ကွင်းပိတ်ခြေစမ်းပွဲမှာ ရက်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ မနေ့က ကစားခဲ့တဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် နိုင်ငံတကာပွဲအပြီး ပြန်ကစားမယ့် ကလပ်ပွဲစဉ်တွေမှာ ပြန်ကစားနိုင်ဖို့ နီးစပ်လာပါတယ်။

ဘလက်ဘန်းအသင်းနဲ့ ကစားခဲ့တဲ့ ဒီပွဲဟာ ရက်ရှ်ဖို့ဒ်အတွက် ပထမဆုံး ပြန်ကစားတဲ့ခြေစမ်းပွဲပါ။

ယူရိုပြိုင်ပွဲပြီးကတည်းက ပခုံးဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ရပြီး အရင်တစ်ပတ်ကမှ အသင်းနဲ့အတူ စတင်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ရပြီးနောက်ပိုင်း ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ လုံး၀ ကစားနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် ပထမဆုံးပြန်ကစားနိုင်တဲ့ခြေစမ်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်အတွက် ယုံကြည်မှုလည်း ပိုကောင်းသွားစေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၅ပွဲမှာ ၂ပွဲပဲနိုင်ခဲ့ပြီး နိုင်ခဲ့တဲ့ ၂ပွဲစလုံးကလည်း နောက်ကျသွင်းဂိုးတွေနဲ့ နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နိုင်ငံတကာပွဲအပြီး အောက်တိုဘာလ ၁၆ရက်နေ့မှာ လက်စတာစီးတီးနဲ့ ကစားရမှာပါ။

ဒီကြားထဲ ထိခိုက်ဒဏ်ရာမရခဲ့ဘူးဆိုရင် ရက်ရှ်ဖို့ဒ်အနေနဲ့ ကင်းပါဝါစတေဒီယမ်ကို လိုက်ပါသွားနိုင်ဖို့သေချာနေပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့သတင်းက ဖိအားများနေတဲ့ နည်းပြ ဆိုးလ်ရှားအတွက် သတင်းကောင်းတစ်ရပ်ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြင္းပိတ္ေျခစမ္းပြဲမွာ ရက္ရွ္ဖို႔ဒ္ ဂိုးသြင္းႏိုင္ခဲ့

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ မေန႔က ကစားခဲ့တဲ့ ကြင္းပိတ္ေျခစမ္းပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ႏိုင္ငံတကာပြဲအၿပီး ျပန္ကစားမယ့္ ကလပ္ပြဲစဥ္ေတြမွာ ျပန္ကစားႏိုင္ဖို႔ နီးစပ္လာပါတယ္။ ဘလက္ဘန္းအသင္းနဲ႔ ကစားခဲ့တဲ့ ဒီပြဲဟာ ရက္ရွ္ဖို႔ဒ္အတြက္ ပထမဆုံး ျပန္ကစားတဲ့ေျခစမ္းပြဲပါ။

ယူ႐ိုၿပိဳင္ပြဲၿပီးကတည္းက ပခုံးဒဏ္ရာကို ခြဲစိပ္ကုသမႈခံယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ႀကံ့ခိုင္မႈေလ့က်င့္ခန္းေတြကို တစ္ဆင့္ၿပီးတစ္ဆင့္ ေဆာင္႐ြက္ခဲ့ရၿပီး အရင္တစ္ပတ္ကမွ အသင္းနဲ႔အတူ စတင္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးခဲ့ရၿပီးေနာက္ပိုင္း ရက္ရွ္ဖို႔ဒ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ လုံး၀ ကစားႏိုင္ျခင္းမရွိေသးပါဘူး။

ဒါေပမယ့္ ပထမဆုံးျပန္ကစားႏိုင္တဲ့ေျခစမ္းပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ရက္ရွ္ဖို႔ဒ္အတြက္ ယုံၾကည္မႈလည္း ပိုေကာင္းသြားေစခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၅ပြဲမွာ ၂ပြဲပဲႏိုင္ခဲ့ၿပီး ႏိုင္ခဲ့တဲ့ ၂ပြဲစလုံးကလည္း ေနာက္က်သြင္းဂိုးေတြနဲ႔ ႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ႏိုင္ငံတကာပြဲအၿပီး ေအာက္တိုဘာလ ၁၆ရက္ေန႔မွာ လက္စတာစီးတီးနဲ႔ ကစားရမွာပါ။

ဒီၾကားထဲ ထိခိုက္ဒဏ္ရာမရခဲ့ဘူးဆိုရင္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ကင္းပါဝါစေတဒီယမ္ကို လိုက္ပါသြားႏိုင္ဖို႔ေသခ်ာေနပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕သတင္းက ဖိအားမ်ားေနတဲ့ နည္းျပ ဆိုးလ္ရွားအတြက္ သတင္းေကာင္းတစ္ရပ္ျဖစ္ေနပါတယ္။