ကွင်းလယ်စက်ဝိုင်းကနေ သွင်းယူခဲ့တဲ့ သရဲနီဟောင်းလေးအိန်ဂျယ်ဂိုမက်စ်ရဲ့အံ့မခန်းသွင်းဂိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်ယူကွင်းလယ်လူဟောင်းအိန်ဂျယ်ဂိုမက်စ်ဟာ ပြီးခဲ့တဲ့သောကြာည ပေါ်တူဂီလိဂ်ပွဲစဉ်တစ်ခုမှာ ဘိုအာဗစ္စတာအသင်းအတွက် အံ့မခန်းသွင်းဂိုးတစ်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ မိုရီရန်ဆီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ သူဟာ လက်ရှိကလပ်အတွက် အဖွင့်ဂိုးသွင်းပေးခဲ့တာပါ။

သူဟာ ကွင်းလယ်စည်းနားမှာပဲ ပြိုင်ဘက်ဆီက ဘောလုံးကို လုယူပြီး တစ်ဖက်ဂိုးသမားရှေ့ထွက်နေတာကို အမိအရအခွင့်ကောင်းယူခဲ့တာပါ။ ကွင်းလယ်စက်ဝိုင်းကနေ သူကန်သွင်းလိုက်တဲ့ဘောလုံးဟာ ဘားရှော့ဝင်သွားတာဖြစ်လို့ ပြိုင်ဘက်ဂိုးသမားဟာ နောက်ပြန်လှည့်ကြည့်ရုံသာ တတ်နိုင်ခဲ့ပါတယ်။

အဲဒီဂိုးကြောင့်လည်း အသက် ၂၀ အရွယ် ဂိုမက်စ်ဟာ ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိနေတာပါ။ ပရိသတ်တစ်ယောက်ကဆိုရင် အရည်အသွေးရှိတဲ့ဂိုမက်စ်ကို ဆိုးလ်ရှားလက်လွှတ်ခဲ့တာနဲ့ပတ်သက်လို့ ညည်းတွားမှုပြုလုပ်ခဲ့ပါတယ်။

တိုက်စစ်အသားပေးကွင်းလယ်လူဂိုမက်စ်ဟာ ၅ နှစ်အရွယ်ကတည်းက မန်ယူကိုရောက်ခဲ့တာဖြစ်ပြီး မန်ယူသမိုင်းတစ်လျှောက် အသင်းကြီးအတွက် ပွဲထွက်ခွင့်ရတဲ့အသက်အငယ်ဆုံးကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့အသင်းမှာ နေရာရဖို့ သူ့အတွက် အခွင့်အရေးနည်းပါးခဲ့ပါတယ်။ ဒါကြောင့်လည်း အခုနွေရာသီအပြောင်းအရွှေ့အစောပိုင်းမှာ လိုင်လီကိုပြောင်းရွှေ့ခဲ့ကာ အဲဒီပြင်သစ်ကလပ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဒီရာသီအတွက်တော့ ပေါ်တူဂီကလပ်ဘိုအာဗစ္စတာဟာ အငှားသွားကစားနေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ကြင္းလယ္စက္၀ိုင္းကေန သြင္းယူခဲ့တဲ့ သရဲနီေဟာင္းေလးအိန္ဂ်ယ္ဂိုမက္စ္ရဲ႕အ့ံမခန္းသြင္းဂိုး

မန္ယူကြင္းလယ္လူေဟာင္းအိန္ဂ်ယ္ဂိုမက္စ္ဟာ ၿပီးခဲ့တဲ့ေသာၾကာည ေပၚတူဂီလိဂ္ပြဲစဥ္တစ္ခုမွာ ဘုိအာဗစၥတာအသင္းအတြက္ အံ့မခန္းသြင္းဂိုးတစ္ဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။ မိုရီရန္ဆီအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ သူဟာ လက္ရွိကလပ္အတြက္ အဖြင့္ဂိုးသြင္းေပးခ့ဲတာပါ။

သူဟာ ကြင္းလယ္စည္းနားမွာပဲ ၿပိဳင္ဘက္ဆီက ေဘာလုံးကို လုယူၿပီး တစ္ဖက္ဂိုးသမားေရွ႕ထြက္ေနတာကို အမိအရအခြင့္ေကာင္းယူခဲ့တာပါ။ ကြင္းလယ္စက္၀ိုင္းကေန သူကန္သြင္းလုိက္တဲ့ေဘာလုံးဟာ ဘားေရွာ႔၀င္သြားတာျဖစ္လုိ႔ ၿပိဳင္ဘက္ဂိုးသမားဟာ ေနာက္ျပန္လွည့္ၾကည့္ရုံသာ တတ္ႏိုင္ခဲ့ပါတယ္။

အဲဒီဂုိးေၾကာင့္လည္း အသက္ ၂၀ အရြယ္ ဂုိမက္စ္ဟာ ဆုိရွယ္မီဒီယာထက္မွာ ပရိသတ္ေတြရဲ႕ခ်ီးက်ဴးမႈကို ရရွိေနတာပါ။ ပရိသတ္တစ္ေယာက္ကဆုိရင္ အရည္အေသြးရွိတဲ့ဂုိမက္စ္ကို ဆိုးလ္ရွားလက္လႊတ္ခဲ့တာနဲ႔ပတ္သက္လုိ႔ ညည္းတြားမႈျပဳလုပ္ခဲ့ပါတယ္။

တုိက္စစ္အသားေပးကြင္းလယ္လူဂိုမက္စ္ဟာ ၅ ႏွစ္အရြယ္ကတည္းက မန္ယူကိုေရာက္ခဲ့တာျဖစ္ၿပီး မန္ယူသမိုင္းတစ္ေလွ်ာက္ အသင္းႀကီးအတြက္ ပြဲထြက္ခြင့္ရတဲ့အသက္အငယ္ဆုံးကစားသမားတစ္ေယာက္လည္း ျဖစ္ခဲ့ေပမယ့္ ဆုိးလ္ရွားရဲ႕အသင္းမွာ ေနရာရဖုိ႔ သူ႔အတြက္ အခြင့္အေရးနည္းပါးခဲ့ပါတယ္။ ဒါေၾကာင့္လည္း အခုေႏြရာသီအေျပာင္းအေရႊ႕အေစာပိုင္းမွာ လုိင္လီကိုေျပာင္းေရႊ႕ခဲ့ကာ အဲဒီျပင္သစ္ကလပ္နဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး ဒီရာသီအတြက္ေတာ့ ေပၚတူဂီကလပ္ဘုိအာဗစၥတာဟာ အငွားသြားကစားေနတာပါ။