





ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ ကာတာနိုင်ငံဟာ
ရာသီဥတုရဲ့ အပူဒဏ်ကို ဆန့်ကျင်ပြီး ကွင်းအတွင်းမှာ လေအေးပေးစက်





အကြီးကြီးတွေတပ်ဆင်ထားခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို
ဆောင်းရာသီမှာ ကျင်းပနေတာဖြစ်ပေမယ့် အပူချိန်များနေဆဲဖြစ်လို့
ဘောလုံးကွင်းတွေထဲမှာ လေအေးပေးစက်တွေ ဖွင့်ထားရတာပါ။





ကမ္ဘာ့ဖလားပြိုင်ပွဲကွင်းတွေထဲက လေအေးပေးစက်တွေကြောင့်
ဖျားနာမှုတွေဖြစ်စေကြောင်း ဘရာဇီး တောင်ပံတိုက်စစ်မှူး အန်တိုနီက





ပြောပါတယ်။ အသက်၂၂နှစ်ရှိအန်တိုနီက “နည်းနည်းခက်ခဲပါတယ်။
ရက်အနည်းငယ်လောက်နေလို့ထိုင်လို့မကောင်းဖြစ်ရတယ်။
အဲဒီနောက် ပြန်လည်ကောင်းမွန်လာခဲ့တယ်။ရာနှုန်းပြည့်ကောင်းလာတာပါ။





နေမကောင်းဖြစ်သလို လည်ချောင်းလည်းနာတယ်။
အဲဒါ အဲယားကွန်းတွေကြောင့်ပါ။ကျွန်တော်တစ်ယောက်တည်း





ဖြစ်တာမဟုတ်ပါဘူး။အခြားကစားသမားတွေလည်းချောင်းဆိုး၊
လည်ချောင်းနာကြတယ်။နေမကောင်းဖြစ်တော့ကျွန်တော့်အတွက်
အရမ်းခက်ခဲရတယ်။ဒါပေမဲ့အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်ခွင့်ရလို့





ဝမ်းသာပါတယ်”လို့ပြောကြားသွားပါတယ်။ ဘရာဇီးအသင်းဟာ
တနင်္လာနေ့က ဆွစ်ဇာလန်အသင်းနဲ့ ကစားခဲ့အပြီးမှာ အန်တိုနီ အပါအဝင်





ကွင်းလယ်လူ ပါကေတာ၊ ဂိုးသမားအလစ်ဆန် တို့ဟာ
တုပ်ကွေးလက္ခဏာတွေ ခံစားခဲ့ရပြီး နောက်တစ်နေ့မှာ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။





zawgyi
ကြင္းထဲက အဲယားကြန္း အႀကီးစားႀကီးေတြေၾကာင့္ အသင္းသားေတြ ေနမေကာင္းတာလို႔ အန္တိုနီ ဆို
ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ က်င္းပခြင့္ရတဲ့ ကာတာႏိုင္ငံဟာ
ရာသီဥတုရဲ႕ အပူဒဏ္ကို ဆန႔္က်င္ၿပီး ကြင္းအတြင္းမွာ ေလေအးေပးစက္
အႀကီးႀကီးေတြတပ္ဆင္ထားခဲ့ပါတယ္။ ကာတာႏိုင္ငံဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကို
ေဆာင္းရာသီမွာ က်င္းပေနတာျဖစ္ေပမယ့္ အပူခ်ိန္မ်ားေနဆဲျဖစ္လို႔
ေဘာလုံးကြင္းေတြထဲမွာ ေလေအးေပးစက္ေတြ ဖြင့္ထားရတာပါ။
ကမာၻ႔ဖလားၿပိဳင္ပြဲကြင္းေတြထဲက ေလေအးေပးစက္ေတြေၾကာင့္
ဖ်ားနာမႈေတြျဖစ္ေစေၾကာင္း ဘရာဇီး ေတာင္ပံတိုက္စစ္မႉး အန္တိုနီက
ေျပာပါတယ္။ အသက္၂၂ႏွစ္ရွိအန္တိုနီက “နည္းနည္းခက္ခဲပါတယ္။
ရက္အနည္းငယ္ေလာက္ေနလို႔ထိုင္လို႔မေကာင္းျဖစ္ရတယ္။
အဲဒီေနာက္ ျပန္လည္ေကာင္းမြန္လာခဲ့တယ္။ရာႏႈန္းျပည့္ေကာင္းလာတာပါ။
ေနမေကာင္းျဖစ္သလို လည္ေခ်ာင္းလည္းနာတယ္။
အဲဒါ အဲယားကြန္းေတြေၾကာင့္ပါ။ကြၽန္ေတာ္တစ္ေယာက္တည္း
ျဖစ္တာမဟုတ္ပါဘူး။အျခားကစားသမားေတြလည္းေခ်ာင္းဆိုး၊
လည္ေခ်ာင္းနာၾကတယ္။ေနမေကာင္းျဖစ္ေတာ့ကြၽန္ေတာ့္အတြက္
အရမ္းခက္ခဲရတယ္။ဒါေပမဲ့အသင္းရဲ႕အေရးပါတဲ့အစိတ္အပိုင္းျဖစ္ခြင့္ရလို႔
ဝမ္းသာပါတယ္”လို႔ေျပာၾကားသြားပါတယ္။ ဘရာဇီးအသင္းဟာ
တနလၤာေန႔က ဆြစ္ဇာလန္အသင္းနဲ႔ ကစားခဲ့အၿပီးမွာ အန္တိုနီ အပါအဝင္
ကြင္းလယ္လူ ပါေကတာ၊ ဂိုးသမားအလစ္ဆန္ တို႔ဟာ
တုပ္ေကြးလကၡဏာေတြ ခံစားခဲ့ရၿပီး ေနာက္တစ္ေန႔မွာ ေလ့က်င့္ခန္းမဆင္းႏိုင္ခဲ့ပါဘူး။