ကြွေးမြီပြဿနာတွေနဲ့ ဒုက္ခဝေနေတဲ့ ဘာစီလိုနာအသင်း ပြီးခဲ့တဲ့ရာသီက ပေါင်(၄၀၈)သန်းအရှုံးပေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြွေးမြီပြဿနာတွေကြောင့် ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့ လာလီဂါထိပ်သီးဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့၂၀၂၀-၂၁ ရာသီက ပေါင်(၄၀၈)သန်းအရှုံးပေါ်ခဲ့တဲ့အတွက် ‘မြွေပူရာ ကင်းမှောင့်’ဆိုသလိုဖြစ်နေပါပြီ။

ဘာစီလိုနာအသင်းဟာ ကွင်းတွင်းမှာရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရတဲ့အပြင် ကွင်းပြင်ပမှာလည်း ဘဏ္ဍာရေးအခက်အခဲတွေရှိနေပြီး သူတို့ရဲ့အဓိက,ကစားသမားမက်ဆီကိုတောင် ကစားသမားက အသင်းမှာဆက်နေချင်ပေမယ့် လစာငွေမပေးနိုင်လို့ လက်လွှတ်ခဲ့ရတဲ့အထိဆိုးရွားခဲ့ပါတယ်။

ကြွေးမြီပေါင်(၁)ဘီလီယံကျော်အထိရှိနေတဲ့ ဘာစီလိုနာအသင်းဟာ တာစတီဂန်၊ ပီကေး၊ ဘူးစကွက်စ်စတဲ့ စီနီယာကစားသမားတွေအပါအဝင် အသင်းက,ကစားသမားတချို့ကို လစာငွေလျှော့ယူဖို့တောင်းဆိုခဲ့ရပြီး

ဂရစ်ဇ်မန်းကိုလည်း အက်သလက်တီကိုအသင်းဆီအငှားချခဲ့ပေမယ့် အခုအချိန်အထိ လစာငွေမြင့်မားမှုပြဿနာကို ပြေလည်အောင်မဖြေရှင်းနိုင်သေးပါဘူး။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီစျေးကွက်အတွင်း ငွေကြေးသုံးစွဲမှုမလုပ်နိုင်ခဲ့ဘဲ အဂွဲရိုး၊ ဒီပိုင်း၊ အဲရစ်ဂါစီယာတို့ကို အလွတ်နဲ့ခေါ်ယူခဲ့တဲ့အထိဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းရဲ့အခက်အခဲတွေက ဒီလောက်နဲ့ရပ်တန့်မသွားသေးဘဲ ပြီးခဲ့တဲ့ရာသီက ပေါင်(၄၀၈)သန်းအထိအရှုံးပြခဲ့တာဖြစ်ပါတယ်။

၂၀၂၀-၂၁ ရာသီက ဘာစီလိုနာအသင်းဟာ ကစားသမားခေါ်ယူမှုအတွက် ကလပ်စံချိန်တင်အဖြစ်ပေါင်(၉၆၇)သန်းအထိသုံးစွဲခဲ့သလို ကစားသမားတွေကို မြင့်မားတဲ့လစာငွေတွေပေးချေခဲ့ရတဲ့အကျိုးဆက်အနေနဲ့ အခွန်နုတ်ပြီးချိန်မှာ ပေါင်(၄၀၈)သန်းအရှုံးပေါ်ခဲ့တာပါ။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကတော့ အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေထဲမှာ အဓိကအကျဆုံးက ကွင်းဝင်ငွေရရှိမှုပမာဏ သိသိသာသာလျော့နည်းသွားတာက အဆိုးရွားဆုံးဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ကိုဗစ်ရောဂါဆိုးကြောင့် ပရိသတ်တွေကွင်းထဲဝင်ကြည့်ခွင့်မရခဲ့တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ကွင်းဝင်ကြေးရရှိမှုက တခြားရာသီတွေနဲ့နှိုင်းယှဉ်ရင် (၈၄%)အထိကျဆင်းသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ရုပ်သံဝင်ငွေကလည်း ပေါင်သန်း(၂၄၀)သာရရှိခဲ့တာကြောင့် အရင်ကထက်(၁၄%)လျော့ကျခဲ့ရပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့အသုံးစရိတ်ကတော့ ၂၀၁၉-၂ဝရာသီကထက် (၁၉%)အထိမြင့်တက်ခဲ့ပြီး စံချိန်တင်အဖြစ်ပေါင်(၉၆၇)သန်းရှိခဲ့တာကြောင့် ဘဏ္ဍာရေးစာရင်းချုပ်လိုက်ချိန်မှာ အခုလိုငွေကြေးအရှုံးပေါ်ခဲ့တာဖြစ်ပါတယ်။

ပိုဆိုးတာက လာလီဂါအဖွဲ့ချုပ်ဟာ ဘာစီလိုနာအသင်းအတွက် လစာငွေကန့်သတ်ချက်ပမာဏကို အရင်ကပေါင်(၂၄၆)သန်းခွင့်ပြုခဲ့တာကနေ အခုပေါင်(၈၅)သန်းသာသုံးစွဲရမယ်လို့ကန့်သတ်ထိန်းချုပ်ခဲ့ပြီး

ဘာစီလိုနာအသင်းဟာ ကစားသမားတွေကို အငှားချ၊ တချို့ကိုရောင်းချခဲ့တာတောင် လာလီဂါရဲ့သတ်မှတ်ထားတဲ့ Salary Cap စည်းမျဉ်းနဲ့ကိုက်ညီအောင် မဆောင်ရွက်နိုင်သေးပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေႂကြးၿမီျပႆနာေတြနဲ႔ ဒုကၡေဝေနတဲ့ ဘာစီလိုနာအသင္း ၿပီးခဲ့တဲ့ရာသီက ေပါင္(၄၀၈)သန္းအရႈံးေပၚ

ေႂကြးၿမီျပႆနာေတြေၾကာင့္ ဘ႑ာေရးအက်ပ္အတည္းေတြနဲ႔ရင္ဆိုင္ေနရတဲ့ လာလီဂါထိပ္သီးဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့၂၀၂၀-၂၁ ရာသီက ေပါင္(၄၀၈)သန္းအရႈံးေပၚခဲ့တဲ့အတြက္ ‘ေႁမြပူရာ ကင္းေမွာင့္’ဆိုသလိုျဖစ္ေနပါၿပီ။ ဘာစီလိုနာအသင္းဟာ ကြင္းတြင္းမွာရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ေနရတဲ့အျပင္ ကြင္းျပင္ပမွာလည္း ဘ႑ာေရးအခက္အခဲေတြရွိေနၿပီး သူတို႔ရဲ႕အဓိက,ကစားသမားမက္ဆီကိုေတာင္ ကစားသမားက အသင္းမွာဆက္ေနခ်င္ေပမယ့္ လစာေငြမေပးႏိုင္လို႔ လက္လႊတ္ခဲ့ရတဲ့အထိဆိုး႐ြားခဲ့ပါတယ္။

ေႂကြးၿမီေပါင္(၁)ဘီလီယံေက်ာ္အထိရွိေနတဲ့ ဘာစီလိုနာအသင္းဟာ တာစတီဂန္၊ ပီေကး၊ ဘူးစကြက္စ္စတဲ့ စီနီယာကစားသမားေတြအပါအဝင္ အသင္းက,ကစားသမားတခ်ိဳ႕ကို လစာေငြေလွ်ာ့ယူဖို႔ေတာင္းဆိုခဲ့ရၿပီး ဂရစ္ဇ္မန္းကိုလည္း အက္သလက္တီကိုအသင္းဆီအငွားခ်ခဲ့ေပမယ့္ အခုအခ်ိန္အထိ လစာေငြျမင့္မားမႈျပႆနာကို ေျပလည္ေအာင္မေျဖရွင္းႏိုင္ေသးပါဘူး။ အဲဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္အတြင္း ေငြေၾကးသုံးစြဲမႈမလုပ္ႏိုင္ခဲ့ဘဲ အဂြဲ႐ိုး၊ ဒီပိုင္း၊ အဲရစ္ဂါစီယာတို႔ကို အလြတ္နဲ႔ေခၚယူခဲ့တဲ့အထိျဖစ္ခဲ့ရပါတယ္။ ဘာစီလိုနာအသင္းရဲ႕အခက္အခဲေတြက ဒီေလာက္နဲ႔ရပ္တန႔္မသြားေသးဘဲ ၿပီးခဲ့တဲ့ရာသီက ေပါင္(၄၀၈)သန္းအထိအရႈံးျပခဲ့တာျဖစ္ပါတယ္။

၂၀၂၀-၂၁ ရာသီက ဘာစီလိုနာအသင္းဟာ ကစားသမားေခၚယူမႈအတြက္ ကလပ္စံခ်ိန္တင္အျဖစ္ေပါင္(၉၆၇)သန္းအထိသုံးစြဲခဲ့သလို ကစားသမားေတြကို ျမင့္မားတဲ့လစာေငြေတြေပးေခ်ခဲ့ရတဲ့အက်ိဳးဆက္အေနနဲ႔ အခြန္ႏုတ္ၿပီးခ်ိန္မွာ ေပါင္(၄၀၈)သန္းအရႈံးေပၚခဲ့တာပါ။ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြကေတာ့ အသင္းရဲ႕ဘ႑ာေရးအခက္အခဲေတြထဲမွာ အဓိကအက်ဆုံးက ကြင္းဝင္ေငြရရွိမႈပမာဏ သိသိသာသာေလ်ာ့နည္းသြားတာက အဆိုး႐ြားဆုံးျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ကိုဗစ္ေရာဂါဆိုးေၾကာင့္ ပရိသတ္ေတြကြင္းထဲဝင္ၾကည့္ခြင့္မရခဲ့တဲ့အတြက္ ဘာစီလိုနာအသင္းရဲ႕ကြင္းဝင္ေၾကးရရွိမႈက တျခားရာသီေတြနဲ႔ႏႈိင္းယွဥ္ရင္ (၈၄%)အထိက်ဆင္းသြားတာျဖစ္ပါတယ္။

ဒါ့အျပင္ ႐ုပ္သံဝင္ေငြကလည္း ေပါင္သန္း(၂၄၀)သာရရွိခဲ့တာေၾကာင့္ အရင္ကထက္(၁၄%)ေလ်ာ့က်ခဲ့ရပါတယ္။ ဒါေပမဲ့ ဘာစီလိုနာအသင္းရဲ႕အသုံးစရိတ္ကေတာ့ ၂၀၁၉-၂ဝရာသီကထက္ (၁၉%)အထိျမင့္တက္ခဲ့ၿပီး စံခ်ိန္တင္အျဖစ္ေပါင္(၉၆၇)သန္းရွိခဲ့တာေၾကာင့္ ဘ႑ာေရးစာရင္းခ်ဳပ္လိုက္ခ်ိန္မွာ အခုလိုေငြေၾကးအရႈံးေပၚခဲ့တာျဖစ္ပါတယ္။ ပိုဆိုးတာက လာလီဂါအဖြဲ႕ခ်ဳပ္ဟာ ဘာစီလိုနာအသင္းအတြက္ လစာေငြကန႔္သတ္ခ်က္ပမာဏကို အရင္ကေပါင္(၂၄၆)သန္းခြင့္ျပဳခဲ့တာကေန အခုေပါင္(၈၅)သန္းသာသုံးစြဲရမယ္လို႔ကန႔္သတ္ထိန္းခ်ဳပ္ခဲ့ၿပီး ဘာစီလိုနာအသင္းဟာ ကစားသမားေတြကို အငွားခ်၊ တခ်ိဳ႕ကိုေရာင္းခ်ခဲ့တာေတာင္ လာလီဂါရဲ႕သတ္မွတ္ထားတဲ့ Salary Cap စည္းမ်ဥ္းနဲ႔ကိုက္ညီေအာင္ မေဆာင္႐ြက္ႏိုင္ေသးပါဘူး။