ကြွက်သားဒဏ်ရာကြောင့် လီဗာပူးရဲ့လာမယ့် ၂ ပွဲကို လွဲမယ့် မာနီ

photo-gettyimages

photo-gettyimages

ကြွက်သားဒဏ်ရာကြောင့် တိုက်စစ်မှုးမာနီဟာ လီဗာပူးရဲ့လာမယ့်ပွဲတွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ဆောက်သမ်တန်တို့နဲ့ပွဲတွေကို လွဲချော်လိမ့်မှာဖြစ်ကြောင်း နည်းပြဂျာဂင်ကလော့ပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီဆီနီဂေါသားဟာ ပြီးခဲ့တဲ့အပတ် ဝုဗ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြွက်သားစုတ်ပြဲတဲ့ဒဏ်ရာကို ရရှိခဲ့တာပါ။ ဒါပေမဲ့ မာနီရဲ့ဒဏ်ရာဟာ အရမ်းကြီးမပြင်းထန်တာကြောင့် ကာလရှည်နားရဖို့တော့ မရှိပါဘူး။

photo-gettyimages

”မာနီဟာ ဝက်စ်ဟမ်းနဲ့ကြားရက်ပွဲမှာ ပါနိုင်မှာ မဟုတ်ပါဘူး။ ဆောက်သမ်တမ်နဲ့ပွဲလည်း ပါလောက်မှာ မဟုတ်ပါဘူး။ အဲဒါတွေပြီးမှ သူပြန်ပါနိုင်မှာပါ။ သူဟာ သေးငယ်တဲ့ကြွက်သားစုတ်ပြဲမှု ဖြစ်သွားပါတယ်။ ကျွန်တော်တို့အတွက် ကံကောင်းသွားတာက အဲဒါက အရမ်းကြီးကို မပြင်းထန်တာပါ။ သူ ၃ ပွဲလောက်ပဲ လွဲမှာပါ”လို့ ဗုဒ္ဓဟူးညကစားမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲကျန်အတွက် သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ပြောခဲ့တာပါ။

photo-gettyimages

လောလောဆယ်တော့ မာနီဟာ ပြီးခဲ့တဲ့တနင်္ဂနွေမှာ ကစားခဲ့တဲ့ ရှရူးဘူရီနဲ့ ၂-၂ သရေကျခဲ့တဲ့ အက်အေဖလားပွဲကို လွဲခဲ့ပြီး ဖြစ်ပါတယ်။ ကြားထဲမှာ ပရီးမီးယားလိဂ်ဆောင်းခိုရက်လည်း ရှိနေတာကြောင့် ကလော့ပ်ဟာ ဖေဖော်ဝါရီ ၁၅ ကစားမယ့် နော်ဝစ်ချ်နဲ့ပွဲမတိုင်ခင်အထိ မာနီကို အသုံးပြုမယ့်ပုံမရှိပါဘူး။ မာနီဟာ ဒီရာသီမှာ လီဗာပူးအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၃၁ ပွဲမှာ ၁၅ ဂိုးသွင်း၊ ၁၁ ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

[Zawgyi]

ၾကြက္သားဒဏ္ရာေၾကာင့္ လီဗာပူးရဲ႕လာမယ့္ ၂ ပြဲကို လြဲမယ့္ မာနီ

ၾကြက္သားဒဏ္ရာေၾကာင့္ တုိက္စစ္မႈးမာနီဟာ လီဗာပူးရဲ႕လာမယ့္ပြဲေတြျဖစ္တ့ဲ ၀က္စ္ဟမ္း၊ေဆာက္သမ္တန္တို႔နဲ႔ပြဲေတြကို လြဲေခ်ာ္လိမ့္မွာျဖစ္ေၾကာင္း နည္းျပဂ်ာဂင္ကေလာ့ပ္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အဲဒီဆီနီေဂါသားဟာ ၿပီးခဲ့တဲ့အပတ္ ၀ုဗ္ကို ၂-၁ နဲဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ ၾကြက္သားစုတ္ၿပဲတဲ့ဒဏ္ရာကုိ ရရွိခဲ့တာပါ။ ဒါေပမ့ဲ မာနီရဲ႕ဒဏ္ရာဟာ အရမ္းႀကီးမျပင္းထန္တာေၾကာင့္ ကာလရွည္နားရဖို႔ေတာ့ မရွိပါဘူး။

”မာနီဟာ ၀က္စ္ဟမ္းနဲ႔ၾကားရက္ပြဲမွာ ပါႏုိင္မွာ မဟုတ္ပါဘူး။ ေဆာက္သမ္တမ္နဲ႔ပြဲလည္း ပါေလာက္မွာ မဟုတ္ပါဘူး။ အဲဒါေတြၿပီးမွ သူျပန္ပါႏိုင္မွာပါ။ သူဟာ ေသးငယ္တဲ့ၾကြက္သားစုတ္ၿပဲမႈ ျဖစ္သြားပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ကံေကာင္းသြားတာက အဲဒါက အရမ္းႀကီးကို မျပင္းထန္တာပါ။ သူ ၃ ပြဲေလာက္ပဲ လြဲမွာပါ”လို႔ ဗုဒၶဟူးညကစားမယ့္ ၀က္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ပြဲက်န္အတြက္ သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က ေျပာခဲ့တာပါ။

ေလာေလာဆယ္ေတာ့ မာနီဟာ ၿပီးခဲ့တဲ့တနဂၤေႏြမွာ ကစားခဲ့တဲ့ ရွရူးဘူရီနဲ႔ ၂-၂ သေရက်ခဲ့တဲ့ အက္ေအဖလားပြဲကို လြဲခဲ့ၿပီး ျဖစ္ပါတယ္။ ၾကားထဲမွာ ပရီးမီးယားလိဂ္ေဆာင္းခုိရက္လည္း ရွိေနတာေၾကာင့္ ကေလာ့ပ္ဟာ ေဖေဖာ္၀ါရီ ၁၅ ကစားမယ့္ ေနာ္၀စ္ခ်္နဲ႔ပြဲမတိုင္ခင္အထိ မာနီကို အသုံးျပဳမယ့္ပုံမရွိပါဘူး။ မာနီဟာ ဒီရာသီမွာ လီဗာပူးအတြက္ ေျခစြမ္းျပေနသူျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၃၁ ပြဲမွာ ၁၅ ဂိုးသြင္း၊ ၁၁ ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။