
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပခုံးဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့ပြီးနောက် ကာလအတော်ကြာနားနေရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အောက်တိုဘာလ နိုင်ငံတကာပွဲအပြီး ပြန်ကစားနိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ကွင်းပိတ်ခြေစမ်းပွဲတစ်ပွဲကို စတင်ကစားသွားတော့မှာဖြစ်ပါတယ်။
အခုဆိုရင် ဒဏ်ရာကြောင့် ရက်ရှ်ဖို့ဒ် နားခဲ့ရတာ ၃လလောက်ရှိပါပြီ။ ဒီကြားထဲ အရင်တစ်ပတ်က ကစားဖော်တွေနဲ့ စတင်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တာကြောင့် မကြာခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်လာနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီထဲ ကွင်းပိတ်ခြေစမ်းပွဲကစားခဲ့တာ ၂ပွဲရှိခဲ့ပါပြီ။ မကြာသေးခင်ကပဲ စတုတ်စီးတီး၊ ဘန်လေတို့နဲ့ အလားတူ ခြေစမ်းပွဲတွေ ကစားခဲ့ပါသေးတယ်။
ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက
“သူ ကြံ့ခိုင်မှုပြည့်နေပါပြီ။ အမြန်ဆုံး ပြန်ကစားနိုင်ဖို့လည်း ကြိုးစားလေ့ကျင့်နေပါတယ်။
တကယ်လို့ သူ့ပခုံးနဲ့ တွန်းတွန်းတိုက်တိုက် ကစားလို့ရရင်တော့ နိုင်ငံတကာပွဲအပြီးလောက်ဆိုရင် အသင်းအတွက် အဆင်သင့်ဖြစ်နေလောက်မှာပါ”လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ လက်စတာစီးတီးနဲ့ စားရမှာဖြစ်ပြီး အဲဒီပွဲအမီ ရှက်ရှ်ဖို့ဒ် ပြန်ကစားနိုင်ခြေရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ကြင္းပိတ္ေျခစမ္းပြဲကို ရက္ရွ္ဖို႔ဒ္ စတင္ပါဝင္ကစားဖို႔ရွိ
ပခုံးဒဏ္ရာကို ခြဲစိပ္ကုသမႈခံယူခဲ့ၿပီးေနာက္ ကာလအေတာ္ၾကာနားေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉူး မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ ေအာက္တိုဘာလ ႏိုင္ငံတကာပြဲအၿပီး ျပန္ကစားႏိုင္ဖို႔အတြက္ ဗုဒၶဟူးေန႔မွာ ကြင္းပိတ္ေျခစမ္းပြဲတစ္ပြဲကို စတင္ကစားသြားေတာ့မွာျဖစ္ပါတယ္။
အခုဆိုရင္ ဒဏ္ရာေၾကာင့္ ရက္ရွ္ဖို႔ဒ္ နားခဲ့ရတာ ၃လေလာက္ရွိပါၿပီ။ ဒီၾကားထဲ အရင္တစ္ပတ္က ကစားေဖာ္ေတြနဲ႔ စတင္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့တာေၾကာင့္ မၾကာခင္ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္လာႏိုင္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီရာသီထဲ ကြင္းပိတ္ေျခစမ္းပြဲကစားခဲ့တာ ၂ပြဲရွိခဲ့ပါၿပီ။ မၾကာေသးခင္ကပဲ စတုတ္စီးတီး၊ ဘန္ေလတို႔နဲ႔ အလားတူ ေျခစမ္းပြဲေတြ ကစားခဲ့ပါေသးတယ္။
ရက္ရွ္ဖို႔ဒ္နဲ႔ပတ္သက္ၿပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက “သူ ႀကံ့ခိုင္မႈျပည့္ေနပါၿပီ။ အျမန္ဆုံး ျပန္ကစားႏိုင္ဖို႔လည္း ႀကိဳးစားေလ့က်င့္ေနပါတယ္။ တကယ္လို႔ သူ႔ပခုံးနဲ႔ တြန္းတြန္းတိုက္တိုက္ ကစားလို႔ရရင္ေတာ့ ႏိုင္ငံတကာပြဲအၿပီးေလာက္ဆိုရင္ အသင္းအတြက္ အဆင္သင့္ျဖစ္ေနေလာက္မွာပါ”လို႔ ေျပာပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ လက္စတာစီးတီးနဲ႔ စားရမွာျဖစ္ၿပီး အဲဒီပြဲအမီ ရွက္ရွ္ဖို႔ဒ္ ျပန္ကစားႏိုင္ေျခရွိပါတယ္။