘဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကွင်းလယ်လူ ဟာရဲရားက “ကွင်းလယ်ဒိုင်က ပါရေဒက်စ်ကို ရင့်သီးရိုင်းစိုင်းတဲ့ စကားလုံးကို အသုံးပြုပြီး ထွက်သွားဖို့ ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ကစားသမားတွေဘက်ကနေသာ အဲဒီစကားလုံးကို သုံးလိုက်မိမယ်ဆိုရင်တော့ အနည်းဆုံး(၄)ပွဲလောက် ပွဲပယ်ပြစ်ဒဏ် ကျခံရမှာ” လို့ ပြောဆိုပါတယ်။

ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဗာရက်တီကလည်း “ကွင်းလယ်ဒိုင်က ကျွန်တော့်ကို Fxxk You ဆိုပြီး အကြိမ်အနည်းငယ်လောက်ကို ပြောဆိုခဲ့ပါတယ်။ ကျွန်တော်သာ အဲဒီစကားလုံးမျိုးနဲ့ ဒိုင်လူကြီးကို ပြန်ပြောမိမယ်ဆိုရင်တော့ (၁၀)ပွဲလောက်အထိကို ပွဲအပယ်ခံရမှာပါ။”

“ပွဲစဉ်အတွင်းမှာ ကျွန်တော့်ဘက်က ကွင်းလယ်ဒိုင်ကို စကားလုံးများစွာနဲ့ စောဒက တက်ခဲ့မိတာကတော့ အမှန်ပါ။ ဒါပေမယ့် သူကျွန်တော့်ကို ပြောဆိုခဲ့တဲ့ စကားလုံးမျိုးကို ကျွန်တော်လုံးဝမပြောမိခဲ့ပါဘူး” လို့ ပြောဆိုပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကြင္းလယ္ဒိုင္ရဲ႕ ရိုင္းစိုင္းအေျပာၾကမ္းပုံေတြကို ထုတ္ေဖာ္တဲ့ ဟာရဲရား

ပီအက္စ္ဂ်ီအသင္းရဲ့ စပိန္ကြင္းလယ္ကစားသမားျဖစ္သူ ဟာရဲရားက မေန႔ညက အယ္တီဟတ္ကြင္းမွာ က်င္းပခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္အတြင္း အဲဒီပြဲရဲ့ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူေဆာင္ရြက္ခဲ့တဲ့ နယ္သာလန္လူမ်ိဳး ဒိုင္လူႀကီးကိုက္ပါစ္ရဲ႕ စကားေျပာၾကမ္းတဲ့ ကိစၥကိုထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။

အဲဒီဒိုင္လူႀကီးက ဟာရဲရား ရဲ့အသင္းေဖာ္ လီယိုနာဒိုပါေရဒက္စ္ကို ရိုင္းစိုင္းရင့္သီးလြန္းတဲ့ စကားနဲ႔ ေျပာဆိုဆက္ဆံသြားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္မွာလည္း မန္စီးတီးက ႏွစ္ဂိုးျပတ္နဲ႔အတူ ထပ္မံအနိုင္ရခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ေလးဂိုးတစ္ဂိုးနဲ႔ ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့ ပါတယ္။

ဒီႏွစ္ခ်န္ပီယံလိဂ္မွာ အုပ္စုအဆင့္ကေန ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့တဲ့တေလၽွာက္ မန္စီးတီး အေနနဲ႔ ၁၂ ပြဲကစားခဲ့ရာမွာ ၁၁ ပြဲအထိ အနိုင္ရခဲ့ၿပီး ေပၚတိုကို အေဝးကြင္းမွာ ဂိုးမရွိသေရက်ခဲ့တဲ့တစ္ပြဲ သာ အနိုင္မရခဲ့တာဘဲ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကြင္းလယ္လူ ဟာရဲရားက “ကြင္းလယ္ဒိုင္က ပါေရဒက္စ္ကို ရင့္သီးရိုင္းစိုင္းတဲ့ စကားလုံးကို အသုံးျပဳၿပီး ထြက္သြားဖို့ ေျပာဆိုခဲ့ပါတယ္။ ကၽြန္ေတာ္တို့ကစားသမားေတြဘက္ကေနသာ အဲဒီစကားလုံးကို သုံးလိုက္မိမယ္ဆိုရင္ေတာ့ အနည္းဆုံး(၄)ပြဲေလာက္ ပြဲပယ္ျပစ္ဒဏ္ က်ခံရမွာ” လို့ ေျပာဆိုပါတယ္။

ပီအက္စ္ဂ်ီ ကြင္းလယ္ကစားသမား ဗာရက္တီကလည္း “ကြင္းလယ္ဒိုင္က ကၽြန္ေတာ့္ကို Fxxk You ဆိုၿပီး အႀကိမ္အနည္းငယ္ေလာက္ကို ေျပာဆိုခဲ့ပါတယ္။ ကၽြန္ေတာ္သာ အဲဒီစကားလုံးမ်ိဳးနဲ႔ ဒိုင္လူႀကီးကို ျပန္ေျပာမိမယ္ဆိုရင္ေတာ့ (၁၀)ပြဲေလာက္အထိကို ပြဲအပယ္ခံရမွာပါ။”

“ပြဲစဥ္အတြင္းမွာ ကၽြန္ေတာ့္ဘက္က ကြင္းလယ္ဒိုင္ကို စကားလုံးမ်ားစြာနဲ႔ ေစာဒက တက္ခဲ့မိတာကေတာ့ အမွန္ပါ။ ဒါေပမယ့္ သူကၽြန္ေတာ့္ကို ေျပာဆိုခဲ့တဲ့ စကားလုံးမ်ိဳးကို ကၽြန္ေတာ္လုံးဝမေျပာမိခဲ့ပါဘူး” လို့ ေျပာဆိုပါေသးတယ္။