
Photo Credit
Photo Credit
ဖရန့်ဖတ်အသင်းခေါင်းဆောင် ဒေးဗစ်အေဘရာဟမ်ဟာ ယမန်နေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ဖရိုင်းဘတ်နဲ့ပွဲမှာ ပြိုင်ဘက်အသင်းနည်းပြ ခရစ္စတီယန်စထရစ်ချ်ကို WWE စတိုင် လှဲချခဲ့ပြီးနောက် ပွဲက ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သူလည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
https://twitter.com/SozcuSkor/status/1193628999043440643
Video Credit
ဖရန့်ဖတ်အသင်းက ၁-၀ ဂိုးနဲ့အရေးနိမ့်နေချိန် နာကျင်အချိန်ပိုအရောက် အေဘရာဟမ်က ဘေးထွက်ဘောဖြစ်သွားတာကို ဘောလုံးလိုက်ကောက်ဖို့ ပြေးသွားစဉ် ကွင်းဘေးစည်းနားမှာရှိနေတဲ့ စထရစ်ချ်ကို ပေါ်တင်ကြီး ဝင်တိုက်သွားတာဖြစ်ပါတယ်။
Photo Credit
အသက် ၅၄နှစ်အရွယ်ရှိ စထရစ်ချ်လည်း အေဘရာဟမ်က သူ့ကို တံတောင်နဲ့ဝင်တိုက်သွားတာကြောင့် ဘယ်လိုမှဟန်ချက်မထိန်းနိုင်ဘဲ မြက်ခင်းပေါ် နောက်ပြန်လဲကျသွားပြီး အရန်ခုံတန်းမှာရှိတဲ့ ဖရိုင်းဘတ်အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေလည်း ဒေါသထွက်ကာ ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။
Photo Credit
အသက် ၃၃နှစ်အရွယ်ရှိ အေဘရာဟမ်ဟာ အရပ် ၆ပေ၊ ၂လက်မမြင့်ပြီး အရှိန်နဲ့ဝင်တိုက်သွားတာကြောင့် အဲဒီလိုလုပ်လိမ့်မယ်လု့ိ မထင်မှတ်ထားတဲ့ ပြိုင်ဘက်နည်းပြ စထရစ်ချ်လည်း နောက်ပြန်လဲကျသွားတာဖြစ်ပြီး နှစ်ဘက်အသင်းသားတွေရော ဝန်ထမ်းတွေပါ ပါလာပြီးနောက် ပွဲတာဝန်ရှိသူတွေက အခြေအနေကို အတော်လေးဝင်ထိန်းခဲ့ရပါတယ်။
Photo Credit
အဲဒီလိုရုန်းရင်းဆန်ခတ်ဖြစ်တာက ၅ မိနစ်လောက်တောင် ကြာသွားပြီး အေဘရာဟမ်က သူ့မှာ အပြစ်မရှိကြောင်း စောဒကတက်ပေမယ့် ဒိုင်လူကြီးကတော့ သူ့ကို တိုက်ရိုက်အနီကတ်ပြသထုတ်ပယ်လိုက်ပါတယ်။
Photo Credit
ပရိသတ်တွေလည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လူမှုမီဒီယာမှာ သူတို့ရဲ့အမြင်တွေကို ရေးသားခဲ့ကြပါတယ်။ ”အသင်းခေါင်းဆောင်တစ်ယောက်က ဒီလိုတွေလုပ်တာလား…ရှာကာတော့ ဂုဏ်ယူနေလောက်ပြီ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။
Photo Credit
ဖရိုင်းဘတ်အသင်းက အဲဒီပွဲမှာ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဖရန့်ဖတ်အသင်းကတော့ ပထမပိုင်းမှာကတည်းက ဂယ်လ်ဆင်ဖာနန်ဒက်စ် ထုတ်ပယ်ခံခဲ့ရပြီးဖြစ်လို့ စုစုပေါင်း ၂ဦးထုတ်ပယ်ခံခဲ့ရတာဖြစ်သလို ဖရိုင်းဘတ်ကလည်း နာကျင်အချိန်ပိုမှာ ဂရီဖို အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
Photo Credit
Zawgyi
ကွင်းဘေးစည်းမှာ ပြိုင်ဘက်နည်းပြကို WWE စတိုင် မြက်ခင်းပေါ် လှဲချလိုက်တဲ့ ဖရန့်ဖတ်အသင်းခေါင်းဆောင် အေဘရာဟမ်
ဖရန့်ဖတ်အသင်းခေါင်းဆောင် ဒေးဗစ်အေဘရာဟမ်ဟာ ယမန်နေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ဖရိုင်းဘတ်နဲ့ပွဲမှာ ပြိုင်ဘက်အသင်းနည်းပြ ခရစ္စတီယန်စထရစ်ခ်ျကို WWE စတိုင် လှဲချခဲ့ပြီးနောက် ပွဲက ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သူလည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဖရန့်ဖတ်အသင်းက ၁-၀ ဂိုးနဲ့အရေးနိမ့်နေချိန် နာကျင် အချိန်ပိုအရောက် အေဘရာဟမ်က ဘေးထွက်ဘောဖြစ်သွားတာကို ဘောလုံးလိုက်ကောက်ဖို့ ပြေးသွားစဉ် ကွင်းဘေးစည်းနားမှာရှိနေတဲ့ စထရစ်ခ်ျကို ပေါ်တင်ကြီး ၀င်တိုက်သွားတာဖြစ်ပါတယ်။ အသက် ၅၄နှစ်အရွယ်ရှိ စထရစ်ခ်ျလည်း အေဘရာဟမ်က သူ့ကို တံတောင်နဲ့ဝင်တိုက်သွားတာကြောင့် ဘယ်လိုမှဟန်ချက်မထိန်းနိုင်ဘဲ မြက်ခင်းပေါ် နောက်ပြန်လဲကျသွားပြီး အရန်ခုံတန်းမှာရှိတဲ့ ဖရိုင်းဘတ်အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေလည်း ဒေါသထွက်ကာ ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ အသက် ၃၃နှစ်အရွယ်ရှိ အေဘရာဟမ်ဟာ အရပ် ၆ပေ၊ ၂လက်မမြင့်ပြီး အရှိန်နဲ့ဝင်တိုက်သွားတာကြောင့် အဲဒီလိုလုပ်လိမ့်မယ်လို့ မထင်မှတ်ထားတဲ့ ပြိုင်ဘက်နည်းပြ စထရစ်ခ်ျလည်း နောက်ပြန်လဲကျသွားတာဖြစ်ပြီး နှစ်ဘက်အသင်းသားတွေရော ၀န်ထမ်းတွေပါ ပါလာပြီးနောက် ပွဲတာဝန်ရှိသူတွေက အခြေအနေကို အတော်လေးဝင်ထိန်းခဲ့ရပါတယ်။