ကြွက်သားဒဏ်ရာကြောင့် လက်စတာနဲ့ပွဲကို လွဲချော်မယ့် ဖာဘင်ဟို

ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အသင်းဟာ အခုအချိန်မှာ ကွင်းလယ်လူ ဖာဘင်ဟိုကလည်း ကြွက်သားဒဏ်ရာကြောင့် ဒီနေ့ကစားမယ့် လက်စတာနဲ့ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာဖြစ်တာကြောင့် အခြေအနေက ပိုဆိုးသွားပြီလို့ပြောရမှာပါ။

ဒီရာသီမှာ နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်ဇ်တို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရချိန်မှာ ဖာဘင်ဟိုက ခံစစ်အတွင်းလူအဖြစ် ပြောင်းလဲကစားနေရပြီး အခု သူပါ ဒဏ်ရာရသွားတာကြောင့် နည်းပြယာဂန်ကလော့ပ်အတွက် စိတ်ပျက်စရာအနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ ဖာဘင်ဟိုဟာ မကြာသေးခင်ကလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပြီး မန်စီးတီးကို (၄-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှ ပြန်ကစားနိုင်ခဲ့တာပါ။

အခုလောလောဆယ်တော့ ဖာဘင်ဟိုဟာ ကြွက်သားဒဏ်ရာကြောင့် လက်စတာနဲ့ပွဲကို လွဲချော်ဖို့ သေချာသွားပြီလို့ ယာဂန်ကလော့ပ်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဖာဘင်ဟိုအနေနဲ့ လက်စတာနဲ့ပွဲအပြင် လာမယ့်တစ်ပတ်မှာ လိုက်ပ်ဇစ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲကိုပါ လွဲချော်မယ့်အနေအထားပါပဲ။

အဲဒါကြောင့် ယာဂန်ကလော့ပ်ဟာ လက်စတာနဲ့ပွဲအတွက် ခံစစ်အတွင်းလူနေရာမှာ ဟန်ဒါဆန်နဲ့တွဲဖက်ကစားဖို့ လူငယ်ကစားသမားတွေဖြစ်တဲ့ အိုဇန်ခါဘက် ဒါမှမဟုတ် ဘင်ဒေးဗီးစ်တို့ထဲကတစ်ဦးကို ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် အသုံးပြုသွားဖို့ရှိနေပါပြီ။ ယာဂန်ကလော့ပ်က “ခံစစ်မှာ အသုံးပြုဖို့ လူငယ်ကစားသမားတချို့ကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းစေခဲ့ပြီး အခုအချိန်မှာ ခံစစ်ပြဿနာကို ဖြေရှင်းဖို့က အရေးကြီးနေပါပြီ။

လူငယ်တစ်ဦးဖြစ်တဲ့ နက်ဖိလစ်ကလည်း ကစားပုံမဆိုးသလို ဟန်ဒါဆန်အနေနဲ့လည်း ခံစစ်အတွင်းလူနေရာမှာ အကောင်းဆုံးဖြစ်အောင် ကစားနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက စပါးအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ဂျိုဝဲလ်မာတစ်ဟာ ရာသီကုန်အထိ အနားယူရမှာဖြစ်ပြီး အဓိကနောက်ခံလူ ဗန်ဒိုက်ကလည်း လက်ရှိအချိန်အထိ အနားယူနေရဆဲပါပဲ။

ဒါပေမဲ့ အင်္ဂလန်အသင်းအတွက်ကစားရင်း ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သူ ဂျိုးဂိုးမက်ဇ်ကတော့ အခြေအနေတိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် အသင်းအတွက် မကြာခင်ပြန်ကစားနိုင်မယ့်အနေအထားရှိနေပါတယ်။

Zawgyi

ႂကြက္သားဒဏ္ရာေၾကာင့္ လက္စတာနဲ႔ပြဲကို လြဲေခ်ာ္မယ့္ ဖာဘင္ဟို

ခံစစ္ပိုင္းမွာ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ လီဗာပူးလ္အသင္းဟာ အခုအခ်ိန္မွာ ကြင္းလယ္လူ ဖာဘင္ဟိုကလည္း ႂကြက္သားဒဏ္ရာေၾကာင့္ ဒီေန႔ကစားမယ့္ လက္စတာနဲ႔ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္မွာျဖစ္တာေၾကာင့္ အေျခအေနက ပိုဆိုးသြားၿပီလို႔ေျပာရမွာပါ။ ဒီရာသီမွာ ေနာက္ခံလူေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဂိုးမက္ဇ္တို႔ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူေနရခ်ိန္မွာ ဖာဘင္ဟိုက ခံစစ္အတြင္းလူအျဖစ္ ေျပာင္းလဲကစားေနရၿပီး အခု သူပါ ဒဏ္ရာရသြားတာေၾကာင့္ နည္းျပယာဂန္ကေလာ့ပ္အတြက္ စိတ္ပ်က္စရာအေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ဖာဘင္ဟိုဟာ မၾကာေသးခင္ကလည္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူခဲ့ရၿပီး မန္စီးတီးကို (၄-၁)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွ ျပန္ကစားႏိုင္ခဲ့တာပါ။

အခုေလာေလာဆယ္ေတာ့ ဖာဘင္ဟိုဟာ ႂကြက္သားဒဏ္ရာေၾကာင့္ လက္စတာနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ ေသခ်ာသြားၿပီလို႔ ယာဂန္ကေလာ့ပ္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ဖာဘင္ဟိုအေနနဲ႔ လက္စတာနဲ႔ပြဲအျပင္ လာမယ့္တစ္ပတ္မွာ လိုက္ပ္ဇစ္နဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့ပြဲကိုပါ လြဲေခ်ာ္မယ့္အေနအထားပါပဲ။ အဲဒါေၾကာင့္ ယာဂန္ကေလာ့ပ္ဟာ လက္စတာနဲ႔ပြဲအတြက္ ခံစစ္အတြင္းလူေနရာမွာ ဟန္ဒါဆန္နဲ႔တြဲဖက္ကစားဖို႔ လူငယ္ကစားသမားေတြျဖစ္တဲ့ အိုဇန္ခါဘက္ ဒါမွမဟုတ္ ဘင္ေဒးဗီးစ္တို႔ထဲကတစ္ဦးကို ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ အသုံးျပဳသြားဖို႔ရွိေနပါၿပီ။ ယာဂန္ကေလာ့ပ္က “ခံစစ္မွာ အသုံးျပဳဖို႔ လူငယ္ကစားသမားတခ်ိဳ႕ကို အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေစခဲ့ၿပီး အခုအခ်ိန္မွာ ခံစစ္ျပႆနာကို ေျဖရွင္းဖို႔က အေရးႀကီးေနပါၿပီ။ လူငယ္တစ္ဦးျဖစ္တဲ့ နက္ဖိလစ္ကလည္း ကစားပုံမဆိုးသလို ဟန္ဒါဆန္အေနနဲ႔လည္း ခံစစ္အတြင္းလူေနရာမွာ အေကာင္းဆုံးျဖစ္ေအာင္ ကစားေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လက စပါးအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တဲ့ ဂ်ိဳဝဲလ္မာတစ္ဟာ ရာသီကုန္အထိ အနားယူရမွာျဖစ္ၿပီး အဓိကေနာက္ခံလူ ဗန္ဒိုက္ကလည္း လက္ရွိအခ်ိန္အထိ အနားယူေနရဆဲပါပဲ။ ဒါေပမဲ့ အဂၤလန္အသင္းအတြက္ကစားရင္း ဒူးဒဏ္ရာျပင္းျပင္းထန္ထန္ရခဲ့သူ ဂ်ိဳးဂိုးမက္ဇ္ကေတာ့ အေျခအေနတိုးတက္ေကာင္းမြန္လာၿပီျဖစ္တာေၾကာင့္ အသင္းအတြက္ မၾကာခင္ျပန္ကစားႏိုင္မယ့္အေနအထားရွိေနပါတယ္။