ကွင်းထဲမှာသာ ခြေစွမ်းမပြနိုင်ပေမယ့် အပြင်မှာတော့ ဂွါဒီယိုလာရဲ့ရှုမညီးတဲ့ချစ်သမီးလေးကို အကြီးကြီးကြံနေတဲ့ အယ်လီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ကွင်းလယ်လူ အယ်လီကတော့ ကွင်းထဲမှာသာ ဂဂျောင်ရိုက်နေပေမယ့် အပြင်မှာတော့ နည်းဗျူဟာပိုင်းမှာဆရာကြီးလို့သတ်မှတ်ခံထားရတဲ့ ဂွါဒီယိုလာရဲ့ သမီးဖြစ်သူမာရီယာကို ဗျူဟာတကျချည်းကပ်နေပါပြီ။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့အယ်လီဟာ သူ့ထက်(၅)နှစ်ငယ်ပြီး ရှင်းရှင်းပြောရရင် သူ့လိုရုပ်ကြမ်းကြီးနဲ့တောင် သိပ်မတန်တဲ့ နတ်သမီးလေးမာရီယာကို Date လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့မေလတုန်းက Rooftop Bar တစ်ခုမှာ မာရီယာနဲ့အနမ်းချင်းဖလှယ်နေတဲ့ ရင်နာစရာဓာတ်ပုံတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက် လန်ဒန်မြို့က စားသောက်ဆိုင်တစ်ခုမှာအတူရှိနေတာကို ဗြိတိန်သတင်းစာ Daily Mail ရဲ့သတင်းထောက်တွေက အနံ့ခံမိခဲ့သလို Novikov စားသောက်ဆိုင်ကနေ အတူတူထွက်သွားတာကို ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

မာရီယာနဲ့အယ်လီတို့ တွဲခုတ်နေတာလားဆိုတာ အယ်လီနဲ့ပတ်သက်တဲ့သူတစ်ဦးဆီ Daily Mail က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အယ်လီကတော့ သူ့လူနေမှုဘဝနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လူသိရှင်ကြားဖွင့်ဟတာမျိုး မလုပ်ချင်းဘူးလို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့ဖေဖော်ဝါရီလမှာ ရည်းစားဟောင်းရူဘီမေနဲ့ ချစ်စခန်းတစ်ခန်းရပ်သွားပြီးတဲ့နောက်မှာ FA အဖြစ်နဲ့ဖြတ်သန်းခဲ့ရတဲ့ စော်ပစ်ကောင် အယ်လီဟာ သူ့ရဲ့နှလုံးသားဒဏ်ရာကို

အမြန်ဆုံးကုစားနိုင်ဖို့အတွက် ရင်ခုန်သံအသစ်တစ်ခုရှာဖွေခဲ့ပြီး (၂)လလောက်အကြာမှာပဲ ဂွါဒီယိုလာရဲ့သမီးကြီးဖြစ်သူ မာရီယာနဲ့ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

အစပိုင်းတုန်းကတော့ သူတို့နှစ်ယောက်က အဖြူရောင်သူငယ်ချင်းခေါင်းစဉ်အောက်မှာရှိခဲ့ပေမယ့် အကြီးကြီးကြံနေတဲ့ အယ်လီက မကြာခင်မှာပဲ ခေါင်းစဉ်သစ်တစ်ခုပြောင်းလဲခဲ့ပြီး အတွေ့အကြုံရင့် အယ်လီရဲ့အကွက်တွေကြားမှာ မာရီယာတစ်ယောက် မလူးသာမလွန့်သာမျောပါသွားတာပဲဖြစ်မှာပါ။

အယ်လီရဲ့ကွင်းတွင်းခြေစွမ်းနဲ့ပတ်သက်လို့ မကြာခင် ယောက္ခမဖြစ်လာဖို့ရှိတဲ့ ဂွါဒီယိုလာက ၂၀၁၇ ခုနှစ်တုန်းက အခုလိုချီးမွန်းခန်းဖွင့်ခဲ့ဖူးတယ်။

“အယ်လီဟာ ပယ်နယ်တီဧရိယာအတွင်းမှာ တိုက်စစ်ဆင်ကစားရတာကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး ကျွန်တော့်ဘဝတစ်လျှောက် မြင်တွေ့ခဲ့ဖူးတဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်”။

ပက်ရဲ့စကားအတိုင်းသာဆိုရင်တော့ အယ်လီဟာ မာရီယာရဲ့ ပယ်နယ်တီဧရိယာထဲကို ထိုးဖောက်ကစားဖို့ကြိုးပမ်းမယ့်အနေအထားဖြစ်နေလို့ ဂွါဒီယိုလာတစ်ယောက် သမီးဖြစ်သူကို ခံစစ်လုံအောင် ဘယ်လိုကစားရမလဲဆိုတာ အမြန်ဆုံးသင်ကြားပေးဖို့တော့ လိုနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြင္းထဲမွာသာ ေျခစြမ္းမျပႏိုင္ေပမယ့္ အျပင္မွာေတာ့ ဂြါဒီယိုလာရဲ႕ရႈမညီးတဲ့ခ်စ္သမီးေလးကို အႀကီးႀကီးႀကံေနတဲ့ အယ္လီ

စပါးအသင္းရဲ႕ကြင္းလယ္လူ အယ္လီကေတာ့ ကြင္းထဲမွာသာ ဂေဂ်ာင္႐ိုက္ေနေပမယ့္ အျပင္မွာေတာ့ နည္းဗ်ဴဟာပိုင္းမွာဆရာႀကီးလို႔သတ္မွတ္ခံထားရတဲ့ ဂြါဒီယိုလာရဲ႕ သမီးျဖစ္သူမာရီယာကို ဗ်ဴဟာတက်ခ်ည္းကပ္ေနပါၿပီ။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့အယ္လီဟာ သူ႔ထက္(၅)ႏွစ္ငယ္ၿပီး ရွင္းရွင္းေျပာရရင္ သူ႔လို႐ုပ္ၾကမ္းႀကီးနဲ႔ေတာင္ သိပ္မတန္တဲ့ နတ္သမီးေလးမာရီယာကို Date လုပ္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ေမလတုန္းက Rooftop Bar တစ္ခုမွာ မာရီယာနဲ႔အနမ္းခ်င္းဖလွယ္ေနတဲ့ ရင္နာစရာဓာတ္ပုံေတြထြက္ေပၚခဲ့ဖူးပါတယ္။

သူတို႔ႏွစ္ေယာက္ လန္ဒန္ၿမိဳ႕က စားေသာက္ဆိုင္တစ္ခုမွာအတူရွိေနတာကို ၿဗိတိန္သတင္းစာ Daily Mail ရဲ႕သတင္းေထာက္ေတြက အနံ႔ခံမိခဲ့သလို Novikov စားေသာက္ဆိုင္ကေန အတူတူထြက္သြားတာကို ဓာတ္ပုံနဲ႔တကြ ေဖာ္ျပခဲ့ပါတယ္။ မာရီယာနဲ႔အယ္လီတို႔ တြဲခုတ္ေနတာလားဆိုတာ အယ္လီနဲ႔ပတ္သက္တဲ့သူတစ္ဦးဆီ Daily Mail က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အယ္လီကေတာ့ သူ႔လူေနမႈဘဝနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို လူသိရွင္ၾကားဖြင့္ဟတာမ်ိဳး မလုပ္ခ်င္းဘူးလို႔ ဆိုခဲ့ပါတယ္။

ၿပီးခဲ့ေဖေဖာ္ဝါရီလမွာ ရည္းစားေဟာင္း႐ူဘီေမနဲ႔ ခ်စ္စခန္းတစ္ခန္းရပ္သြားၿပီးတဲ့ေနာက္မွာ FA အျဖစ္နဲ႔ျဖတ္သန္းခဲ့ရတဲ့ ေစာ္ပစ္ေကာင္ အယ္လီဟာ သူ႔ရဲ႕ႏွလုံးသားဒဏ္ရာကို အျမန္ဆုံးကုစားႏိုင္ဖို႔အတြက္ ရင္ခုန္သံအသစ္တစ္ခုရွာေဖြခဲ့ၿပီး (၂)လေလာက္အၾကာမွာပဲ ဂြါဒီယိုလာရဲ႕သမီးႀကီးျဖစ္သူ မာရီယာနဲ႔ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။ အစပိုင္းတုန္းကေတာ့ သူတို႔ႏွစ္ေယာက္က အျဖဴေရာင္သူငယ္ခ်င္းေခါင္းစဥ္ေအာက္မွာရွိခဲ့ေပမယ့္ အႀကီးႀကီးႀကံေနတဲ့ အယ္လီက မၾကာခင္မွာပဲ ေခါင္းစဥ္သစ္တစ္ခုေျပာင္းလဲခဲ့ၿပီး အေတြ႕အႀကဳံရင့္ အယ္လီရဲ႕အကြက္ေတြၾကားမွာ မာရီယာတစ္ေယာက္ မလူးသာမလြန႔္သာေမ်ာပါသြားတာပဲျဖစ္မွာပါ။

အယ္လီရဲ႕ကြင္းတြင္းေျခစြမ္းနဲ႔ပတ္သက္လို႔ မၾကာခင္ ေယာကၡမျဖစ္လာဖို႔ရွိတဲ့ ဂြါဒီယိုလာက ၂၀၁၇ ခုႏွစ္တုန္းက အခုလိုခ်ီးမြန္းခန္းဖြင့္ခဲ့ဖူးတယ္။ “အယ္လီဟာ ပယ္နယ္တီဧရိယာအတြင္းမွာ တိုက္စစ္ဆင္ကစားရတာကို ႀကိဳက္ႏွစ္သက္တဲ့သူျဖစ္ၿပီး ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္ ျမင္ေတြ႕ခဲ့ဖူးတဲ့ အေကာင္းဆုံးကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ပါတယ္”။ ပက္ရဲ႕စကားအတိုင္းသာဆိုရင္ေတာ့ အယ္လီဟာ မာရီယာရဲ႕ ပယ္နယ္တီဧရိယာထဲကို ထိုးေဖာက္ကစားဖို႔ႀကိဳးပမ္းမယ့္အေနအထားျဖစ္ေနလို႔ ဂြါဒီယိုလာတစ္ေယာက္ သမီးျဖစ္သူကို ခံစစ္လုံေအာင္ ဘယ္လိုကစားရမလဲဆိုတာ အျမန္ဆုံးသင္ၾကားေပးဖို႔ေတာ့ လိုေနပါၿပီ။