
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီးအသင်းနောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ ကွင်းထဲမှာ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် ခပ်အေးအေးပုံစံရှိနေပြီး သူ့ရဲ့ဇနီး အီဆာဘယ်ကတော့ ပြောင်းပြန်ပါပဲ။
သူမဟာ အသင်းအတွက် ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ အားပေးရင်း လူမှုကွန်ယက်မှာ ချီးကျူးစရာရှိရင် ချီးကျူး၊ ဝေဖန်စရာရှိရင် ဝေဖန်တဲ့ ပုံစံတွေကြောင့် အသင်းပရိသတ်တွေအတွက် စိတ်ဓာတ်တက်ကြွစရာဖြစ်ခဲ့ပါတယ်။
အီဆာဘယ်ဟာ အသင်းအပေါ် စိတ်နှစ်ပြီး မာန်အပြည့်နဲ့အားပေး သဘောထားသူဖြစ်ပြီး ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိ၈် ပထမအကျော့ပွဲစဉ်မှာ တိုက်စစ်မှုး တီမိုဝါနာရဲ့ အဆုံးသတ်ညံ့ဖျင်းပုံကို ရှုတ်ချသွားခဲ့သလို
ဒုတိယအကျော့ ဂိုးသွင်းယူနိုင်ချိန်မှာတော့ သူ့ရဲ့ မိတ်ဆွေကောင်း တစ်ယောက်အဖြစ် သဘောကျတယ်လို့ ပြန်ပြီးချီးကျူစကားဆိုခဲ့သူလည်းဖြစ်ပါတယ်။
လက်စတာနဲ့ပွဲမှာ နောက်ခံလူ ပါရဲရားက ချဲလ်ဆီးက ချီဝဲလ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ရန်တွေ့ခဲ့တဲ့ ရူဒီဂါကနေ စတင်ပြီး နှစ်သင်းကြား ပြဿနာဖြစ်ပွားခဲ့ပြီး အရန်ခုံက နှစ်ဖက် ကစားသမားတွေအားလုံး ပါဝင်ခဲ့ကြရတဲ့အထိ ပြသနာတက်ခဲ့ကြပါသေးတယ်။
အီဆာဘယ်ကတော့ ပြီးခဲ့တဲ့ အက်ဖ်အေဖလားမှာ ချဲလ်ဆီးအလံငယ်ကို လွှင့်ပစ်ပြီး ဒေါသထွက်စရာတွေကို ဖန်တီးထားခဲ့တဲ့ လက်စတာအသင်းသား အမာတေ ကွင်းထဲ ဝင်ရောက်လာခဲ့ချိန်မှာ
သူ့ယောက်ျား ဆေးလ်ဗားတို့အုပ်စုရဲ့ဝိုင်းဖြဲတာကို သဘောကျနေခဲ့တာဖြစ်ပြီး “ဘယ်သူက ဆရာလဲဆိုတာ ပြလိုက်စမ်း”လို့ တွစ်တာကနေ အားပေးရေးသားသွားခဲ့တာပါ။
ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို မကြာခဏ လိုက်ပါအားပေးလေ့ရှိတဲ့ အသက် ၃၄ နှစ်အရွယ် ဘလေ့ဂ်ဂါ တစ်ဦးဖြစ်သူ အီဆာဘယ်ဟာ သူ့ရဲ့ အသင်းသစ်အပေါ် စိတ်ရောကိုယ်ပါ ရင်းနှီးမြှုပ်နှံပြီး အားပေးနေပုံကို ပြသနေသူတစ်ဦးဖြစ်ပြီး အင်စတာဂရမ်မှာ တက်ကြွတဲ့ ပုံစံတွေကို အမြဲတင်လေ့ရှိသူဖြစ်ပါတယ်။
တစ်ခါတုန်းကလည်း “We hate Tottenham, Chelsea!”လို့ ချဲလ်ဆီးရဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းကို မုန်းတဲ့အကြောင်း လူမှုကွန်ယက်မှာ ဗီဒီယိုနဲ့ အားပေးပြခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ ရောဘတ်ဆန်ကိုလည်း “ငါတို့ရဲ့ ချေးလ်ဝဲလ်က ပိုကောင်းတယ်၊ နင့်လို ဆောက်သမ်တန်ကို မရှုံးဘူး”လို့ ဆိုရှယ်မီဒီယာမှာ ရေးထားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်း ပရိသတ်တွေကတော့ သီယာဂိုဆေးလ်ဗားရဲ့တစ်မိသားစုလုံး ချဲလ်ဆီးဖန်ဖြစ်လာခဲ့ကြတာကို သဘောကျ နေကြခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကြင္းထဲက ေဆးဗားလ္က ေအးသေလာက္ ကြင္းျပင္မွာ ခ်ဲလ္ဆီးနဲ႔ၿငိရင္ ၿဖဲမယ္ဆိုတာခ်ည္းပဲ လုပ္ေနတဲ့ မစၥေဆးဗားလ္
ခ်ဲလ္ဆီးအသင္းေနာက္ခံလူ သီယာဂိုေဆးလ္ဗားဟာ ကြင္းထဲမွာ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္ေပမယ့္ ခပ္ေအးေအးပုံစံရွိေနၿပီး သူ႔ရဲ႕ဇနီး အီဆာဘယ္ကေတာ့ ေျပာင္းျပန္ပါပဲ။ သူမဟာ အသင္းအတြက္ ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ အားေပးရင္း လူမႈကြန္ယက္မွာ ခ်ီးက်ဴးစရာရွိရင္ ခ်ီးက်ဴး၊ ေဝဖန္စရာရွိရင္ ေဝဖန္တဲ့ ပုံစံေတြေၾကာင့္ အသင္းပရိသတ္ေတြအတြက္ စိတ္ဓာတ္တက္ႂကြစရာျဖစ္ခဲ့ပါတယ္။
အီဆာဘယ္ဟာ အသင္းအေပၚ စိတ္ႏွစ္ၿပီး မာန္အျပည့္နဲ႔အားေပး သေဘာထားသူျဖစ္ၿပီး ၿပီးခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိ၈္ ပထမအေက်ာ့ပြဲစဥ္မွာ တိုက္စစ္မႈး တီမိုဝါနာရဲ႕ အဆုံးသတ္ညံ့ဖ်င္းပုံကို ရႈတ္ခ်သြားခဲ့သလို ဒုတိယအေက်ာ့ ဂိုးသြင္းယူႏိုင္ခ်ိန္မွာေတာ့ သူ႔ရဲ႕ မိတ္ေဆြေကာင္း တစ္ေယာက္အျဖစ္ သေဘာက်တယ္လို႔ ျပန္ၿပီးခ်ီးက်ဴစကားဆိုခဲ့သူလည္းျဖစ္ပါတယ္။
လက္စတာနဲ႔ပြဲမွာ ေနာက္ခံလူ ပါရဲရားက ခ်ဲလ္ဆီးက ခ်ီဝဲလ္ကို ဖ်က္ထုတ္ပုံၾကမ္းခဲ့လို႔ ရန္ေတြ႕ခဲ့တဲ့ ႐ူဒီဂါကေန စတင္ၿပီး ႏွစ္သင္းၾကား ျပႆနာျဖစ္ပြားခဲ့ၿပီး အရန္ခုံက ႏွစ္ဖက္ ကစားသမားေတြအားလုံး ပါဝင္ခဲ့ၾကရတဲ့အထိ ျပသနာတက္ခဲ့ၾကပါေသးတယ္။
အီဆာဘယ္ကေတာ့ ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားမွာ ခ်ဲလ္ဆီးအလံငယ္ကို လႊင့္ပစ္ၿပီး ေဒါသထြက္စရာေတြကို ဖန္တီးထားခဲ့တဲ့ လက္စတာအသင္းသား အမာေတ ကြင္းထဲ ဝင္ေရာက္လာခဲ့ခ်ိန္မွာ သူ႔ေယာက္်ား ေဆးလ္ဗားတို႔အုပ္စုရဲ႕ဝိုင္းၿဖဲတာကို သေဘာက်ေနခဲ့တာျဖစ္ၿပီး “ဘယ္သူက ဆရာလဲဆိုတာ ျပလိုက္စမ္း”လို႔ တြစ္တာကေန အားေပးေရးသားသြားခဲ့တာပါ။
ခ်ဲလ္ဆီးအသင္းရဲ႕ ပြဲစဥ္ေတြကို မၾကာခဏ လိုက္ပါအားေပးေလ့ရွိတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ဘေလ့ဂ္ဂါ တစ္ဦးျဖစ္သူ အီဆာဘယ္ဟာ သူ႔ရဲ႕ အသင္းသစ္အေပၚ စိတ္ေရာကိုယ္ပါ ရင္းႏွီးျမႇဳပ္ႏွံၿပီး အားေပးေနပုံကို ျပသေနသူတစ္ဦးျဖစ္ၿပီး အင္စတာဂရမ္မွာ တက္ႂကြတဲ့ ပုံစံေတြကို အၿမဲတင္ေလ့ရွိသူျဖစ္ပါတယ္။
တစ္ခါတုန္းကလည္း “We hate Tottenham, Chelsea!”လို႔ ခ်ဲလ္ဆီးရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးအသင္းကို မုန္းတဲ့အေၾကာင္း လူမႈကြန္ယက္မွာ ဗီဒီယိုနဲ႔ အားေပးျပခဲ့သူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ လီဗာပူးလ္အသင္းရဲ႕ ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ကိုလည္း “ငါတို႔ရဲ႕ ေခ်းလ္ဝဲလ္က ပိုေကာင္းတယ္၊ နင့္လို ေဆာက္သမ္တန္ကို မရႈံးဘူး”လို႔ ဆိုရွယ္မီဒီယာမွာ ေရးထားခဲ့ဖူးသူလည္း ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္း ပရိသတ္ေတြကေတာ့ သီယာဂိုေဆးလ္ဗားရဲ႕တစ္မိသားစုလုံး ခ်ဲလ္ဆီးဖန္ျဖစ္လာခဲ့ၾကတာကို သေဘာက် ေနၾကခဲ့ၾကပါတယ္။