ကွင်းလယ်စည်းတည့်တည့်မှာ သေးပေါက်ချပြီး ပြဿနာဖြေရှင်းခဲ့ရတဲ့ ဒိုင်လူကြီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးလ်နိုင်ငံက ဖလားပွဲတစ်ပွဲမှာ ပွဲမစခင် ကွင်းလယ်ဒိုင်လူကြီးဟာ သူ့ပြဿနာကို မအောင့်ထားနိုင်ဘဲ ကွင်းလယ်စည်းတည့်တည့်မှာ သေးပေါက်ချခဲ့တာကြောင့် ပွဲကျစရာဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့ကြာသပတေးနေ့က Copa de Brasil ဖလား(အင်္ဂလန်မှာဆိုရင် FA ဖလားလို ရှုံးထွက်ပြိုင်ပွဲ)ပွဲစဉ်အဖြစ် ဘိုအာဗစ်စတာနဲ့ ဂိုအာအသင်းတို့ကစားတဲ့ပွဲမတိုင်ခင် နှစ်ဖက်ကစားသမားတွေက ကွင်းထဲမှာ အသီးသီးနေရာယူ၊ စည်းကြပ်ဒိုင်တွေကလည်း သတ်မှတ်တဲ့နေရာမှာ နေရာယူနေတုန်း ကွင်းလယ်ဒိုင်ဖြစ်သူ ရီဘယ်ရီယိုဆီရာဖင်ဟာ ဘောလုံးတည်ထားတဲ့ ကွင်းလယ်စည်းတည့်တည့်မှာ ခပ်တည်တည်ပဲ သူ့ဘောင်းဘီထဲ သေးပေါက်ချခဲ့တာဖြစ်ပါတယ်။

ဆီရာဖင်ဟာ ပွဲစဖို့အချိန်နီးကပ်နေတာကြောင့် အဝတ်လဲခန်းထဲက အိမ်သာမှာ သူ့ဒုက္ခကို ဖြေရှင်းဖို့အချိန်မရတော့တဲ့အတွက် ဖြစ်ချင်တာဖြစ်ဆိုပြီး ကွင်းထဲမှာပဲ ကြုံသလိုဖြေရှင်းလိုက်ရတဲ့ပုံပါပဲ။ ပြဿနာဖြေရှင်းပြီးတဲ့နောက်မှာ ပေါ့ပါးသွားတဲ့ ဆီရာဖင်က ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမဟုတ်သလိုပုံစံနဲ့တောင် ဟန်ဆောင်လိုက်ပါသေးတယ်။

ဒါပေမဲ့ အဲဒီအဖြစ်အပျက်ကို ရုပ်သံကနေ ပီပီပြင်ပြင်ရိုက်ကူးထားနိုင်ခဲ့လို့ ဆီရာဖင်ရဲ့အပြုအမူက လူမှုကွန်ရက်တွေပေါ်မှာ ရယ်စရာအဖြစ် လူပြောများနေပြီဖြစ်ပါတယ်။ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက “ဒိုင်လူကြီးက အိမ်သာသွားနေရင် ပွဲစတဲ့အချိန်နောက်ကျမှာစိုးလို့ ဘောင်းဘီထဲ သေးပေါက်ချပြီး ဖြေရှင်းလိုက်တာပါ”လို့ နောက်ပြောင်ခဲ့သလို နောက်တစ်ဦးက “ဒါက ဆီးတွေမဟုတ်ပါဘူး။

ဒီပွဲမှာ ခိုက်ရန်ဖြစ်ပွားမှုတွေမဖြစ်အောင်လို့ ဒိုင်လူကြီးက ကွင်းထဲမှာ အန္တရာယ်ကင်းအောင် ရေစင်ပက်ဖျန်းခဲ့တာပါ”လို့ ရေးသားခဲ့ပါတယ်။

အဲဒီပွဲမှာ အားကစားအစီအစဉ်တင်ဆက်သူ အက်ဒ်ဆင်ဂျူနီယာက “ပွဲမစခင်မှာ ဒိုင်လူကြီးက ဘောင်းဘီထဲသေးပေါက်ချခဲ့ပါတယ်။ ဒီ သေးစိုနေတဲ့ဘောင်းဘီကို ပထမပိုင်းတစ်ပိုင်းလုံး ဝတ်ဆင်ခဲ့ရလို့ တော်တော်လေးအနေရခက်မယ့်သဘောပါပဲ”လို့ စနောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဘိုအာဗစ်စတာအသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး နှစ်ဖက်ကစားသမားတွေဟာ ဒိုင်လူကြီး ဆီရာဖင်အနားရောက်ရင် သေးနံ့များ မနံမိဘူးလားလို့တောင် တွေးမိနေပါတော့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကြင္းလယ္စည္းတည့္တည့္မွာ ေသးေပါက္ခ်ၿပီး ျပႆနာေျဖရွင္းခဲ့ရတဲ့ ဒိုင္လူႀကီး

ဘရာဇီးလ္ႏိုင္ငံက ဖလားပြဲတစ္ပြဲမွာ ပြဲမစခင္ ကြင္းလယ္ဒိုင္လူႀကီးဟာ သူ႔ျပႆနာကို မေအာင့္ထားႏိုင္ဘဲ ကြင္းလယ္စည္းတည့္တည့္မွာ ေသးေပါက္ခ်ခဲ့တာေၾကာင့္ ပြဲက်စရာျဖစ္ခဲ့ရပါတယ္။ ၿပီးခဲ့ၾကာသပေတးေန႔က Copa de Brasil ဖလား(အဂၤလန္မွာဆိုရင္ FA ဖလားလို ရႈံးထြက္ၿပိဳင္ပြဲ)ပြဲစဥ္အျဖစ္ ဘိုအာဗစ္စတာနဲ႔ ဂိုအာအသင္းတို႔ကစားတဲ့ပြဲမတိုင္ခင္ ႏွစ္ဖက္ကစားသမားေတြက ကြင္းထဲမွာ အသီးသီးေနရာယူ၊ စည္းၾကပ္ဒိုင္ေတြကလည္း သတ္မွတ္တဲ့ေနရာမွာ ေနရာယူေနတုန္း ကြင္းလယ္ဒိုင္ျဖစ္သူ ရီဘယ္ရီယိုဆီရာဖင္ဟာ ေဘာလုံးတည္ထားတဲ့ ကြင္းလယ္စည္းတည့္တည့္မွာ ခပ္တည္တည္ပဲ သူ႔ေဘာင္းဘီထဲ ေသးေပါက္ခ်ခဲ့တာျဖစ္ပါတယ္။ ဆီရာဖင္ဟာ ပြဲစဖို႔အခ်ိန္နီးကပ္ေနတာေၾကာင့္ အဝတ္လဲခန္းထဲက အိမ္သာမွာ သူ႔ဒုကၡကို ေျဖရွင္းဖို႔အခ်ိန္မရေတာ့တဲ့အတြက္ ျဖစ္ခ်င္တာျဖစ္ဆိုၿပီး ကြင္းထဲမွာပဲ ႀကဳံသလိုေျဖရွင္းလိုက္ရတဲ့ပုံပါပဲ။

ျပႆနာေျဖရွင္းၿပီးတဲ့ေနာက္မွာ ေပါ့ပါးသြားတဲ့ ဆီရာဖင္က ေဘးပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူမဟုတ္သလိုပုံစံနဲ႔ေတာင္ ဟန္ေဆာင္လိုက္ပါေသးတယ္။ ဒါေပမဲ့ အဲဒီအျဖစ္အပ်က္ကို ႐ုပ္သံကေန ပီပီျပင္ျပင္႐ိုက္ကူးထားႏိုင္ခဲ့လို႔ ဆီရာဖင္ရဲ႕အျပဳအမူက လူမႈကြန္ရက္ေတြေပၚမွာ ရယ္စရာအျဖစ္ လူေျပာမ်ားေနၿပီျဖစ္ပါတယ္။ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက “ဒိုင္လူႀကီးက အိမ္သာသြားေနရင္ ပြဲစတဲ့အခ်ိန္ေနာက္က်မွာစိုးလို႔ ေဘာင္းဘီထဲ ေသးေပါက္ခ်ၿပီး ေျဖရွင္းလိုက္တာပါ”လို႔ ေနာက္ေျပာင္ခဲ့သလို ေနာက္တစ္ဦးက “ဒါက ဆီးေတြမဟုတ္ပါဘူး။ ဒီပြဲမွာ ခိုက္ရန္ျဖစ္ပြားမႈေတြမျဖစ္ေအာင္လို႔ ဒိုင္လူႀကီးက ကြင္းထဲမွာ အႏၲရာယ္ကင္းေအာင္ ေရစင္ပက္ဖ်န္းခဲ့တာပါ”လို႔ ေရးသားခဲ့ပါတယ္။ အဲဒီပြဲမွာ အားကစားအစီအစဥ္တင္ဆက္သူ အက္ဒ္ဆင္ဂ်ဴနီယာက “ပြဲမစခင္မွာ ဒိုင္လူႀကီးက ေဘာင္းဘီထဲေသးေပါက္ခ်ခဲ့ပါတယ္။ ဒီ ေသးစိုေနတဲ့ေဘာင္းဘီကို ပထမပိုင္းတစ္ပိုင္းလုံး ဝတ္ဆင္ခဲ့ရလို႔ ေတာ္ေတာ္ေလးအေနရခက္မယ့္သေဘာပါပဲ”လို႔ စေနာက္ခဲ့ပါတယ္။ အဲဒီပြဲမွာ ဘိုအာဗစ္စတာအသင္းက (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ႏွစ္ဖက္ကစားသမားေတြဟာ ဒိုင္လူႀကီး ဆီရာဖင္အနားေရာက္ရင္ ေသးနံ႔မ်ား မနံမိဘူးလားလို႔ေတာင္ ေတြးမိေနပါေတာ့တယ္ . . .