ကြွက်သား တွေဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ခဲ့တဲ့ ဘန်ဒီဘိခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘန်ဒီဘိခ်ဟာ ယူနိုက်တက်ကစားသမားဘဝ သူ့ရဲ့ဒုတိယမြောက်ရာသီအတွက် အထူးကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လျက်ရှိနေပါတယ်။

လက်ရှိယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ မြင်တွေ့ရတဲ့ ဘန်ဒီဘိခ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပရိသတ်တွေသာမက ယူနိုက်တက်အသင်းဖော်တွေနဲ့ တာဝန်ရှိသူတွေကပါ အံ့အားသင့်နေတယ်လို့ဆိုပါတယ်။

ယူနိုက်တက်က ကိုယ်ကာယကြံ့ခိုင်ရေးနှင့်စောင့်ကြည့်လေ့လာရေးနည်းပြများကို ဘန်ဒီဘိခ်က ရာသီသစ်မှာခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းတွင်ပိုတိုးတက်လိုကြောင်းကို အသိပေးခဲ့တယ်လို့သိရပါတယ်။

ဘန်ဒီဘိခ်ဟာ ယူရိုပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း ၎င်း၏မွေးရပ်မြေ ဆီကို ပြန်သွားခဲ့ပြီး ခန္ဓာကိုယ်ကြွက်သားများ ပိုမိုရရှိနိုင်မယ့် အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ပါတယ်။

ဘန်ဒီဘိခ်ဟာ အမ်စတာဒမ် မြို့မှာရှိတဲ့ “FysioConcept” လို့ အမည်ရတဲ့ အားကစားသမားများအတွက်အထူးပြုလုပ်ထားတဲ့ ထိပ်တန်းလေ့ကျင့်ရေးစင်တာရဲ့အကူအညီကိုရယူခဲ့ပါသေးတယ်။

အဲဒီလေ့ကျင့်ရေးစင်တာက ဘန်ဒီဘိခ်အတွက် အစာအာဟာရကိုအလေးအနက်ထားတဲ့ လေ့ကျင့်ရေးအစီအစဉ်နှင့် ကိုယ်အလေးချိန်ကိုအခြေပြုတဲ့ လေ့ကျင့်ခန်းများကိုကူညီပေးခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြီးခဲ့တဲ့ဘောလုံးရာသီတစ်လျှောက်လုံး ၄-၂-၃-၁ ပုံစံကိုသာ အဓိကအထိုင်ချ သုံးစွဲခဲ့ပေမယ့် လာမယ့်ရာသီမှာ ၄-၃-၃ ပုံစံကို ပြောင်းလဲသုံးစွဲလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

၄-၃-၃ ပုံစံမှာဆိုရင်တော့ ဘန်ဒီဘိခ်အနေနဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ ကွင်းလယ်မှာနေရာတစ်နေရာရရှိဖို့ မျှော်လင့်လာနိုင်ပြီးအဲ ဒီအတွက်ကြိုတင်ပြင်ဆင်နေတာလည်းဖြစ်နိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi









၎-၃-၃ ပုံစံမှာဆိုရင်တော့ ဘန်ဒီဘိခ်အနေနဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ ကွင်းလယ်မှာနေရာတစ်နေရာရရှိဖို့ မျှော်လင့်လာနိုင်ပြီးအဲ ဒီအတွက်ကြိုတင်ပြင်ဆင်နေတာလည်းဖြစ်နိုင်ပါတယ်။