“ ကွင်းထဲမှာ သူငယ်ချင်းဆိုတာ မရှိပါဘူး။ ”_ ဂျာနူဇက်

ရီးရဲဆိုစီဒက်စ် ကစားသမား ဂျာနူဇက်က ESPN သတင်းဌာနနဲ့ တွေ့ဆုံရာမှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံနေမှုအပေါ် သူ့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အသက် ( ၂၆ ) နှစ်အရွယ် ဂျာနူဇက်ဟာ အိုးထရတ်ဖို့ဒ် အကယ်ဒမီကနေ ပေါက်ဖွားလာတဲ့ ကစားသမားဖြစ်ပြီး ( ၂၀၁၇ ) ခုနှစ်မှာ စပိန်ကလပ်ကို ပြောင်းရွေ့ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နှင့် ရီးရဲဆိုစီဒက်စ် အသင်းတို့ဟာ ယူရိုပါလိဂ် ( ၃၂ ) သင်းအဆင့်မှာ တွေ့ဆုံနေပြီး ပထမအကျော့ကို ကိုရိုနာဗိုင်းရပ်စည်းမျဥ်းတွေကြောင့် တူရင်မြို့မှာ ကျင်းပဖို့ရှိနေပါတယ်။

ဂျာနူဇက်က ESPN သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံရာမှာ “ကျွန််တော်ချစ်တဲ့ အသင်းနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရမယ့်အတွက် ပျော်ရွှင်မိပါတယ်။ လက်ရှိမှာတော့ ကျွန်တော်က အခြား အသင်းအတွက် ကစားပေးနေပြီး အနိုင်ရရှိလိုတာကြောင့် ကွင်းထဲရောက်တာနဲ့ သူငယ်ချင်းဆိုတာ မတည်ရှိတော့ပါဘူး။ ကျွန်တော့်အသင်းနဲ့ အကောင်းဆုံးဖြတ်ကျော်ချင်ပါတယ်။ ပြန်လည်ဆုံတွေ့ခွင့်ရမယ့်အတွက် ပျော်ရွှင်မိပေမယ့် ကွင်းထဲရောက်တာနဲ့ သူငယ်ချင်း မဟုတ်တော့ပါဘူး ” ဟု ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ဘယ်သူ့ကိုမှ သက်သေပြစရာမလိုပါဘူး။ ကျွန်တော့် အရည်အချင်းကျွန်တော်သိပါတယ်။ ကျွန်တော် ဘယ်လောက်ကောင်းကြောင်း ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ပြီး ပျော်ရွှင်စွာ ပွဲကစားဖို့ပဲ လိုအပ်ပါတယ်”  “ ဖာဂီ နှင့် မိုးယေးစ်က ကျွန်တော့်အပေါ် ယုံကြည်ပေးပါတယ်။ အဲ့ဒီနောက် တခြားနည်းပြတွေရောက်ရှိလာပါတယ်။ သူတို့က အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို အသင်းမှာ ပိုပြီးနေရာ ပေးလိုကြပါတယ်။”

ဂျာနူဇက်ရဲ့ ယူနိုက်တက် ကစားသမား ဘဝက ရှုပ်ထွေးပါတယ်။ ( ၂၀၁၃ ) ခုနှစ် ဆာအဲလက် ဖာဂူဆန်ရဲ့ နောက်ဆုံးပွဲစဥ်မှာ အရံကစားသမားအနေနဲ့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီနောက် ဒေးဗစ်မိုယေးစ်ရဲ့ လက်အောက်မှာ ဆယ်ကျော်သက် ကြယ်ပွင့်အနေနဲ့ ကျော်ကြားလာခဲ့ပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ( ၂၀၁၃ ) အောက်တိုဘာမှာ ယူနိုက်တက်အသင်းနဲ့ ( ၅ ) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ( ၂၀၁၄ ) ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒေးဗစ်မိုးယေးစ်ကို ဗန်ဟားနဲ့ အစားထိုးချိန်မှာတော့ အခြေအနေ ပြောင်းလဲလာပြီး ( ၂၀၁၅ ) သြဂုတ်လမှာ ဒေါ့မွန်အသင်းထံ အငှားချခြင်းခံခဲ့ရပါတယ်။ အဲ့ဒီနောက် ( ၂၀၁၆ ) ဇူလိုင်လ ၊ ဂျိုဆေး မော်ရင်ဟို ယူနိုက်တက်နည်းပြ ဖြစ်လာချိန်မှာ ဆန်းဒါလန်းအသင်းထံ အငှားချခြင်းခံခဲ့ရပြီး ( ၂၀၁၇ ) မှာ ရီးရဲဆိုစီဒက်စ် အသင်းထံပြောင်းရွေ့ခဲ့ပါတယ်။

Zawgyi

“ ကြင္းထဲမွာ သူငယ္ခ်င္းဆိုတာ မရွိပါဘူး။ ”_ ဂ်ာႏူဇက္

ရီးရဲဆိုစီဒက္စ္ ကစားသမား ဂ်ာႏူဇက္က ESPN သတင္းဌာနနဲ႔ ေတြ႕ဆုံရာမွာ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံေနမႈအေပၚ သူ႔ရဲ႕ ခံစားခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အသက္ ( ၂၆ ) ႏွစ္အ႐ြယ္ ဂ်ာႏူဇက္ဟာ အိုးထရတ္ဖို႔ဒ္ အကယ္ဒမီကေန ေပါက္ဖြားလာတဲ့ ကစားသမားျဖစ္ၿပီး ( ၂၀၁၇ ) ခုႏွစ္မွာ စပိန္ကလပ္ကို ေျပာင္းေ႐ြ႕ခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ ရီးရဲဆိုစီဒက္စ္ အသင္းတို႔ဟာ ယူ႐ိုပါလိဂ္ ( ၃၂ ) သင္းအဆင့္မွာ ေတြ႕ဆုံေနၿပီး ပထမအေက်ာ့ကို ကို႐ိုနာဗိုင္းရပ္စည္းမ်ဥ္းေတြေၾကာင့္ တူရင္ၿမိဳ႕မွာ က်င္းပဖို႔ရွိေနပါတယ္။

ဂ်ာႏူဇက္က ESPN သတင္းဌာနနဲ႔ သီးသန႔္ ေတြ႕ဆုံရာမွာ “ကြၽန္္ေတာ္ခ်စ္တဲ့ အသင္းနဲ႔ ျပန္လည္ဆုံေတြ႕ခြင့္ရမယ့္အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ လက္ရွိမွာေတာ့ ကြၽန္ေတာ္က အျခား အသင္းအတြက္ ကစားေပးေနၿပီး အႏိုင္ရရွိလိုတာေၾကာင့္ ကြင္းထဲေရာက္တာနဲ႔ သူငယ္ခ်င္းဆိုတာ မတည္ရွိေတာ့ပါဘူး။ ကြၽန္ေတာ့္အသင္းနဲ႔ အေကာင္းဆုံးျဖတ္ေက်ာ္ခ်င္ပါတယ္။ ျပန္လည္ဆုံေတြ႕ခြင့္ရမယ့္အတြက္ ေပ်ာ္႐ႊင္မိေပမယ့္ ကြင္းထဲေရာက္တာနဲ႔ သူငယ္ခ်င္း မဟုတ္ေတာ့ပါဘူး ” ဟု ေျပာဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္ ဘယ္သူ႔ကိုမွ သက္ေသျပစရာမလိုပါဘူး။ ကြၽန္ေတာ့္ အရည္အခ်င္းကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ္ ဘယ္ေလာက္ေကာင္းေၾကာင္း ဘယ္သူ႔ကိုမွ သက္ေသျပစရာ မလိုပါဘူး။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ယုံၾကည္ၿပီး ေပ်ာ္႐ႊင္စြာ ပြဲကစားဖို႔ပဲ လိုအပ္ပါတယ္” “ ဖာဂီ ႏွင့္ မိုးေယးစ္က ကြၽန္ေတာ့္အေပၚ ယုံၾကည္ေပးပါတယ္။ အဲ့ဒီေနာက္ တျခားနည္းျပေတြေရာက္ရွိလာပါတယ္။ သူတို႔က အေတြ႕အႀကဳံရွိတဲ့ ကစားသမားေတြကို အသင္းမွာ ပိုၿပီးေနရာ ေပးလိုၾကပါတယ္။”

ဂ်ာႏူဇက္ရဲ႕ ယူႏိုက္တက္ ကစားသမား ဘဝက ရႈပ္ေထြးပါတယ္။ ( ၂၀၁၃ ) ခုႏွစ္ ဆာအဲလက္ ဖာဂူဆန္ရဲ႕ ေနာက္ဆုံးပြဲစဥ္မွာ အရံကစားသမားအေနနဲ႔ ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ အဲ့ဒီေနာက္ ေဒးဗစ္မိုေယးစ္ရဲ႕ လက္ေအာက္မွာ ဆယ္ေက်ာ္သက္ ၾကယ္ပြင့္အေနနဲ႔ ေက်ာ္ၾကားလာခဲ့ပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ ( ၂၀၁၃ ) ေအာက္တိုဘာမွာ ယူႏိုက္တက္အသင္းနဲ႔ ( ၅ ) ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ( ၂၀၁၄ ) ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဒါေပမယ့္ ေဒးဗစ္မိုးေယးစ္ကို ဗန္ဟားနဲ႔ အစားထိုးခ်ိန္မွာေတာ့ အေျခအေန ေျပာင္းလဲလာၿပီး ( ၂၀၁၅ ) ၾသဂုတ္လမွာ ေဒါ့မြန္အသင္းထံ အငွားခ်ျခင္းခံခဲ့ရပါတယ္။ အဲ့ဒီေနာက္ ( ၂၀၁၆ ) ဇူလိုင္လ ၊ ဂ်ိဳေဆး ေမာ္ရင္ဟို ယူႏိုက္တက္နည္းျပ ျဖစ္လာခ်ိန္မွာ ဆန္းဒါလန္းအသင္းထံ အငွားခ်ျခင္းခံခဲ့ရၿပီး ( ၂၀၁၇ ) မွာ ရီးရဲဆိုစီဒက္စ္ အသင္းထံေျပာင္းေ႐ြ႕ခဲ့ပါတယ္။