ကွင်းပိတ်ကစားတဲ့ပွဲမှာ ဂိုးပြတ်နိုင်ခဲ့လို့ ပို့စ်တင်လိုက်တာ ပရိသတ်တွေရဲ့ ချီးကျူးတာမခံရဘဲ အလှောင်ခံနေရတဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်း ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲအကြောင်း တွစ်တာမှာ ဂုဏ်ယူတဲ့ သဘောမျိုး တင်ခဲ့တဲ့အပေါ် တခြားပရိသတ်တွေ မဆိုထားနဲ့ ကိုယ့်အသင်းအမာခံ ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့တောင် ရင်ဆိုင်နေရပြီး အကြီးအကျယ်လှောင်ပြောင်ခံနေရပါတယ်။

အာဆင်နယ်ဟာကြာသပတေးနေ့တုန်းက London Colney တွင်ဘရန့်ဖို့ဒ်နှင့်တံခါးပိတ်ခြေစမ်းပွဲတွင်၄-ဝဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ ကျန်အသင်းသားတွေနဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ အာဆင်နယ်က ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး အာဆင်နယ်မှာ အဓိကကစားသမားတချို့ ပါဝင်လာပေမယ့် ဘရန့်ဖို့ဒ်ကတော့ အရန်အများစုပဲ ပါဝင်လာတာပါ။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်တန်းတက်ဘရန့်ဖို့ဒ်ကို၂-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးနဲ့ပွဲမှာ အလဲလဲအပြိုပြိုဖြစ်ခဲ့ရတဲ့ ညာနောက်ခံလူ ဆီဒရစ်ကအဲ ဒီပွဲမှာတော့ သူရဲကောင်းကြီးဖြစ်လာခဲ့ပြီး ၂ဂိုးတောင်သွင်းသွားသလို အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ မာတင်နယ်လီနဲ့ လာကာဇက်တီတို့လည်း အမှတ်မရတဲ့ ပွဲမှာ ဂုဏ်ယူ နိုင်ခဲ့ကြပါတယ်။

အာဆင်နယ်ပရိသတ်တစ်ဦးက “ဒီတော့ကျုပ်တို့ကနှစ်ကျော့ပေါင်းရလဒ်၄-၂နဲ့အနိုင်ရတယ်ပေါ့”လို့လှောင်ပြောင်ရေးသားပါတယ်။

ဘရန့်ဖို့ဒ်ပရိသတ်က “စိတ်မကောင်းပါဘူးကောင်လေးတို့ရေ။ဒီပွဲရလဒ်ကထည့်မတွက်ဘူးဗျ”လို့ တမင်သက်သက် ပြန်တုံ့ပြန်ခဲ့ပါတယ်။

အခြားအာဆင်နယ်ပရိသတ်တစ်ဦးက “တံခါးဖွင့်ပွဲတုန်းက၂-ဝဂိုးနဲ့ရှုံးခဲ့တာတောင်အရှက်မရှိဘဲဒီပို့စ်(ဘရန့်ဖို့ဒ်နိုင်ပွဲပို့စ်)ကိုတင်ရဲသေးတယ်နော်”လို့ရေးသားခဲ့ပါတယ်။

အာဆင်နယ်ဟာ နွေရာသီအတွင်း ငွေကြေးသုံးစွဲမှုအများဆုံးအသင်း အဖြစ် ပေါင်သန်း ၁၅၀နဲ့ ရပ်တည်ခဲ့ရပေမယ့် ယခုအချိန်အထိ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းရှုံး၊ ရဂိုးမရှိစံချိန်နဲ့ အမှတ်ပေးဇယားရဲ့ဇယားအောက်ဆုံးမှာ ရပ်တည်နေရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြင္းပိတ္ကစားတဲ့ပြဲမွာ ဂိုးျပတ္ႏိုင္ခဲ့လို႔ ပို႔စ္တင္လိုက္တာ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးတာမခံရဘဲ အေလွာင္ခံေနရတဲ့ အာဆင္နယ္

အာဆင္နယ္ဟာ ႏိုင္ငံတကာရက္သတၱပတ္အတြင္း ဘရန႔္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲအေၾကာင္း တြစ္တာမွာ ဂုဏ္ယူတဲ့ သေဘာမ်ိဳး တင္ခဲ့တဲ့အေပၚ တျခားပရိသတ္ေတြ မဆိုထားနဲ႔ ကိုယ့္အသင္းအမာခံ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြနဲ႔ေတာင္ ရင္ဆိုင္ေနရၿပီး အႀကီးအက်ယ္ေလွာင္ေျပာင္ခံေနရပါတယ္။

အာဆင္နယ္ဟာၾကာသပေတးေန႔တုန္းက London Colney တြင္ဘရန႔္ဖို႔ဒ္ႏွင့္တံခါးပိတ္ေျခစမ္းပြဲတြင္၄-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္မခံရတဲ့ က်န္အသင္းသားေတြနဲ႔ ကစားခဲ့တဲ့ တံခါးပိတ္ေျခစမ္းပြဲမွာ အာဆင္နယ္က ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ၿပီး အာဆင္နယ္မွာ အဓိကကစားသမားတခ်ိဳ႕ ပါဝင္လာေပမယ့္ ဘရန႔္ဖို႔ဒ္ကေတာ့ အရန္အမ်ားစုပဲ ပါဝင္လာတာပါ။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္တန္းတက္ဘရန႔္ဖို႔ဒ္ကို၂-ဝဂိုးျဖင့္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာ အလဲလဲအၿပိဳၿပိဳျဖစ္ခဲ့ရတဲ့ ညာေနာက္ခံလူ ဆီဒရစ္ကအဲ ဒီပြဲမွာေတာ့ သူရဲေကာင္းႀကီးျဖစ္လာခဲ့ၿပီး ၂ဂိုးေတာင္သြင္းသြားသလို အဓိကတိုက္စစ္မႉးေတြျဖစ္တဲ့ မာတင္နယ္လီနဲ႔ လာကာဇက္တီတို႔လည္း အမွတ္မရတဲ့ ပြဲမွာ ဂုဏ္ယူ ႏိုင္ခဲ့ၾကပါတယ္။

အာဆင္နယ္ပရိသတ္တစ္ဦးက “ဒီေတာ့က်ဳပ္တို႔ကႏွစ္ေက်ာ့ေပါင္းရလဒ္၄-၂နဲ႔အႏိုင္ရတယ္ေပါ့”လို႔ေလွာင္ေျပာင္ေရးသားပါတယ္။ဘရန႔္ဖို႔ဒ္ပရိသတ္က “စိတ္မေကာင္းပါဘူးေကာင္ေလးတို႔ေရ။ဒီပြဲရလဒ္ကထည့္မတြက္ဘူးဗ်”လို႔ တမင္သက္သက္ ျပန္တုံ႔ျပန္ခဲ့ပါတယ္။

အျခားအာဆင္နယ္ပရိသတ္တစ္ဦးက “တံခါးဖြင့္ပြဲတုန္းက၂-ဝဂိုးနဲ႔ရႈံးခဲ့တာေတာင္အရွက္မရွိဘဲဒီပို႔စ္(ဘရန႔္ဖို႔ဒ္ႏိုင္ပြဲပို႔စ္)ကိုတင္ရဲေသးတယ္ေနာ္”လို႔ေရးသားခဲ့ပါတယ္။

အာဆင္နယ္ဟာ ေႏြရာသီအတြင္း ေငြေၾကးသုံးစြဲမႈအမ်ားဆုံးအသင္း အျဖစ္ ေပါင္သန္း ၁၅၀နဲ႔ ရပ္တည္ခဲ့ရေပမယ့္ ယခုအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ပြဲတိုင္းရႈံး၊ ရဂိုးမရွိစံခ်ိန္နဲ႔ အမွတ္ေပးဇယားရဲ႕ဇယားေအာက္ဆုံးမွာ ရပ္တည္ေနရပါတယ္။