ကွင်းထဲ ပြေးဝင်လာတဲ့ နိုက်စ်ပရိသတ်ကို ပြေးထိုးခဲ့လို့ ရာသီကုန်အထိ တာဝန်မှ ရပ်နားခံရတဲ့ မာဆေးလ် ကုထုံးဆရာ ဖာနန်ဒက်စ်

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ မာဆေးလ်အသင်း နှင့် နိုက်စ်အသင်းတို့ရဲ့ လီးဂူးဝမ်း ပွဲစဥ်မှာ အချင်း များခဲ့ကြလို့ ပွဲရပ်နားရတဲ့အထိ ဖြစ်ခဲ့ပြီး မာဆေးလ် ကုထုံးဆရာ ဖာနန်ဒက်စ်ဟာ ​ကွင်းထဲကို ပြေးဝင်လာတဲ့ နိုက်စ်ပရိသတ်ကို ပြေးထိုးခဲ့ပါတယ်။

မာဆေးလ်ကုထုံးဆရာ (physio) ဖာနန်ဒက်စ်ဟာ နိုက်စ် ပရိသတ်ကို ပြေးပြီး ထိုးခဲ့လို့ (၂၀၂၁/၂၂) လက်ကျန် ရာသီကုန်အထိ တာဝန်မှ ရပ်နားခံရပြီး သူ့ရဲ့ကိုယ်ထိလက်ရောက် လုပ်ရပ်ကတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်လိုက်ရတာပါ။

ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ လီးဂူးဝမ်း ပွဲစဥ်မှာ နိုက်စ် ပရိသတ်တွေက ကွင်းထဲ ဝင်ရောက်လာပြီးနောက် ကစားသမားတွေ၊ ပရိသတ်တွေ၊ နည်းပြတွေ အချင်းများခဲ့ကြတာကြောင့် ပွဲကို ဆက်ပြီး မကစားတော့ဘဲ ပွဲကိုပါ ရပ်နားခဲ့ကြရပါတယ်။

နိုက်စ် ပရိသတ် တစ်ဦးက မာဆေးလ် ကွင်းလယ်လူ ပါဗက်ကို ဗူးနဲ့ ပစ်ပေါက်ပြီးနောက် ပါဗက်ကဗူးကို ကောက်ယူပြီး ပွဲကြည့်စင်ကို ပြန်ပစ်ပေါက်ခဲ့တာ​ကနေ အချင်းများမှု စခဲ့ပြီး နိုက်စ်ပရိသတ်တွေ ကွင်းထဲကို ပြေးဝင်လာခဲ့တာ ဖြစ်ပါတယ်။

အချင်းများမှုကြောင့် မာဆေးလ် ကစားသမားတွေ ဖြစ်ကြတဲ့ ပါဗက်က (၁) ပွဲပယ် ပြစ်ဒဏ် နဲ့ သူ့ရဲ့ အသင်းဖော် ဂွန်ဇာလက်စ်က (၂) ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ကြရပြီး တစ်ဦးချင်း ပြစ်ဒဏ် ချမှတ်ခံရာမှာ အပြင်းထန်းဆုံး ချမှတ်ခံရတာက မာဆေးလ်ကုထုံးဆရာ ဖာနန်ဒက်စ် ဖြစ်ပါတယ်။

မာဆေးလ် ကုထုံးဆရာ ပါဘလို ဖာနန်ဒက်စ်ဟာ ကွင်းထဲ ပြေးဝင်လာတဲ့ နိုက်စ်ပရိသတ် တစ်ဦးကို ကိုယ်ထိလက်ရောက် ပြေးထိုးတဲ့ အတွက်ကြောင့် လက်ရှိ လက်ကျန် ရာသီကုန်အထိ သူ့ရဲ့ တာဝန်ကနေ ရပ်နားခံရတဲ့ အထိ ပြစ်ဒဏ်သင့်ခဲ့တာပါ။

ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ ပွဲမှာ နိုက်စ်အသင်းက အိမ်ကွင်းမှာ မာဆေးလ်အသင်းကို (၁-၀) ရလဒ်နဲ့ ဦးဆောင်နေချိန်မှာ အချင်းများမှု ဖြစ်ခဲ့လို့ ပွဲကို ရပ်နားခဲ့ရပြီး အခု နိုက်စ် နဲ့ မာဆေးလ်ရဲ့ ပွဲစဥ်ကို ကြားကွင်းမှာ ပြန်ကစားသွားရမှာ ဖြစ်ပါတယ်။

လီးဂူးဝမ်း အဖွဲ့အစည်းက ထုတ်ပြန်ချက်အရမှာ နိုက်စ်အသင်း နဲ့ မာဆေးလ်းအသင်းတို့ရဲ့ပွဲစဥ်ကို ကြားကွင်းမှာ ပရိသတ် မပါဘဲ တံခါးပိတ် ကစားရမှာ ဖြစ်ပါတယ်လို့ ထုတ်ပြန်ခဲ့ပြီး ဘယ်ရက်မှာ ပြန်ကစားမလဲ ဆိုတာကိုတော့ မသိရသေးပါ။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi








