
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်လူကန်တေဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကလပ်ကစားသမားဘဝမှာ နောက်ထပ် အမြင့်ဆုံးသောဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
လက်စတာနှင့် ချယ်လ်ဆီး နှစ်သင်းစလုံးတွင် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ ကန်တေဟာ ယူရိုပါလိဂ်၊ ကမ္ဘာ့ဖလားစတဲ့ သူရရှိခဲ့တဲ့ ဆုဖလားများစာရင်းတွင် ချန်ပီယံလိဂ်ဆုဖလားကိုပါ ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။
ကန်တေဟာ ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆု ရရှိပါတယ်။
လူကောင်သေးသလောက် လျင်မြန်သွက်လက်ပြီး ပြိုင်ဘက်အသင်းတိုက်စစ်လမ်းကြောင်းတွေကို ပိတ်ဆို့ရာမှာထူးချွန်တဲ့ ကန်တေဟာ မိုဒရစ် နဲ့ ခရူးစ်တို့လို ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အတွဲကိုပါ ရပ်တန့်စေခဲ့သူဖြစ်ပါတယ်။
မန်စီးတီးနဲ့ပွဲမှာလည်း ပြိုင်ဘက်အသင်းက ကစားသမားတွေ စိတ်တိုင်းကျကစားနိုင်ခြင်းမရှိအောင် ကန်တေက ဖိအားပေးကစားနိုင်ခဲ့ပြီး အသင်းဖော်ခံစစ်သမားတွေကို သက်သာရာရစေခဲ့ပါတယ်။
ကန်တေက “ဘော်လွန်းဒီအောဆုအကြောင်း က အခုအချိန်မှာ No…ပါ..။
အခုကျွန်တော်တို့ ချန်ပီယံလိဂ် ရဲ့ အရသာ ကိုခံစားနေကြပါတယ်။
အဲဒါပြီးရင် Euros ပြိုင်ပွဲ ကရှိနေပါသေးတယ်။ MOTM နဲ့ပတ်သက်ပြီး အဲဒါက အဓိက မဟုတ်ပါဘူး။
အဓိက ကျတာက ကျွန်တော်တို့ ဘာလုပ် နိုင်ခဲ့လဲ ဆိုတာပါပဲ”ဆိုပြီး ပြောထားပါတယ်။
ချယ်လ်ဆီး အသင်းခေါင်းဆောင်အက်စ်ပီလီကျူတာက “ကန်တေဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်တယ်ဆိုတာ အထင်အရှားကြီးပါ။
သူဟာ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ ဘယ်ပုံစံမဆို လုပ်ပြနိုင်ပါတယ်။
အသင်းရဲ့ ကွင်းလယ်မောင်းနှင်အားလည်း ဖြစ်ပါတယ်။”
“သူ ဗိုလ်လုပွဲ ညမှာ ဘောလုံးဘယ်နှစ်လုံးလောက် ပြန်ဆယ်ယူနိုင်သလဲဆိုတာ ကျွန်တော် မမှတ်မိတော့ပါဘူး။
အသင်းကို တိုက်စစ်ကစားဖို့ တွန်းအားပေးတဲ့ပုံနဲ့ နေရာလွတ်တွေကို ဖြည့်ကစားသွားတဲ့ ကန်တေဟာ အံ့ဩစရာ ကစားသမားတစ်ယောက်ပါ” ဆိုပြီး ချီးကျူး ပြောဆိုထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေၾကာင္ႀကီးေတြကို ႏိုင္ၿပီး ေအာင္ျမင္မႈ၊ ခ်ီးက်ဴးမႈေတြရတဲ့ ႂကြက္ကေလး ကန္ေတ
ခ်ယ္လ္ဆီးအသင္းရဲ႕ကြင္းလယ္လူကန္ေတဟာ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ကလပ္ကစားသမားဘဝမွာ ေနာက္ထပ္ အျမင့္ဆုံးေသာဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လက္စတာႏွင့္ ခ်ယ္လ္ဆီး ႏွစ္သင္းစလုံးတြင္ ပရီးမီးယားလိဂ္ဖလား ရရွိခဲ့တဲ့ ကန္ေတဟာ ယူ႐ိုပါလိဂ္၊ ကမာၻ႔ဖလားစတဲ့ သူရရွိခဲ့တဲ့ ဆုဖလားမ်ားစာရင္းတြင္ ခ်န္ပီယံလိဂ္ဆုဖလားကိုပါ ထည့္သြင္းႏိုင္ၿပီ ျဖစ္ပါတယ္။
ကန္ေတဟာ ယခုႏွစ္ေဘာလုံးရာသီတြင္ ခ်န္ပီယံလိဂ္ပြဲစဥ္ ၃ ပြဲဆက္တိုက္ အေကာင္းဆုံး ကစားသမားဆု ရရွိပါတယ္။ လူေကာင္ေသးသေလာက္ လ်င္ျမန္သြက္လက္ၿပီး ၿပိဳင္ဘက္အသင္းတိုက္စစ္လမ္းေၾကာင္းေတြကို ပိတ္ဆို႔ရာမွာထူးခြၽန္တဲ့ ကန္ေတဟာ မိုဒရစ္ နဲ႔ ခ႐ူးစ္တို႔လို ကမာၻ႔အေကာင္းဆုံးကြင္းလယ္အတြဲကိုပါ ရပ္တန႔္ေစခဲ့သူျဖစ္ပါတယ္။
မန္စီးတီးနဲ႔ပြဲမွာလည္း ၿပိဳင္ဘက္အသင္းက ကစားသမားေတြ စိတ္တိုင္းက်ကစားႏိုင္ျခင္းမရွိေအာင္ ကန္ေတက ဖိအားေပးကစားႏိုင္ခဲ့ၿပီး အသင္းေဖာ္ခံစစ္သမားေတြကို သက္သာရာရေစခဲ့ပါတယ္။
ကန္ေတက “ေဘာ္လြန္းဒီေအာဆုအေၾကာင္း က အခုအခ်ိန္မွာ No…ပါ..။ အခုကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ ရဲ႕ အရသာ ကိုခံစားေနၾကပါတယ္။ အဲဒါၿပီးရင္ Euros ၿပိဳင္ပြဲ ကရွိေနပါေသးတယ္။MOTM နဲ႔ပတ္သက္ၿပီး အဲဒါက အဓိက မဟုတ္ပါဘူး။ အဓိက က်တာက ကြၽန္ေတာ္တို႔ ဘာလုပ္ ႏိုင္ခဲ့လဲ ဆိုတာပါပဲ”ဆိုၿပီး ေျပာထားပါတယ္။ ခ်ယ္လ္ဆီး အသင္းေခါင္းေဆာင္အက္စ္ပီလီက်ဴတာက “ကန္ေတဟာ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူ ျဖစ္တယ္ဆိုတာ အထင္အရွားႀကီးပါ။ သူဟာ ကြင္းလယ္ကစားသမား တစ္ေယာက္အေနနဲ႔ ဘယ္ပုံစံမဆို လုပ္ျပႏိုင္ပါတယ္။ အသင္းရဲ႕ ကြင္းလယ္ေမာင္းႏွင္အားလည္း ျဖစ္ပါတယ္။”
“သူ ဗိုလ္လုပြဲ ညမွာ ေဘာလုံးဘယ္ႏွစ္လုံးေလာက္ ျပန္ဆယ္ယူႏိုင္သလဲဆိုတာ ကြၽန္ေတာ္ မမွတ္မိေတာ့ပါဘူး။ အသင္းကို တိုက္စစ္ကစားဖို႔ တြန္းအားေပးတဲ့ပုံနဲ႔ ေနရာလြတ္ေတြကို ျဖည့္ကစားသြားတဲ့ ကန္ေတဟာ အံ့ဩစရာ ကစားသမားတစ္ေယာက္ပါ” ဆိုၿပီး ခ်ီးက်ဴး ေျပာဆိုထားပါတယ္။