ကွင်းဘေးမော်နီတာမှာ အသင်းဖော်တွေ Replay ပြေးကြည့်ရတဲ့ အစ်ဟာလိုရဲ့စပယ်ရှယ်ဂိုး

photo-daily mail

photo-btsportfootball

တိုက်စစ်မှုးအစ်ဟာလိုရဲ့မန်ယူတာထွက်ကတော့ အခုချိန်ထိ အတိုင်းထက်အလွန်ဖြစ်နေဆဲပါပဲ။ ပြီးခဲ့တဲ့ကြာပတေးည သြစတြီးယားကလပ်လက်စ်လင့်ဇ်နဲ့ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ အဲဒီနိုင်ဂျီးရီးယားသားဟာ မန်ယူအတွက်အဖွင့်ဂိုးကို တစ်ကိုယ်တေ်ာအားထုတ်မှုနဲ့ လှလှပပသွင်းယူပေးသွားခဲ့တာပါ။ သူ့ရဲ့အဲဒီသွင်းဂိုးကို ကွင်းဘေးမှာရှိနေတဲ့ နည်းပြနဲ့ ကစားဖော်တွေကတောင် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။

photo-twitter

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာကနေ အငှားရောက်လာတဲ့အစ်ဟာလိုဟာ လက်စ်လင့်ဇ်နဲ့ပွဲရဲ့ ၂၈ မိနစ်အရောက်မှာ ဖာနန်ဒက်စ်ပေးလိုက်တဲ့ဘောလုံးကို ပြိုင်ဘက်ပင်နယ်တီဧရိယာဘီးကုပ်အစပ်နားမှာ လက်ခံရယူပြီး လေထဲမှာ ခြေထောက်နဲ့ ၃ ခါလောက်တော့ပြီးနောက် မန်ယူအတွက် ဦးဆောင်ဂိုးအဖြစ် မြေမကျကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ စကေးအရဆိုရင်တော့ အတော်ကိုလှပကောင်းမွန်တဲ့သွင်းဂိုးတစ်ဂိုးလို့ ဆိုရမှာပါ။ ဒါဟာ ရှန်ဟိုင်းရှင်ဟွာကနေ ရောက်လာပြီးနောက်ပိုင်း မန်ယူအတွက် ပွဲထွက်စာရင်းထဲပါတဲ့ ၃ ပွဲမှာ အစ်ဟာလိုရဲ့ ၄ ဂိုးမြောက်ဖြစ်ပါတယ်။

https://twitter.com/i/status/1238238591563624448

ဟာလန်းကိုလွတ်သွားပြီး သူ့ကိုအရေးပေါ်ခေါ်ခဲ့ရစဉ်တုန်းက အစ်ဟာလိုရဲ့အပြောင်းအရွှေ့ဟာ အတော်များများရဲ့လှောင်ပြောင်သရော်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဝက်ဖို့ဒ်တိုက်စစ်မှုးဟောင်းရဲ့နောက်ဆုံးသွင်းဂိုးက အတော်များများရဲ့အမြင်ကိုပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ အရန်ခုံတန်းက သူ့မန်ယူအသင်းဖော်တွေဆိုရင် အစ်ဟာလိုသွင်းတဲ့ဂိုးက ကောင်းလွန်းလို့ Replay ပြန်ကြည့်နိုင်အောင် ကွင်းဘေးက မော်နီတာကို အပြေးသွားကြည့်ခဲ့ကြတာကို တွေ့လိုက်ရပါတယ်။

[Zawgyi]

ကြင္းေဘးေမာ္နီတာမွာ အသင္းေဖာ္ေတြ Replay ေျပးၾကည့္ရတဲ့ အစ္ဟာလိုရဲ႕စပယ္ရွယ္ဂိုး

တိုက္စစ္မႈးအစ္ဟာလိုရဲ႕မန္ယူတာထြက္ကေတာ့ အခုခ်ိန္ထိ အတိုင္းထက္အလြန္ျဖစ္ေနဆဲပါပဲ။ ၿပီးခဲ့တဲ့ၾကာပေတးည ၾသစႀတီးယားကလပ္လက္စ္လင့္ဇ္နဲ႔ယူရိုပါလိဂ္အေ၀းကြင္းပဲြစဥ္မွာ အဲဒီႏိုင္ဂ်ီးရီးယားသားဟာ မန္ယူအတြက္အဖြင့္ဂိုးကို တစ္ကိုယ္ေတ္ာအားထုတ္မႈနဲ႔ လွလွပပသြင္းယူေပးသြားခဲ့တာပါ။ သူ႔ရဲ႕အဲဒီသြင္းဂိုးကို ကြင္းေဘးမွာရွိေနတဲ့ နည္းျပနဲ႔ ကစားေဖာ္ေတြကေတာင္ ပါးစပ္အေဟာင္းသားျဖစ္သြားခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕ တရုတ္ကလပ္ရွန္ဟိုင္းရွင္ဟြာကေန အငွားေရာက္လာတဲ့အစ္ဟာလုိဟာ လက္စ္လင့္ဇ္နဲ႔ပြဲရဲ႕ ၂၈ မိနစ္အေရာက္မွာ ဖာနန္ဒက္စ္ေပးလိုက္တဲ့့ေဘာလုံးကို ၿပိဳင္ဘက္ပင္နယ္တီဧရိယာဘီးကုပ္အစပ္နားမွာ လက္ခံရယူၿပီး ေလထဲမွာ ေျခေထာက္နဲ႔ ၃ ခါေလာက္ေတာ့ၿပီးေနာက္ မန္ယူအတြက္ ဦးေဆာင္ဂိုးအျဖစ္ ေျမမက်ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ စေကးအရဆုိရင္ေတာ့ အေတာ္ကိုလွပေကာင္းမြန္တဲ့သြင္းဂိုးတစ္ဂိုးလုိ႔ ဆိုရမွာပါ။ ဒါဟာ ရွန္ဟုိင္းရွင္ဟြာကေန ေရာက္လာၿပီးေနာက္ပိုင္း မန္ယူအတြက္ ပြဲထြက္စာရင္းထဲပါတဲ့ ၃ ပြဲမွာ အစ္ဟာလိုရဲ႕ ၄ ဂိုးေျမာက္ျဖစ္ပါတယ္။

ဟာလန္းကုိလြတ္သြားၿပီး သူ႔ကိုအေရးေပၚေခၚခဲ့ရစဥ္တုန္းက အစ္ဟာလိုရဲ႕အေျပာင္းအေရႊ႕ဟာ အေတာ္မ်ားမ်ားရဲ႕ေလွာင္ေျပာင္သေရာ္စရာျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီ၀က္ဖို႔ဒ္တုိက္စစ္မႈးေဟာင္းရဲ႕ေနာက္ဆုံးသြင္းဂိုးက အေတာ္မ်ားမ်ားရဲ႕အျမင္ကိုေျပာင္းလဲေပးႏိုင္ပါလိမ့္မယ္။ အရန္ခုံတန္းက သူ႔မန္ယူအသင္းေဖာ္ေတြဆိုရင္ အစ္ဟာလိုသြင္းတဲ့ဂိုးက ေကာင္းလြန္းလို႔ Replay ျပန္ၾကည့္ႏိုင္ေအာင္ ကြင္းေဘးက ေမာ္နီတာကို အေျပးသြားၾကည့္ခဲ့ၾကတာကို ေတြ႕လုိက္ရပါတယ္။