ကွင်းဘေးကနေ နည်းပြတစ်ဦးလို ကြည့်ရှုခဲ့တဲ့ ဖာနန်ဒက်စ််

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲစဥ်အတွင်း ကွင်းဘေးကနေ နည်းပြတစ်ဦးကဲ့သို့ ကြည့်ရှုနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို နှစ်သက် သဘောကျလျက်ရှိပါတယ်။ ပေါ်တူဂီ ဖန်တီးရှင်ဟာ မန်စီးတီးအသင်းရဲ့ ( ၂၁ ) ပွဲဆက် အနိုင်ရရှိမှုကို ရပ်တန့်နိုင်ခဲတဲ့ မန်ချက်စတာ ဒါဘီပွဲစဥ်အတွင်း နာကျင်အချိန်ပိုမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖာနန်ဒက်စ်က အီတီဟတ်မှာရှိတဲ့ ထိုင်ခုံတွေဆီ သွားရောက်ခဲ့ခြင်းမရှိပဲ အိုလေ ဂန်နား ဆိုးရှားရဲ့ ပုခုံးကို ဖြတ်ကျော်ပြီး ပွဲကို ဆက်လက်ကြည့်ရှုနေခဲ့ပါတယ်။ အသက် ( ၂၆ ) နှစ်အရွယ် ကစားသမားဟာ စီးတီးနဲ့ ပွဲစဥ် အစောပိုင်းမှာပဲ အန်သိုနီ မာရှယ်ကြောင့်ရတဲ့ ပင်နယ်တီမှ တဆင့် ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ကွင်းပြင်ရောက်ရှိသွားပေမယ့် ကွင်းထဲမှာ ကစားနေသလိုပဲ အာရုံစူစိုက်မှု အပြည့်အဝထားရှိခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ် ကစားသမားက အဆိုပါ ပွဲစဥ်အပြီး Sky Sports သတင်းဌာနနဲ့ တွေ့ဆုံရာမှာ “ စီးတီးကို အနိုင်ရရှိရုံပဲ မဟုတ်ပါဘူး ။ ပွဲတိုင်း အနိုင်ရဖို့ အရေးကြီးပါတယ်။” လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေကတော့ ပြီးခဲ့တဲ့ ( ၂၀၂၀ ) ဇန်နဝါရီလမှာ စပို့တင်းကနေ ပြောင်းရွေ့လာပြီးနောက် သွင်းဂိုး နှင့် ဖန်တီးမှု များစွာပြုလုပ်ပေးထားတဲ့ ကွင်းလယ်ကစားသမားကို သဘောကျနှစ်သက်လျက်ရှိပြီး အနာဂတ်မှာ ယူနိုက်တက် နည်းပြ ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

ယူနိုက်တက်ဟာ ယခုပွဲစဥ် အနိုင်ရလာဒ်ကြောင့် အဝေးကွင်း ( ၂၂ ) ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းပိုင်ဆိုင်ထားပြီး လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေကာ မြို့ခံပြိုင်ဘက်အသင်းအောက် ( ၁၁ ) မှတ်လျော့နည်းလျက်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကြင္းေဘးကေန နည္းျပတစ္ဦးလို ၾကည့္ရႈခဲ့တဲ့ ဖာနန္ဒက္စ္္

မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္ေတြဟာ မန္ခ်က္စတာ စီးတီးကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္အတြင္း ကြင္းေဘးကေန နည္းျပတစ္ဦးကဲ့သို႔ ၾကည့္ရႈေနခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကို ႏွစ္သက္ သေဘာက်လ်က္ရွိပါတယ္။ ေပၚတူဂီ ဖန္တီးရွင္ဟာ မန္စီးတီးအသင္းရဲ႕ ( ၂၁ ) ပြဲဆက္ အႏိုင္ရရွိမႈကို ရပ္တန႔္ႏိုင္ခဲတဲ့ မန္ခ်က္စတာ ဒါဘီပြဲစဥ္အတြင္း နာက်င္အခ်ိန္ပိုမွာ လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဖာနန္ဒက္စ္က အီတီဟတ္မွာရွိတဲ့ ထိုင္ခုံေတြဆီ သြားေရာက္ခဲ့ျခင္းမရွိပဲ အိုေလ ဂန္နား ဆိုးရွားရဲ႕ ပုခုံးကို ျဖတ္ေက်ာ္ၿပီး ပြဲကို ဆက္လက္ၾကည့္ရႈေနခဲ့ပါတယ္။ အသက္ ( ၂၆ ) ႏွစ္အ႐ြယ္ ကစားသမားဟာ စီးတီးနဲ႔ ပြဲစဥ္ အေစာပိုင္းမွာပဲ အန္သိုနီ မာရွယ္ေၾကာင့္ရတဲ့ ပင္နယ္တီမွ တဆင့္ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ကြင္းျပင္ေရာက္ရွိသြားေပမယ့္ ကြင္းထဲမွာ ကစားေနသလိုပဲ အာ႐ုံစူစိုက္မႈ အျပည့္အဝထားရွိခဲ့ပါတယ္။

ယူႏိုက္တက္ ကြင္းလယ္ ကစားသမားက အဆိုပါ ပြဲစဥ္အၿပီး Sky Sports သတင္းဌာနနဲ႔ ေတြ႕ဆုံရာမွာ “ စီးတီးကို အႏိုင္ရရွိ႐ုံပဲ မဟုတ္ပါဘူး။ ပြဲတိုင္း အႏိုင္ရဖို႔ အေရးႀကီးပါတယ္။” လို႔ ဆိုခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ၿပီးခဲ့တဲ့ ( ၂၀၂၀ ) ဇန္နဝါရီလမွာ စပို႔တင္းကေန ေျပာင္းေ႐ြ႕လာၿပီးေနာက္ သြင္းဂိုး ႏွင့္ ဖန္တီးမႈ မ်ားစြာျပဳလုပ္ေပးထားတဲ့ ကြင္းလယ္ကစားသမားကို သေဘာက်ႏွစ္သက္လ်က္ရွိၿပီး အနာဂတ္မွာ ယူႏိုက္တက္ နည္းျပ ျဖစ္လာႏိုင္တယ္လို႔ ေျပာဆိုေနၾကပါတယ္။

ယူႏိုက္တက္ဟာ ယခုပြဲစဥ္ အႏိုင္ရလာဒ္ေၾကာင့္ အေဝးကြင္း ( ၂၂ ) ပြဲဆက္ ရႈံးပြဲမရွိ မွတ္တမ္းပိုင္ဆိုင္ထားၿပီး လက္ရွိမွာ အမွတ္ေပးဇယား အဆင့္ ( ၂ ) ေနရာမွာ ရပ္တည္ေနကာ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းေအာက္ ( ၁၁ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။