ကွင်းနာမည်ပေး ဂုဏ်ပြုခံရတဲ့ ကာမာဗင်ဂါကို ခေါ်ယူချင်ပြန်တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး

ရန်းနက်စ်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကာမာဗင်ဂါကတော့ ထိပ်တန်း အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူး နေပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်မှ ဆန်ချိုရဲ့အပြောင်းအရွှေ့ အပြီးသတ်ပြီးနောက် ကာမာဗင်ဂါကို ခေါ်ယူရေး ကြိုးစားလာဖွယ်ရှိပါတယ်။

ကာမာဗင်ဂါဟာ ဥရောပ၏ အလားအလာအကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

အဲဒီကောင်လေးဟာ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းတွင် ၃ ကြိမ် ပါဝင်ကစားခဲ့ပြီး၊ ၂၀၂၀ အောက်တိုဘာ ၈ ရက်နေ့ ယူကရိန်းနှင့် ကစားခဲ့တဲ့ ခြေစမ်းပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရန်းနက်စ်အသင်း ကတော့ ကာမာဗင်ဂါကသာ အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိရင်တော့ ကာမာဗင်ဂါကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ် ရှိပါတယ်။

ကာမာဗင်ဂါဟာ ပြင်သစ်လက်ရွေးစင်အသင်းတွင် ပေါ့ဂ်ဘာနှင့်အတူ တွဲကစားစဉ်က သူ့ရဲ့ခြေစွမ်းကို ပေါ့ဂ်ဘာက ချီးကျူးခဲ့ပါသေးတယ်။

ကာမာဗင်ဂါဟာအသက်ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးပေမယ့်ကွင်းအမည်ကိုသူ့အမည်မည့်ခေါ်ပြီးဂုဏ်ပြုခြင်းခံနေရပြီဖြစ်ပါတယ်။

သူကြီးပြင်းရာဖူဂီရက်စ်အနီးရှိ လာချာပယ်လီဂျွန်ဆင်မှကွင်းတစ်ကွင်းကိုသူ့အမည်ပေးပြီးဂုဏ်ပြုခြင်းခံ ရတာဖြစ်ပါတယ်။

လူငယ်ကစားသမားများကိုလေ့ကျင့်ပေးနေတဲ့ ကွင်းအမည်ကိုကာမာဗင်ဂါရဲ့အမည်ကိုပေးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကရန်းနက်စ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၄၂ပွဲကစားခဲ့တဲ့ကာမာဗင်ဂါဟာအသက်၁၁နှစ်အရွယ်မှာရန်းနက်စ်အကယ်ဒမီသို့ရောက်ခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကြင္းနာမည္ေပး ဂုဏ္ျပဳခံရတဲ့ ကာမာဗင္ဂါကို ေခၚယူခ်င္ျပန္တဲ့ ယူႏိုက္တက္

အသက္ ၁၈ႏွစ္ အရြယ္သာ ရွိေသးတဲ့ ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္လူ ကာမာဗင္ဂါဟာ ရန္းနက္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့သူ ျဖစ္ၿပီး ရန္းနက္စ္အသင္းက သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို့ ႀကိဳးစားေနေပမယ့္ ကာမာဗင္ဂါကေတာ့ ထိပ္တန္း အသင္းႀကီး တစ္သင္းဆီ ေျပာင္းေရႊ႕ဖို့ စိတ္ကူး ေနပါတယ္။

ယူႏိုက္တက္ဟာ ေဒါ့မြန္မွ ဆန္ခ်ိဳရဲ႕အေျပာင္းအေရႊ႕ အၿပီးသတ္ၿပီးေနာက္ ကာမာဗင္ဂါကို ေခၚယူေရး ႀကိဳးစားလာဖြယ္ရွိပါတယ္။ ကာမာဗင္ဂါဟာ ဥေရာပ၏ အလားအလာအေကာင္းဆုံး ကြင္းလယ္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

အဲဒီေကာင္ေလးဟာ အသက္ ၁၈ ႏွစ္သာ ရွိေသးေပမယ့္ ျပင္သစ္လက္ေရြးစင္အသင္းတြင္ ၃ ႀကိမ္ ပါဝင္ကစားခဲ့ၿပီး၊ ၂၀၂၀ ေအာက္တိုဘာ ၈ ရက္ေန႔ ယူကရိန္းႏွင့္ ကစားခဲ့တဲ့ ေျခစမ္းပြဲတြင္ အသင္းအတြက္ တစ္ဂိုးသြင္းနိုင္ခဲ့ပါတယ္။

ရန္းနက္စ္အသင္း ကေတာ့ ကာမာဗင္ဂါကသာ အသင္းနဲ႔ စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုျခင္း မရွိရင္ေတာ့ ကာမာဗင္ဂါကို ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕မွာပဲ ေရာင္းထုတ္ဖို့ စီစဥ္ေနပါတယ္။ ယူနိုက္တက္အသင္းဟာ ကာမာဗင္ဂါကို ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၄၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းဖြယ္ ရိွပါတယ္။ ကာမာဗင္ဂါဟာ ျပင္သစ္လက္ေရြးစင္အသင္းတြင္ ေပါ့ဂ္ဘာႏွင့္အတူ တြဲကစားစဥ္က သူ႔ရဲ႕ေျခစြမ္းကို ေပါ့ဂ္ဘာက ခ်ီးက်ဴးခဲ့ပါေသးတယ္။

ကာမာဗင္ဂါဟာအသက္ငယ္ငယ္ရြယ္ရြယ္ပဲ ရွိေသးေပမယ့္ကြင္းအမည္ကိုသူ႔အမည္မည့္ေခၚၿပီးဂုဏ္ျပဳျခင္းခံေနရၿပီျဖစ္ပါတယ္။သူႀကီးျပင္းရာဖူဂီရက္စ္အနီးရွိ လာခ်ာပယ္လီဂၽြန္ဆင္မွကြင္းတစ္ကြင္းကိုသူ႔အမည္ေပးၿပီးဂုဏ္ျပဳျခင္းခံ ရတာျဖစ္ပါတယ္။

လူငယ္ကစားသမားမ်ားကိုေလ့က်င့္ေပးေနတဲ့ ကြင္းအမည္ကိုကာမာဗင္ဂါရဲ့အမည္ကိုေပးလိုက္တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီတုန္းကရန္းနက္စ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၄၂ပြဲကစားခဲ့တဲ့ကာမာဗင္ဂါဟာအသက္၁၁ႏွစ္အရြယ္မွာရန္းနက္စ္အကယ္ဒမီသို့ေရာက္ခဲ့သူျဖစ္ပါတယ္။