
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ
အဖွင့်ပွဲမှာ အနိုင်ရထားတဲ့ ဘယ်ဂျီယံဟာ ဒီပွဲမှာလည်း ဆက်ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲအစ ၂မိနစ်မှာတင် ဒိန်းမတ်က ပေါလ်ဆန်ရဲ့ မထင်မှတ်ဘဲ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။
ဒိန်းမတ်တိုက်စ်မှာ ဘာစီလိုနာက ဘရိန်းဝိတ်ချ်နဲ့ ပေါ်ဆန်တို့ ဦးဆောင်ခဲ့ကြတာဖြစ်ပြီး နော်ကတန်းမှာတော့ အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာ၊ ခရစ္စတန်ဆင်တို့ ကစားခဲ့ကြတာပါ။
ဘယ်ဂျီယံမှာ ဒဏ်ရာပြသနာကြောင့် ကြံံခိုင်မှုအပိုင်း စိတ်မချရသေးတဲ့ ဒီဘရိုင်းနဲ့ ဟာဇက်ကို အရန်ခုံမှာပဲ ထားခဲ့တာပါ။
လူကာကူကို အထောင်ထားပြီး တောင်ပံတွေက ကာရက်စကိုး၊ တီဟာဇက်၊ မာတန်းစ်တို့က ထိုးဖောက်ခဲ့ကြပါတယ်။
ပထမပိုင်းမှာ အရေးနိမ့်နေတဲ့ ဘယ်ဂျီယံဟာ ဒုတိယပိုင်းအစမှာ မာတန်းစ်အစား ဒီဘရိုင်းကို လူစားလဲထည့်ခဲ့တဲ့ နည်းပြ မာတီနက်ဇ်ရဲ့
နည်းဗျူဟာက အလုပ်ဖြစ်ခဲ့ပါတယ်။
ဒီဘရိုင်းဝင်လာပြီးနောက်ပိုင်းမှာ ဘယ်ဂျီယံရဲ့ တိုက်စစ်လမ်းကြောင်းပုံစံပြောင်းသွားပြီး ဒိန်းမတ်နောက်တန်း မထိန်းနိုင်တော့ပါဘူး။
ပွဲချိန် ၅၄မိနစ်မှာ ဒိန်းမတ်ဂိုးဧရိယာထဲမှာ လူကာကူနောက်ပေါက်နဲ့ ပြန်ချပေးတဲ့ ဘောလုံးကို ဒီဘရိုင်းက ခြေယောင်ပြဆွဲပြေးရင်း ဂိုးရှေ့ဖြတ်ချိုးပေးလိုက်တာကို
တီဟာဇက်က ချိန်သားကိုက် ပြေးဝင်ပိတ်သွင်းလိုက်တာပါ။
သရေကျသွားတဲပအချိန်မှာ ကွင်းလယ်အသာစီးက ဘယ်ဂျီယံဖြစ်သွားပါပြီ။
အနိုင်ဂိုးကိုတော့ ခြေစွမ်းပြနေတဲ့ ဒီဘရိုင်းက ဘယ်ခြေနဲ့ အပြင်းကန်သွင်းသွားခဲ့တာပါ။
ဘယ်ဂျီယံအသင်း အရှုံးကနေ အနိုင်ပြန်ရတာဟာ ဒီဘရိုင်းကြောင့် လို့ပြောနိုင်ပါတယ်။
ဒီအနိုင်ပွဲကြောင့် ဘယ်ဂျီယံဟာ ရုရှားနဲ့ ဒိန်းမတ်တို့ကို ၂ပွဲဆက် အနိုင်ရခဲ့ပြီး ၆မှတ်ရရှိခဲ့သလို နောက်ဆုံးပွဲဖြစ်တဲ့ ဖင်လန်နဲ့ပွဲမတိုင်ခင်
၁၆သင်းအဆင့်ကို အီတလီနဲ့အတူ တက်ရောက်သွားနိုင်ခဲ့ပါပြီ။
ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေဟာ ဖင်လန်နဲပ့ွဲမှာ ကွင်းထဲ ရုတ်တရက်လဲကျပြီး ဆေးရုံပို့ခဲ့ရတဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အတွက်
ဂုဏ်ပြုပေးတဲ့အနေနဲ့ အဲရစ်ဆင်လဲကျခဲ့တဲ့ ပွဲချိန် ၁၀မိန်စမှာ ပွဲကို ခဏရပ်ဆိုင်းပြီး ပရီသတ်တွေနဲ့အတူ လက်ခုပ်တွေတီး အားပေးဂုဏ်ပြုခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ
Zawgyi
ကြင္းထဲ ဒီဘ႐ိုင္းဝင္လာမွ အရႈံးကေန အႏိုင္ျပန္ရၿပီး ၂ပြဲဆက္ အႏိုင္နဲ႔အတူ ရႈံးထြက္တက္သြားတဲ့ ဘယ္ဂ်ီယံ
—————————————————————————————————————————————
အဖြင့္ပြဲမွာ အႏိုင္ရထားတဲ့ ဘယ္ဂ်ီယံဟာ ဒီပြဲမွာလည္း ဆက္ၿပီး အႏိုင္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲအစ ၂မိနစ္မွာတင္ ဒိန္းမတ္က ေပါလ္ဆန္ရဲ႕ မထင္မွတ္ဘဲ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။
ဒိန္းမတ္တိုက္စ္မွာ ဘာစီလိုနာက ဘရိန္းဝိတ္ခ်္နဲ႔ ေပၚဆန္တို႔ ဦးေဆာင္ခဲ့ၾကတာျဖစ္ၿပီး ေနာ္ကတန္းမွာေတာ့ အသင္းေခါင္းေဆာင္ ဆိုင္မြန္ခါဂ်ာ၊ ခရစၥတန္ဆင္တို႔ ကစားခဲ့ၾကတာပါ။
ဘယ္ဂ်ီယံမွာ ဒဏ္ရာျပသနာေၾကာင့္ ႀကံံခိုင္မႈအပိုင္း စိတ္မခ်ရေသးတဲ့ ဒီဘ႐ိုင္းနဲ႔ ဟာဇက္ကို အရန္ခုံမွာပဲ ထားခဲ့တာပါ။
လူကာကူကို အေထာင္ထားၿပီး ေတာင္ပံေတြက ကာရက္စကိုး၊ တီဟာဇက္၊ မာတန္းစ္တို႔က ထိုးေဖာက္ခဲ့ၾကပါတယ္။
ပထမပိုင္းမွာ အေရးနိမ့္ေနတဲ့ ဘယ္ဂ်ီယံဟာ ဒုတိယပိုင္းအစမွာ မာတန္းစ္အစား ဒီဘ႐ိုင္းကို လူစားလဲထည့္ခဲ့တဲ့ နည္းျပ မာတီနက္ဇ္ရဲ႕
နည္းဗ်ဴဟာက အလုပ္ျဖစ္ခဲ့ပါတယ္။
ဒီဘ႐ိုင္းဝင္လာၿပီးေနာက္ပိုင္းမွာ ဘယ္ဂ်ီယံရဲ႕ တိုက္စစ္လမ္းေၾကာင္းပုံစံေျပာင္းသြားၿပီး ဒိန္းမတ္ေနာက္တန္း မထိန္းႏိုင္ေတာ့ပါဘူး။
ပြဲခ်ိန္ ၅၄မိနစ္မွာ ဒိန္းမတ္ဂိုးဧရိယာထဲမွာ လူကာကူေနာက္ေပါက္နဲ႔ ျပန္ခ်ေပးတဲ့ ေဘာလုံးကို ဒီဘ႐ိုင္းက ေျခေယာင္ျပဆြဲေျပးရင္း ဂိုးေရွ႕ျဖတ္ခ်ိဳးေပးလိုက္တာကို
တီဟာဇက္က ခ်ိန္သားကိုက္ ေျပးဝင္ပိတ္သြင္းလိုက္တာပါ။
သေရက်သြားတဲပအခ်ိန္မွာ ကြင္းလယ္အသာစီးက ဘယ္ဂ်ီယံျဖစ္သြားပါၿပီ။
အႏိုင္ဂိုးကိုေတာ့ ေျခစြမ္းျပေနတဲ့ ဒီဘ႐ိုင္းက ဘယ္ေျခနဲ႔ အျပင္းကန္သြင္းသြားခဲ့တာပါ။
ဘယ္ဂ်ီယံအသင္း အရႈံးကေန အႏိုင္ျပန္ရတာဟာ ဒီဘ႐ိုင္းေၾကာင့္ လို႔ေျပာႏိုင္ပါတယ္။
ဒီအႏိုင္ပြဲေၾကာင့္ ဘယ္ဂ်ီယံဟာ ႐ုရွားနဲ႔ ဒိန္းမတ္တို႔ကို ၂ပြဲဆက္ အႏိုင္ရခဲ့ၿပီး ၆မွတ္ရရွိခဲ့သလို ေနာက္ဆုံးပြဲျဖစ္တဲ့ ဖင္လန္နဲ႔ပြဲမတိုင္ခင္
၁၆သင္းအဆင့္ကို အီတလီနဲ႔အတူ တက္ေရာက္သြားႏိုင္ခဲ့ပါၿပီ။
ဒီပြဲမွာ ႏွစ္ဖက္ကစားသမားေတြဟာ ဖင္လန္နဲပ့ြဲမွာ ကြင္းထဲ ႐ုတ္တရက္လဲက်ၿပီး ေဆး႐ုံပို႔ခဲ့ရတဲ့ ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္အတြက္
ဂုဏ္ျပဳေပးတဲ့အေနနဲ႔ အဲရစ္ဆင္လဲက်ခဲ့တဲ့ ပြဲခ်ိန္ ၁၀မိန္စမွာ ပြဲကို ခဏရပ္ဆိုင္းၿပီး ပရီသတ္ေတြနဲ႔အတူ လက္ခုပ္ေတြတီး အားေပးဂုဏ္ျပဳခဲ့ၾကပါတယ္။