ကွင်းထဲမှာ ဘီယာသောက်ဟန်ပြပြီး ဂိုးသွင်းတဲ့ ဒီကလန်ရိုက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်က ဟန်ဂေရီကို လေးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ လူမျိုးရေးခွဲခြားခံရမှုနဲ့ ပတ်သက်ပြီး တော်တော်လေးအငြင်းပွားစရာလုပ်ရပ်တွေကို ဟန်ဂေရီပရိသတ်တွေကဖန်တီးခဲ့ပါတယ်။

ပွဲမစတင်ခင်မှာ လူမျိုးရေးခွဲခြားမှုမပြုလုပ်ဖို့ အင်္ဂလန်အသင်းသားတွေက ဒူးတစ်ဖက်ထောက် ပြုလုပ်ခဲ့စဉ်မှာလည်း ဝိုင်းဝန်းလှောင်ပြောင်မှုတွေရှိခဲ့ကြပြီး ပွဲချိန်အတွင်းမှာလည်း စတာလင် နဲ့ ဘီလင်ဟမ်တို့ကို မျောက်လို့အော်ဟစ်ခဲ့ကြပါတယ်။

ဟန်ဂေရီပရိသတ်တွေဟာ စတာလင်ဂိုးသွင်းချိန်မှာလည်း ပလက်စတစ်ခွက်တွေနဲ့ ပစ်ပေါက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ပွဲကစားချိန် ၅၅ မိနစ်မှာ စတာလင်က အင်္ဂလန်အတွက် ဂိုးသွင်းပြီး အောင်ပွဲခံနေချိန်မှာ ပစ်ပေါက်ခဲ့ကြတာဖြစ်ပြီး ဒီလုပ်ရပ်ကို အင်္ဂလန်ကွင်းလယ်လူဒီကလန်ရိုက်က အကောင်းဆုံးတုန့်ပြန်လုပ်ပြသွားခဲ့ပါတယ်။

ဒီကလန်ရိုက်ဟာ ပရိသတ်တွေက ပစ်ပေါက်ခဲ့တဲ့ ခွက်ကို ကောက်ယူလိုက်ပြီးဘီယာ သောက်ခဲ့တဲ့ ပုံစံဟန်ဆောင်ကာ ကွင်းထဲ ပြန်လည်ပစ်ချသွားခဲ့တာဖြစ်ပါတယ်။

ဒီကလန်ရိုက်ဟာ ဘီယာတစ်ခါမှ မသောက်ဖူးသေးပေမယ့် အင်္ဂလန်အသင်းသာ ယူရိုဖလားရမယ်ဆို သောက်မယ်လို့ ပြောဆိုထားတာပါ။

ဒီကလန်ရိုက်ဟာ ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် စတုတ္ထမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်အတွက် ဒုတိယဂိုးနဲ့ တတိယဂိုးတွေကို ဟာရီကိန်း နဲ့ မက်ဂွားယား တို့က သွင်းယူခဲ့တာပါ။

“ကျွန်တော့်အသက် ၂၂နှစ်အထိ ဘီယာမသောက်ဖူးဘူး။ ဒါအမှန်ပါ။

နည်းနည်းလေးတောင်မှ ကျွန်တော်မသောက်ဖူးဘူး။

ဒါက ပြောစရာကောင်းတဲ့ကိစ္စမျိုးတော့မဟုတ်ပေမယ့် ကျွန်တော် ဘီယာကို တကယ်မသောက်တာပါ။

လူတွေအံ့သြကြပါတယ်။ အနံ့ကိုလည်း ကျွန်တော်မကြိုက်လို့ ဘီယာနားဆို သွားကိုမသွားဘူး” လို့ ဒီကလန်ရိုက်က ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြင္းထဲမွာ ဘီယာေသာက္ဟန္ျပၿပီး ဂိုးသြင္းတဲ့ ဒီကလန္႐ိုက္

အဂၤလန္က ဟန္ေဂရီကို ေလးဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့ပြဲမွာေတာ့ လူမ်ိဳးေရးခြဲျခားခံရမႈနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ေလးအျငင္းပြားစရာလုပ္ရပ္ေတြကို ဟန္ေဂရီပရိသတ္ေတြကဖန္တီးခဲ့ပါတယ္။ ပြဲမစတင္ခင္မွာ လူမ်ိဳးေရးခြဲျခားမႈမျပဳလုပ္ဖို႔ အဂၤလန္အသင္းသားေတြက ဒူးတစ္ဖက္ေထာက္ ျပဳလုပ္ခဲ့စဥ္မွာလည္း ဝိုင္းဝန္းေလွာင္ေျပာင္မႈေတြရွိခဲ့ၾကၿပီး ပြဲခ်ိန္အတြင္းမွာလည္း စတာလင္ နဲ႔ ဘီလင္ဟမ္တို႔ကို ေမ်ာက္လို႔ေအာ္ဟစ္ခဲ့ၾကပါတယ္။

ဟန္ေဂရီပရိသတ္ေတြဟာ စတာလင္ဂိုးသြင္းခ်ိန္မွာလည္း ပလက္စတစ္ခြက္ေတြနဲ႔ ပစ္ေပါက္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ ပြဲကစားခ်ိန္ ၅၅ မိနစ္မွာ စတာလင္က အဂၤလန္အတြက္ ဂိုးသြင္းၿပီး ေအာင္ပြဲခံေနခ်ိန္မွာ ပစ္ေပါက္ခဲ့ၾကတာျဖစ္ၿပီး ဒီလုပ္ရပ္ကို အဂၤလန္ကြင္းလယ္လူဒီကလန္႐ိုက္က အေကာင္းဆုံးတုန္႔ျပန္လုပ္ျပသြားခဲ့ပါတယ္။

ဒီကလန္႐ိုက္ဟာ ပရိသတ္ေတြက ပစ္ေပါက္ခဲ့တဲ့ ခြက္ကို ေကာက္ယူလိုက္ၿပီးဘီယာ ေသာက္ခဲ့တဲ့ ပုံစံဟန္ေဆာင္ကာ ကြင္းထဲ ျပန္လည္ပစ္ခ်သြားခဲ့တာျဖစ္ပါတယ္။ဒီကလန္႐ိုက္ဟာ ဘီယာတစ္ခါမွ မေသာက္ဖူးေသးေပမယ့္ အဂၤလန္အသင္းသာ ယူ႐ိုဖလားရမယ္ဆို ေသာက္မယ္လို႔ ေျပာဆိုထားတာပါ။

ဒီကလန္႐ိုက္ဟာ ဒီပြဲမွာ အဂၤလန္အသင္းအတြက္ စတုတၳေျမာက္သြင္းဂိုးကို ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။အဂၤလန္အတြက္ ဒုတိယဂိုးနဲ႔ တတိယဂိုးေတြကို ဟာရီကိန္း နဲ႔ မက္ဂြားယား တို႔က သြင္းယူခဲ့တာပါ။

“ကြၽန္ေတာ့္အသက္ ၂၂ႏွစ္အထိ ဘီယာမေသာက္ဖူးဘူး။ ဒါအမွန္ပါ၊ နည္းနည္းေလးေတာင္မွ ကြၽန္ေတာ္မေသာက္ဖူးဘူး၊ ဒါက ေျပာစရာေကာင္းတဲ့ကိစၥမ်ိဳးေတာ့မဟုတ္ေပမယ့္ ကြၽန္ေတာ္ ဘီယာကို တကယ္မေသာက္တာပါ။ လူေတြအံ့ၾသၾကပါတယ္။ အနံ႔ကိုလည္း ကြၽန္ေတာ္မႀကိဳက္လို႔ ဘီယာနားဆို သြားကိုမသြားဘူး” လို႔ ဒီကလန္႐ိုက္က ၿပီးခဲ့တဲ့ဇူလိုင္လအတြင္းမွာ ေျပာဆိုခဲ့ဖူးတာျဖစ္ပါတယ္။