ကွင်းထဲမှာ မပါနိုင်ပေမယ့် ပွဲကြည့်စင်ပေါ်မှာ အသင်းစိတ်ဓါတ်အပြည့်နဲ့ ဟာလန်း အောင်ပွဲခံ

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးအားကစားဆိုတာ အသင်းလိုက်ကစားရတဲ့ပြိုင်ပွဲဖြစ်ပြီး ခြေစွမ်းကောင်းဖို့လိုသလို စိတ်ဓါတ်ပြင်းပြဖို့လည်း လိုပါတယ်။

တစ်ချို့ပွဲစဉ်တွေမှာ အောက်အသင်းငယ်တွေက အသင်းကြီးတွေကို မထင်မှတ်ဘဲ အနိုင်ရသွားတတ်တာတွေက Team Sprit လို့ခေါ်တဲ့ အသင်းလိုက် စိတ်ဓာတ်ကြောင့်ပါပဲ။

ဘောလုံးသမားတွေထဲမှာလည်း အသင်းစိတ်ဓါတ်ပြည့်ဝတဲ့ ကစားသမားတွေ မြင်ဖူးကြမှာပါ။ ပရော်ဖက်ရှင်နယ်စိတ်ထားနဲ့ မတူတဲ့ အသင်းလိုက်စိတ်ဓါတ်ဟာ ဘောလုံးသမားတိုင်းမှာတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂ်ပွဲစဉ်ဖြစ်တဲ့ ဒေါ့မန်နဲ့လိုက်ဇစ်ကစားသွားတဲ့ပွဲမှာ အိမ်ရှင်ဒေါ့မန်အသင်းဟာ ပွဲပြီးခါနီး ၈၇မိနစ်မှာ ဆန်ချိုက အနိုင်ဂိုးသွင်းပြီး ခက်ခက်ခဲခဲ အနိုင်ရခဲ့တာပါ။

ဒီပွဲမှာ ဒေါ့မန်အသင်းရဲ့ အားထားရတဲ့ နာမည်ကြီးတိုက်စစ်မှုး ဟာလန်းက မပါဝင်နိုင်ခဲ့ပါဘူး။

ဒါပေမယ့်သူဟာ အသင်းကို ကွင်းထဲလာအားပေးခဲ့ပြီး ဆန်ချိုဂိုးသွင်းလိုက်တဲ့အချိန်မှာ ကွင်းထဲမှာ သူကိုယ်တိုင်ပါဝင် ကစားနေသလိုမျိုး အော်ဟစ်ခုန်ပေါက် အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ဟာလန်းရဲ့ အသင်းစိတ်ဓါတ်ပါပဲ။

ဒေါ့မန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄နေရာမှာ ရှိနေပေမယ့် အဆင့် ၅က ဖရန့်ဖတ်နဲ့ ၂မှတ်သာကွာပြီး တနင်္ဂနွေညမှာ ဖရန့်ဖတ်နိုင်ရင် ကျော်တက်ခံရဖို့ရှိပါတယ်။

ဒေါ့မန်ဟာ ဘွန်ဒက်စ်လီဂါမှာ ပျမ်းမျှအသက်အငယ်ဆုံးအသင်းဖြစ်ပြီး ဟာလန်း၊ ဆန်ချို၊ ဘယ်လာဂရမ် စတဲ့ Gen Z လူငယ် တွေအများဆုံးပါဝင်နေတဲ့အသင်းဖြစ်ပါတယ်။

ကွင်းထဲမှာ အတူတကွ ကစားရတဲ့အချိန်မှာလည်း အသင်းခေါင်းဆောင် မာကိုရူးစ်တို့လို အတွေ့အကြုံရင့်တဲ့ Gen Y တွေရဲ့ လက်တွဲဦးဆောင်မှုတွေနဲ့ ဟာလန်းတို့ Gen Z လူငယ် တစ်သိုက်ဟာ အတွဲညီညီကစားခဲ့ကြတာပါ။

ဟာလန်းလိုမျိုး မန်ယူကစားသမား ဘန်ဒီဘိခ်လည်း ဖြစ်ခဲ့ဖူးပြီး သူဆိုရင် ဟာလန်းလိုမျိုးတောင် အသင်းရဲ့ ပထမဦးစားပေးကစားသမား မဟုတ်ပါဘူး။

နည်းပြဆိုးလ်ရှားလက်ထက်မှာ အမှတ်ပေးပွဲစဉ်ပါဝင်ကစားရတာ လက်တစ်ဖက်တောင် မပြည့်တဲ့ ဘန်ဒီဘိခ်ဟာ သူ အရန်ကစားသမားစာရင်းမှာ ပါဝင်တဲ့ပွဲတွေမှာဆိုရင်

ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း အသင်းဖော်တွေကို မာန်အပြည့်နဲ့ အားပေးတတ်တဲ့သူပါ။

အသင်းဖော်တစ်ယောက်ယောက်က ဂိုးသွင်းလိုက်ပြီဆိုရင် ကွင်းဘေးမှာ ဗန်ဒီဘိခ်တစ်ယောက် ပါးစပ်မစိနိုင်တော့ဘဲ အော်ဟစ်အားပေးနေတဲ့ပုံတွေ မကြာခဏတွေ့ခဲ့ရပါတယ်။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြင္းထဲမွာ မပါႏိုင္ေပမယ့္ ပြဲၾကည့္စင္ေပၚမွာ Gen Z ေတြမွာရွိတဲ့ အသင္းစိတ္ဓါတ္အျပည့္နဲ႔ ဟာလန္း ေအာင္ပြဲခံ

ေဘာလုံးအားကစားဆိုတာ အသင္းလိုက္ကစားရတဲ့ၿပိဳင္ပြဲျဖစ္ၿပီး ေျခစြမ္းေကာင္းဖို႔လိုသလို စိတ္ဓါတ္ျပင္းျပဖို႔လည္း လိုပါတယ္။

တစ္ခ်ိဳ႕ပြဲစဥ္ေတြမွာ ေအာက္အသင္းငယ္ေတြက အသင္းႀကီးေတြကို မထင္မွတ္ဘဲ အႏိုင္ရသြားတတ္တာေတြက Team Sprit လို႔ေခၚတဲ့ အသင္းလိုက္ စိတ္ဓာတ္ေၾကာင့္ပါပဲ။

ေဘာလုံးသမားေတြထဲမွာလည္း အသင္းစိတ္ဓါတ္ျပည့္ဝတဲ့ ကစားသမားေတြ ျမင္ဖူးၾကမွာပါ။ ပေရာ္ဖက္ရွင္နယ္စိတ္ထားနဲ႔ မတူတဲ့ အသင္းလိုက္စိတ္ဓါတ္ဟာ ေဘာလုံးသမားတိုင္းမွာေတာ့ မရွိပါဘူး။

ၿပီးခဲ့တဲ့ ဘြန္ဒက္စ္လီဂ္ပြဲစဥ္ျဖစ္တဲ့ ေဒါ့မန္နဲ႔လိုက္ဇစ္ကစားသြားတဲ့ပြဲမွာ အိမ္ရွင္ေဒါ့မန္အသင္းဟာ ပြဲၿပီးခါနီး ၈၇မိနစ္မွာ ဆန္ခ်ိဳက အႏိုင္ဂိုးသြင္းၿပီး ခက္ခက္ခဲခဲ အႏိုင္ရခဲ့တာပါ။

ဒီပြဲမွာ ေဒါ့မန္အသင္းရဲ႕ အားထားရတဲ့ နာမည္ႀကီးတိုက္စစ္မႈး ဟာလန္းက မပါဝင္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္သူဟာ အသင္းကို ကြင္းထဲလာအားေပးခဲ့ၿပီး ဆန္ခ်ိဳဂိုးသြင္းလိုက္တဲ့အခ်ိန္မွာ ကြင္းထဲမွာ သူကိုယ္တိုင္ပါဝင္ ကစားေနသလိုမ်ိဳး ေအာ္ဟစ္ခုန္ေပါက္ ေအာင္ပြဲခံခဲ့ပါတယ္။ ဒါဟာ ဟာလန္းရဲ႕ အသင္းစိတ္ဓါတ္ပါပဲ။

ေဒါ့မန္အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ေနရာမွာ ရွိေနေပမယ့္ အဆင့္ ၅က ဖရန႔္ဖတ္နဲ႔ ၂မွတ္သာကြာၿပီး တနဂၤေႏြညမွာ ဖရန႔္ဖတ္ႏိုင္ရင္ ေက်ာ္တက္ခံရဖို႔ရွိပါတယ္။

ေဒါ့မန္ဟာ ဘြန္ဒက္စ္လီဂါမွာ ပ်မ္းမွ်အသက္အငယ္ဆုံးအသင္းျဖစ္ၿပီး ဟာလန္း၊ ဆန္ခ်ိဳ၊ ဘယ္လာဂရမ္ စတဲ့ Gen Z လူငယ္ ေတြအမ်ားဆုံးပါဝင္ေနတဲ့အသင္းျဖစ္ပါတယ္။ ကြင္းထဲမွာ အတူတကြ ကစားရတဲ့အခ်ိန္မွာလည္း အသင္းေခါင္းေဆာင္ မာကို႐ူးစ္တို႔လို အေတြ႕အၾကံဳရင့္တဲ့ Gen Y ေတြရဲ႕ လက္တြဲဦးေဆာင္မႈေတြနဲ႔ ဟာလန္းတို႔ Gen Z လူငယ္ တစ္သိုက္ဟာ အတြဲညီညီကစားခဲ့ၾကတာပါ။ ကိုယ္မပါရတဲ့အခ်ိန္ေတြမွာ ကြင္းထဲလာအားေပးဖို႔မေျပာနဲ႔ အိမ္မွာပြဲေတာင္ၾကည့္ျဖစ္ဖို႔ မေသခ်ာတဲ့ သူေတြလိုမ်ိဳး စိတ္ဓါတ္မဟုတ္တဲ့ ဟာလန္းရဲ႕ ပုံရိပ္ေတြက မီဒီယာေတြေပၚေရာက္လာခဲ့ပါတယ္။

ဟာလန္းလိုမ်ိဳး မန္ယူကစားသမား ဘန္ဒီဘိခ္လည္း ျဖစ္ခဲ့ဖူးၿပီး သူဆိုရင္ ဟာလန္းလိုမ်ိဳးေတာင္ အသင္းရဲ႕ ပထမဦးစားေပးကစားသမား မဟုတ္ပါဘူး။ နည္းျပဆိုးလ္ရွားလက္ထက္မွာ အမွတ္ေပးပြဲစဥ္ပါဝင္ကစားရတာ လက္တစ္ဖက္ေတာင္မျပည့္တဲ့ ဘန္ဒီဘိခ္ဟာ သူ အရန္ကစားသမားစာရင္းမွာ ပါဝင္တဲ့ပြဲေတြမွာဆိုရင္ ကြင္းေဘးမွာ ေသြးပူေလ့က်င့္ခန္းလုပ္ရင္း အသင္းေဖာ္ေတြကို မာန္အျပည့္နဲ႔ အားေပးတတ္တဲ့သူပါ။ အသင္းေဖာ္တစ္ေယာက္ေယာက္က ဂိုးသြင္းလိုက္ၿပီဆိုရင္ကြင္းေဘးမွာ ဗန္ဒီဘိခ္တစ္ေယာက္ ပါးစပ္မစိႏိုင္ေတာ့ဘဲ ေအာ္ဟစ္အားေပးေနတဲ့ပုံေတြ မၾကာခဏေတြ႕ခဲ့ရပါတယ္။