ကြော်ငြာရိုက်ပြီး ဘေးပေါက် ဝင်ငွေ သန်းချီ ရနေတဲ့ လီဗာပူးနည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေပဲ အသင်းကပေးတဲ့ ပိုက်ဆံအပြင် တခြားဘေးပေါက် ငွေရပေါက်ရလမ်းတွေရှိတာမဟုတ်ပါဘူး။ လီဗာပူးနည်းပြ ကလော့ပ်ကလည်း အပိုဝင်ငွေတွေနဲ့ ထောနေတဲ့သူပါ။ ယာဂန်ကလော့ပ်ဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးကနေရရှိနေတဲ့ လစာ အပြင် ကြော်ငြာ စာချုပ်တွေ ကနေ အပိုဝင်ငွေ ပေါင် ၆.၇ သန်းထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

နည်းပြကလော့ပ်ဟာ လီဗာပူးအသင်းမှာ တစ်နှစ်ကို လစာချည်းပဲ ပေါင် ၁၆ သန်း ရရှိနေတာ ဖြစ်ပါတယ်။ အသက်၅၃နှစ်အရွယ် ကလော့ပ်ရဲ့ အသွင်အပြင်ကို စီးပွားရေးလုပ်ငန်းရှင်တွေက မျက်စိကျကြပါတယ်။ လီဗာပူးအသင်းရဲ့ ဂုဏ်ကလည်း ကလော့ပ်ကို ပိုပြီး မျက်နှာပွင့်လန်းစေပါတယ်။

နည်းပြကလော့ပ်က ကြော်ငြာနည်းနည်းပါးပါးပဲ ကြော်ငြာပေးရတာမဟုတ်ပါဘူး။ ကားထုတ်လုပ်ရေး၊အားကစားအဝတ်အထည်လက်လီရောင်းချရေး၊ ဘောလုံးအက်ပလီကေးရှင်း၊ အဖျော်ယမကာလုပ်ငန်းအပြင် တခြား လုပ်ငန်းတွေလည်း ကြော်ငြာပေးရပါတယ်။ ဗွီအာဘဏ်၊ Deutsche ရင်းနှီးမြှုပ်နှံမှုအတိုင်ပင်ခံလုပ်ငန်း၊ စကိုင်းတီဗီတို့ကလည်း နည်းပြကလော့ပ်နဲ့ သူတို့လုပ်ငန်းကို မြှင့်တင်ကြပါတယ်။

လီဗာပူးရဲ့ အဓိက စပွန်ဆာ ကုမ္ပဏီဟာ Nike ဖြစ်ပေမယ့်ကလော့ပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက သူတို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ Sportswear giant Adidas နဲ့ စာချုပ်ချုပ် ခဲ့ပါသေးတယ်။ Adidas ဟာ ကလော့ပ်ကို သူတို့ brand ရဲ့ သံတမန် အဖြစ်ခန့်အပ်ခဲ့ကာ အဲဒီနောက်ပိုင်း လီဗာပူး နည်းပြတစ်ယောက် လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ပွဲတွေမှာ ၎င်းတို့ရဲ့ အားကစား ဖိနပ်ကို ပုံမှန် စီးလေ့ ရှိခဲ့ပါတယ်။

ကလော့ပ်ဟာ အခုလိုကြော်ငြာတွေလက်ခံပေမယ့် သူကိုယ်တိုင်လူလုံးပြရတာတွေကို ရှောင်ကြဉ်လေ့ရှိသူဖြစ်ပါတယ်။ တရားဝင်ဆိုရှယ်မီဒီယာတစ်ခုမှမသုံးသလို ၂၀၁၅ခုနှစ်မှာ လီဗာပူးအလုပ်ကိုလက်ခံခဲ့ပြီးတဲ့နောက် မှာ အများပြည်သူအတွက်ရည်ရွယ်တဲ့ တီဗီရှိုးတစ်ခုမှာ တစ်ကြိမ်သာပါဖူးခဲ့ပါတယ်။

နည်းပြကလော့ပ်က ပိုက်ဆံတွေချည်း ထိုင်သိမ်းနေတာမဟုတ်ပါဘူး။ သူရသမျှဝင်ငွေအားလုံးရဲ့ ၁ရာခိုင်နှုန်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ပုံမှန်လှူဒါန်းနေကျဖြစ်ပါတယ်။ အပြင်အလုပ်တွေအတွက် လက်ခံနိုင်တာထက်ပိုတဲ့ တောင်းဆိုမှုအများအပြားကို ကလော့ပ်အနေနဲ့ပယ်ချခဲ့ရတာတွေရှိပါသေးတယ်။ ကလော့ပ်အတွက်ကတော့ လူနောက်ကို ပိုက်ဆံတွေက သည်းကြီးမည်းကြီးလိုက်နေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေၾကာ္ျငာ႐ိုက္ၿပီး ေဘးေပါက္ ဝင္ေငြ သန္းခ်ီ ရေနတဲ့ လီဗာပူးနည္းျပ

ေဘာလုံးသမားေတြပဲ အသင္းကေပးတဲ့ ပိုက္ဆံအျပင္ တျခားေဘးေပါက္ ေငြရေပါက္ရလမ္းေတြရွိတာမဟုတ္ပါဘူး။ လီဗာပူးနည္းျပ ကေလာ့ပ္ကလည္း အပိုဝင္ေငြေတြနဲ႔ ေထာေနတဲ့သူပါ။ ယာဂန္ကေလာ့ပ္ဟာ ၿပီးခဲ့တဲ့ႏွစ္က လီဗာပူးကေနရရွိေနတဲ့ လစာ အျပင္ ေၾကာ္ျငာ စာခ်ဳပ္ေတြ ကေန အပိုဝင္ေငြ ေပါင္ ၆.၇ သန္းထိ ရရွိခဲ့တယ္လို႔ သိရပါတယ္။

နည္းျပကေလာ့ပ္ဟာ လီဗာပူးအသင္းမွာ တစ္ႏွစ္ကို လစာခ်ည္းပဲ ေပါင္ ၁၆ သန္း ရရွိေနတာ ျဖစ္ပါတယ္။ အသက္၅၃ႏွစ္အ႐ြယ္ ကေလာ့ပ္ရဲ႕ အသြင္အျပင္ကို စီးပြားေရးလုပ္ငန္းရွင္ေတြက မ်က္စိက်ၾကပါတယ္။ လီဗာပူးအသင္းရဲ႕ ဂုဏ္ကလည္း ကေလာ့ပ္ကို ပိုၿပီး မ်က္ႏွာပြင့္လန္းေစပါတယ္။

နည္းျပကေလာ့ပ္က ေၾကာ္ျငာနည္းနည္းပါးပါးပဲ ေၾကာ္ျငာေပးရတာမဟုတ္ပါဘူး။ ကားထုတ္လုပ္ေရး၊အားကစားအဝတ္အထည္လက္လီေရာင္းခ်ေရး၊ ေဘာလုံးအက္ပလီေကးရွင္း၊ အေဖ်ာ္ယမကာလုပ္ငန္းအျပင္ တျခား လုပ္ငန္းေတြလည္း ေၾကာ္ျငာေပးရပါတယ္။ ဗြီအာဘဏ္၊ Deutsche ရင္းႏွီးျမႇဳပ္ႏွံမႈအတိုင္ပင္ခံလုပ္ငန္း၊ စကိုင္းတီဗီတို႔ကလည္း နည္းျပကေလာ့ပ္နဲ႔ သူတို႔လုပ္ငန္းကို ျမႇင့္တင္ၾကပါတယ္။

လီဗာပူးရဲ႕ အဓိက စပြန္ဆာ ကုမၸဏီဟာ Nike ျဖစ္ေပမယ့္ကေလာ့ပ္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလက သူတို႔ရဲ႕ အဓိက ၿပိဳင္ဘက္ ျဖစ္တဲ့ Sportswear giant Adidas နဲ႔ စာခ်ဳပ္ခ်ဳပ္ ခဲ့ပါေသးတယ္။ Adidas ဟာ ကေလာ့ပ္ကို သူတို႔ brand ရဲ႕ သံတမန္ အျဖစ္ခန႔္အပ္ခဲ့ကာ အဲဒီေနာက္ပိုင္း လီဗာပူး နည္းျပတစ္ေယာက္ ေလ့က်င့္ေရး အစီအစဥ္ေတြနဲ႔ ပြဲေတြမွာ ၎တို႔ရဲ႕ အားကစား ဖိနပ္ကို ပုံမွန္ စီးေလ့ ရွိခဲ့ပါတယ္။

ကေလာ့ပ္ဟာ အခုလိုေၾကာ္ျငာေတြလက္ခံေပမယ့္ သူကိုယ္တိုင္လူလုံးျပရတာေတြကို ေရွာင္ၾကဥ္ေလ့ရွိသူျဖစ္ပါတယ္။ တရားဝင္ဆိုရွယ္မီဒီယာတစ္ခုမွမသုံးသလို ၂၀၁၅ခုႏွစ္မွာ လီဗာပူးအလုပ္ကိုလက္ခံခဲ့ၿပီးတဲ့ေနာက္ မွာ အမ်ားျပည္သူအတြက္ရည္႐ြယ္တဲ့ တီဗီရႈိးတစ္ခုမွာ တစ္ႀကိမ္သာပါဖူးခဲ့ပါတယ္။

နည္းျပကေလာ့ပ္က ပိုက္ဆံေတြခ်ည္း ထိုင္သိမ္းေနတာမဟုတ္ပါဘူး။ သူရသမွ်ဝင္ေငြအားလုံးရဲ႕ ၁ရာခိုင္ႏႈန္းကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြဆီ ပုံမွန္လႉဒါန္းေနက်ျဖစ္ပါတယ္။ အျပင္အလုပ္​ေတြအတြက္ လက္ခံႏိုင္တာထက္ပိုတဲ့ ေတာင္းဆိုမႈအမ်ားအျပားကို ကေလာ့ပ္အ​ေနနဲ႔ပယ္ခ်ခဲ့ရတာ​ေတြရွိပါ​ေသးတယ္။ ​က​ေလာ့ပ္အတြက္က​ေတာ့ လူ​ေနာက္ကို ပိုက္ဆံ​ေတြက သည္းႀကီးမည္းႀကီးလိုက္​ေနတာပါ။