ကွင်းထဲပြေးဝင်လာသူကို ဖေးမနှစ်သိမ့်ကာ Selfie အတူရိုက်ရင်း သူ့ရဲ့ Class ကို ပြသလိုက်တဲ့ ရော်နယ်ဒို

Photo Credit

Photo Credit

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ပေါ်တူဂီအသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ကွင်းထဲဝင်လာသူနဲ့အတူ အမှတ်တရ Selfie ရိုက်ခဲ့ကြောင်း သိရပါတယ်။ ပေါ်တူဂီဟာ အဲဒီပွဲမှာ လစ်သူယေးနီးယားကို ၆-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး တိုက်စစ်မှူးရော်နယ်ဒိုကလည်း ကစားသမားဘဝတစ်လျှောက် ၅၅ကြိမ်မြောက်ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။

Photo Credit

ပွဲခဏနားနေစဉ် ရော်နယ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းဂျာစီဝတ်ဆင်ထားတဲ့လူတစ်ဦးက ကွင်းထဲပြေးဝင်လာတာဖြစ်ပြီး ရော်နယ်ဒိုက လုံခြုံရေးဝန်ထမ်းတွေကို ဘာမှမဖြစ်ဘူးဆိုတဲ့အကြောင်း အသိပေးကာ ကွင်းထဲပြေးဝင်လာသူနဲ့အတူ Selfie အတူတွဲရိုက်ခဲ့တာပါ။

Photo Credit

အဲဒီပရိသတ်ကလည်း လေးစားအားကျရတဲ့ သူ့အိုင်ဒဲလ်နဲ့အတူ ဓာတ်ပုံရိုက်ကူးခွင့်ရခဲ့ပြီးနောက် ဝမ်းသာလွန်းလို့ မျက်ရည်တွေကျဆင်းလာပြီး ကွင်းထဲကနေ လုံခြုံရေးနဲ့အတူ ပြန်ထွက်သွားခဲ့ပါတယ်။ အဲဒီလိုပြန်ထွက်မသွားခင်မှာ သူဟာ ရော်နယ်ဒိုကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပါသေးတယ်။

Photo Credit

အဲဒီနောက် ပရိသတ်တွေကလည်း ရော်နယ်ဒိုရဲ့ မာနမကြီးတဲ့စိတ်သဘောထားကို လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ အဲဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာမှန်ပေမယ့် သူ့ရဲ့ဒုတိယမြောက်သွင်းဂိုးက ဟက်ထရစ်ဖြစ်သွားတာထက်တောင် ပရိသတ်တွေကြားရေပန်းစားခဲ့ပါတယ်။

Video Credit

ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ကလပ်အသင်းဂျူဗင်တပ်စ်မှာ ခက်ခဲကြမ်းတမ်းတဲ့ကာလကို ဖြတ်သန်းခဲ့ရပြီးနောက် အခုလိုဟက်ထရစ်သွင်းယူနိုင်ခဲ့တာက သူ့အတွက်တော့ အကောင်းဆုံးတုံ့ပြန်မှုဖြစ်ခဲ့ပါတယ်။

Photo Credit

အခုဆိုရင် အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ နောက်ဆုံး ၁၃နှစ်ဆက် အနည်းဆုံးဂိုး ၃၀သွင်းယူပေးနိုင်သူဖြစ်သလို လက်ရွေးစင်သွင်းဂိုးကလည်း ၉၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit

Zawgyi

ကြင္းထဲေျပး၀င္လာသူကို ေဖးမႏွစ္သိမ့္ကာ Selfie အတူ႐ိုက္ရင္း သူ႕ရဲ႕ Class ကို ျပသလုိက္တဲ့ ေရာ္နယ္ဒို

ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တ့ဲၾကာသပေတးေန႔ညက ေပၚတူဂီအသင္းရဲ႕ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ ကြင္းထဲ၀င္လာသူနဲ႔အတူ အမွတ္တရ Selfie ႐ိုက္ခဲ့ေၾကာင္း သိရပါတယ္။ ေပၚတူဂီဟာ အဲဒီပြဲမွာ လစ္သူေယးနီးယားကို ၆-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး တုိက္စစ္မွဴးေရာ္နယ္ဒိုကလည္း ကစားသမားဘ၀တစ္ေလွ်ာက္ ၅၅ႀကိမ္ေျမာက္ဟက္ထရစ္ရယူႏိုင္ခဲ့ပါတယ္။
ပဲြခဏနားေနစဥ္ ေရာ္နယ္ဒုိရဲ႕ဂ်ဴဗင္တပ္စ္အသင္းဂ်ာစီ၀တ္ဆင္ထားတဲ့လူတစ္ဦးက ကြင္းထဲေျပး၀င္လာတာျဖစ္ၿပီး ေရာ္နယ္ဒိုက လုံၿခံဳေရး၀န္ထမ္းေတြကို ဘာမွမျဖစ္ဘူးဆုိတဲ့အေၾကာင္း အသိေပးကာ ကြင္းထဲေျပး၀င္လာသူနဲ႔အတူ Selfie အတူတြဲ႐ိုက္ခဲ့တာပါ။
အဲဒီပရိသတ္ကလည္း ေလးစားအားက်ရတဲ့ သူ႕အိုင္ဒဲလ္နဲ႔အတူ ဓာတ္ပုံ႐ိုက္ကူးခြင့္ရခဲ့ၿပီးေနာက္ ၀မ္းသာလြန္းလုိ႔ မ်က္ရည္ေတြက်ဆင္းလာၿပီး ကြင္းထဲကေန လုံၿခံဳေရးနဲ႔အတူ ျပန္ထြက္သြားခဲ့ပါတယ္။ အဲဒီလုိျပန္ထြက္မသြားခင္မွာ သူဟာ ေရာ္နယ္ဒိုကို ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ပါေသးတယ္။
အဲဒီေနာက္ ပရိသတ္ေတြကလည္း ေရာ္နယ္ဒိုရဲ႕ မာနမႀကီးတဲ့စိတ္သေဘာထားကုိ လူမႈမီဒီယာမွာ အသီးသီးေရးသားခဲ့ၾကပါတယ္။ ေရာ္နယ္ဒိုဟာ အဲဒီပဲြမွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တာမွန္ေပမယ့္ သူ႕ရဲဲ႕ဒုတိယေျမာက္သြင္းဂိုးက ဟက္ထရစ္ျဖစ္သြားတာထက္ေတာင္ ပရိသတ္ေတြၾကားေရပန္းစားခဲ့ပါတယ္။
ေရာ္နယ္ဒိုအေနနဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္း ကလပ္အသင္းဂ်ဴဗင္တပ္စ္မွာ ခက္ခဲၾကမ္းတမ္းတဲ့ကာလကို ျဖတ္သန္းခဲ့ရၿပီးေနာက္ အခုလိုဟက္ထရစ္သြင္းယူႏုိင္ခဲ့တာက သူ႕အတြက္ေတာ့ အေကာင္းဆုံးတု႔ံျပန္မႈျဖစ္ခဲ့ပါတယ္။
အခုဆုိရင္ အသက္ ၃၄ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ ေနာက္ဆုံး ၁၃ႏွစ္ဆက္ အနည္းဆုံးဂိုး ၃၀သြင္းယူေပးႏုိင္သူျဖစ္သလုိ လက္ေရြးစင္သြင္းဂိုးကလည္း ၉၈ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။