ကြံခိုင်မှု ပြည့်နေပေမယ့်လည်း ကစားဖို့ပေါ့ဂ်ဘာ ငြင်းဆန်နေတယ်လို့သတင်းထွက်လာ

Photo- Internet
Photo- Internet

မန်ယူအသင်း ကွင်းလယ်လူပေါ့ဂ်ဘာဟာ လာမယ့်ဇန်နဝါရီဈေးကွက်ထဲမှာ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့နိုင်ဖို့အတွက် မန်ယူကိုဖိအားပေးနေပြီး ကြံခိုင်မှုပြည့်ဝနေပေမယ့် ကစားဖို့ ငြင်းဆန်နေတာကြောင့် အသင်းမှာ မပါဝင်နိုင်တာဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းက အာဆင်နယ်နဲ့ ၁-၁ သရေကျတဲ့ပွဲစဉ်မှာ ခြေဖဝါးဒဏ်ရာရပြီးနောက်ပိုင်း ပေါ့ဂ်ဘာဟာ မန်ယူအသင်းမှာမပါဝင်နိုင်ခဲ့တာ အခုချိန်အထိဖြစ်ပါတယ်။ သူအနားယူနေရမှုနဲ့အတူ သူ့အနာဂတ်နဲ့ ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေဟာလည်း အဆက်မပြတ်ထွက်ပေါ်နေတာပါ။

Photo- Internet

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ကလပ်ရဲ့ခွင့်ပြုချက်နဲ့ အမေရိကန်နိုင်ငံ မိုင်ယာမီကိုရောက်နေပြီး ပြန်လည်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို ပြုလုပ်နေတာပါ။ ဒါပေမယ့် အဲဒီမှာ ဘတ်စ်ကက်ဘော ကစားနေတဲ့ပုံတွေတက်လာပြီးနောက်ပိုင်း သူနဲ့ပတ်သက်တဲ့သတင်းတွေက ပိုမိုစိတ်ဝင်စားစရာဖြစ်လာတာပါ။ နည်းပြ ဆိုးလ်ရှားကတော့ သူ့ကစားသမား  ဘတ်စကက်ဘော ကစားနေပေမယ့် ပြဿ     နာမရှိဘူးလို့ ဆိုထားတာပါ။

Photo- Internet

ဒါပေမယ့်လည်းနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ပေါ့ဂ်ဘာဟာ ဒူဘိုင်းမှာလေ့ကျင့်ခန်းတွေပြုလုပ်ပြီးကတည်းက ကြံ့ခိုင်မှုပြည့်ဝနေသူဖြစ်ပြီး ရီးရဲလ်ကို လာမယ့်ဇန်နဝါရီမှာပြောင်းရွှေ့နိုင်အောင်လို့ ကစားဖို့ငြင်းဆန်နေတာလို့ ဖော်ပြသွားခဲ့ပါတယ်။

Photo- Internet

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာပေါ့ဂ်ဘာကို ခေါ်ယူလိုကြောင်းလူသိရှင်ကြားပြောကြားထားတဲ့အပြင် ဆောင်းရာသီဈေးကွက်ထဲမှာ ဂါရတ်ဘေးလ်နဲ့ ပေါ့ဂ်ဘာကို လဲလှယ်နိုင်အောင်လည်းကြိုးပမ်းနေပါတယ်။ ဘေးလ်ဟာ ရီးရဲလ်နည်းပြ ဇီဒန်းနဲ့အဆင်မပြေဖြစ်ပြီး အသင်းကနေထွက်ခွာလိုနေသူဖြစ်ပါတယ်။ ဘောလုံးကျွမ်းကျင်သူအချို့လည်း ဘေးလ်အတွက် အကောင်းဆုံးနေရာက မန်ယူဘဲဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

Photo- Internet

Zawgyi

ႀကံခိုင္မႈ ျပည့္ေနေပမယ္႔လည္း ကစားဖို႔ေပါ့ဂ္ဘာ ျငင္းဆန္ေနတယ္လို႔သတင္းထြက္လာ

မန္ယူအသင္း ကြင္းလယ္လူေပါ့ဂ္ဘာဟာ လာမယ္႔ဇန္န၀ါရီေစ်းကြက္ထဲမွာ ရီးရဲလ္မက္ဒရစ္ကိုေျပာင္းေရႊ႕ႏိုင္ဖို႔အတြက္ မန္ယူကိုဖိအားေပးေနၿပီး ႀကံခိုင္မႈျပည့္၀ေနေပမယ္႔ ကစားဖို႔ ျငင္းဆန္ေနတာေၾကာင့္ အသင္းမွာ မပါ၀င္ႏိုင္တာျဖစ္တယ္လို႔ သတင္းတစ္ရပ္မွာ ေဖာ္ျပသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ႔ စက္တင္ဘာလကုန္ပိုင္းတုနး္က အာဆင္နယ္နဲ႔ ၁-၁ သေရက်တဲ႔ပြဲစဥ္မွာ ေျခဖ၀ါးဒဏ္ရာရၿပီးေနာက္ပိုင္း ေပါ့ဂ္ဘာဟာ မန္ယူအသင္းမွာမပါ၀င္ႏိုင္ခဲ့တာ အခုခ်ိန္အထိျဖစ္ပါတယ္။ သူအနားယူေနရမႈနဲ႔အတူ သူ႔အနာဂတ္နဲ႔ ပတ္သက္တဲ႔ ခန္႔မွန္းသတင္းေတြဟာလည္း အဆက္မျပတ္ထြက္ေပၚေနတာပါ။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ေပါ့ဂ္ဘာဟာ ကလပ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ အေမရိကန္ႏိုင္ငံ မိုင္ယာမီကိုေရာက္ေနၿပီး ျပန္လည္ႀကံ႕ခိုင္ေရးေလ႔က်င့္ခန္းေတြကို ျပဳလုပ္ေနတာပါ။ ဒါေပမယ္႔ အဲဒီမွာ ဘတ္စ္ကက္ေဘာ ကစားေနတဲ႔ပုံေတြတက္လာၿပီးေနာက္ပိုင္း သူနဲ႔ပတ္သက္တဲ႔သတင္းေတြက ပိုမိုစိတ္၀င္စားစရာျဖစ္လာတာပါ။ နည္းျပ ဆိုးလ္ရွားကေတာ႔ သူ႔ကစားသမား  ဘတ္စကက္ေဘာ ကစားေနေပမယ္႔ ျပႆ     နာမရွိဘူးလို႔ ဆိုထားတာပါ။

ဒါေပမယ္႔လည္းေနာက္ဆုံးထြက္ေပၚလာတဲ႔ သတင္းေတြအရ ေပါ့ဂ္ဘာဟာ ဒူဘိုင္းမွာေလ႔က်င့္ခန္းေတြျပဳလုပ္ၿပီးကတည္းက ႀကံ့ခိုင္မႈျပည့္၀ေနသူျဖစ္ၿပီး ရီးရဲလ္ကို လာမယ္႔ဇန္န၀ါရီမွာေျပာင္းေရႊ႕ႏိုင္ေအာင္လို႔ ကစားဖို႔ျငင္းဆန္ေနတာလို႔ ေဖာ္ျပသြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာေပါ့ဂ္ဘာကို ေခၚယူလိုေၾကာင္းလူသိရွင္ၾကားေျပာၾကားထားတဲ႔အျပင္ ေဆာင္းရာသီေစ်းကြက္ထဲမွာ ဂါရတ္ေဘးလ္နဲ႔ ေပါ့ဂ္ဘာကို လဲလွယ္ႏိုင္ေအာင္လည္းႀကိဳးပမ္းေနပါတယ္။ ေဘးလ္ဟာ ရီးရဲလ္နည္းျပ ဇီဒန္းနဲ႔အဆင္မေျပျဖစ္ၿပီး အသင္းကေနထြက္ခြာလိုေနသူျဖစ္ပါတယ္။ ေဘာလုံးက်ြမ္းက်င္သူအခ်ဳိ႔႕လည္း ေဘးလ္အတြက္ အေကာင္းဆုံးေနရာက မန္ယူဘဲျဖစ္တယ္လို႔ သုံးသပ္ထားၾကပါတယ္။