“ကြောက်တတ်ရင် နှစ်ခါသေတယ်”ဆိုတဲ့အတိုင်း ပေးဆပ်မှုကြီးမားခဲ့ရတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အေစီမီလန်တို့ ကစားခဲ့ကြပြီး ပရိသတ်တွေသိတဲ့အတိုင်း (၁)ဂိုးစီသရေနဲ့ ပွဲပြီးခဲ့တယ်။ ဒီရလဒ်ဟာ ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာကောင်းတဲ့ရလဒ်မဟုတ်သလို၊ အဝေးဂိုးပါပေးလိုက်ရလို့ စိတ်ပျက်စရာပါကောင်းခဲ့တယ်။

ဒီရာသီမှာ အိမ်ကွင်းဆိုရင် ထုံးစံအတိုင်း အမှားမှားအယွင်းယွင်းတွေလုပ်ပြတတ်တဲ့ ပုံစံကောင်းကို ယူနိုက်တက်တို့ ဆက်ထိန်းနိုင်ခဲ့ပြီး အေစီမီလန်အသင်းကစားပုံက အကောင်းကြီးမဟုတ်တာတောင် သရေကျဖြစ်အောင်ကျလိုက်ပါသေးတယ်။ ပွဲစကတည်းက ယူနိုက်တက်ကစားပုံက အရင်ပွဲတွေကလို မဟုတ်ခဲ့ဘဲ အထလေးနေပြီး အေစီမီလန်အသင်းက ပထမပိုင်းတစ်ပိုင်းလုံး အိမ်ရှင်အသင်းကို လွှမ်းမိုးနိုင်ခဲ့တယ်။

အေစီမီလန်အသင်းက ယူနိုက်တက်အသင်းအားသန်တဲ့ တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်နိုင်ဖို့ Double Pivot နှစ်ဦးဖြစ်တဲ့ မိုက်တေနဲ့ ကပ်ဆီးတို့က Full Backs တွေကို ကူညီပေးခဲ့လို့ ခံစစ်(၂)ထပ်ဖြစ်သွားတာကြောင့် ဒန်နီယဲလ်ဂျိမ်းစ်နဲ့ ဂရင်းဝုဒ်တို့ လှုပ်လို့မရခဲ့ဘူး။

ဒီအချိန်မှာ ယူနိုက်တက်တိုက်စစ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဆီကလည်း ဘောလုံးမထွက်၊ ပြိုင်ဘက်ဧရိယာခြမ်းမှာ အေစီမီလန်ကစားသမားတွေ Space လုံးဝမရှိအောင် ကစားနိုင်လို့ ယူနိုက်တက်ကစားသမားတွေ Passing တွေပေးရင် အမှားများလာခဲ့တယ်။

ဒီပွဲဟာ အခုရာသီအစောပိုင်းတုန်းက ယူနိုက်တက်တို့ အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲကို ပြန်မြင်ယောင်မိပြီး ဆိုးလ်ရှားကလည်း အဲဒီလို Space တွေ မပေးဘဲ ခံစစ်ကို လုံအောင်ကစားနိုင်တဲ့အသင်းတွေနဲ့ဆို ဘယ်လိုမျိုးနည်းဗျူဟာအပြောင်းအလဲလုပ်ရမလဲဆိုတာ အခုအထိအဖြေရှာမတွေ့သေးဘူး။

ပထမပိုင်းမှာ အေစီမီလန်အသင်းရခဲ့တဲ့ (၂)ဂိုးက လူကျွံ၊ လက်ထိဘောတွေဖြစ်ခဲ့လို့ ယူနိုက်တက်ကံကောင်းခဲ့ပြီး ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားကလည်း မျက်လုံးမှိတ်ကန်ရင်တောင် ဂိုးတဲ့အခွင့်အရေးကို တလွဲဖြစ်အောင်လုပ်ပြလိုက်ပါသေးတယ်။ ယူနိုက်တက်တို့ ကံကောင်းခဲ့တာက ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ ဆယ်ကျော်သက်ကစားသမား ဒီယာလိုက ဘရူနိုဖာနန်ဒက်စ်ရဲ့ ကွက်တိပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဒါပေမဲ့ ဘရူနိုလည်း အဲဒီတစ်ကြိမ်ကလွဲပြီး ကျန်တဲ့ပွဲချိန်တွေမှာ ထူးထူးခြားခြားလုပ်ပြနိုင်တာ မရှိခဲ့ဘူး။

ဆိုးလ်ရှားကို ဝေဖန်ချင်တာက ဘာမှအဓိပ္ပါယ်မရှိတဲ့ လူစားလဲမှုတွေ လုပ်ခဲ့လို့ပါပဲ။ (၁-ဝ)ဂိုးဆိုတဲ့ ရလဒ်ထိန်းချင်လို့ ခံစစ်ကို ပိုအာရုံစိုက်ဖို့ ကစားသမားအပြောင်းအလဲလုပ်တာကို နားလည်နိုင်ပေမယ့် ဝီလီယံ၊ ဖရက်ဒ်၊ လုခ်ရှောတို့ကို ဘာဖြစ်လို့ထည့်တာလဲဆိုတာတော့ နားမလည်နိုင်ပါဘူး။

နောက်တစ်ချက်ကလည်း ဒုတိယပိုင်းမှာ အေစီမီလန်ကစားပုံက အရမ်းကြီးတိုက်စစ်ဆင်နေတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင်က နောက်ထပ်ဂိုးမပေးရဖို့ပဲ ပိုအာရုံစိုက်နေတယ်လို့ ယူဆမိတယ်။

အေစီမီလန်ကစားသမား တစ်ဦးချင်းစီကလည်း Skill ကောင်းတဲ့သူတွေ မဟုတ်သလို ဂိုးသွင်းခွင့်တွေရရင်တောင် တလွဲတွေကန်နေတာ အဲဒီပွဲကြည့်တဲ့သူတွေ မြင်မိမှာပါ။ အဲဒီလိုအနေအထားမှာ ဆိုးလ်ရှားက ကြောက်အားပိုပြီး ကိုယ့်ကစားကွက်ကို ကိုယ်တိုင်ဖျက်၊ မလိုအပ်ဘဲ ခံစစ်ကစားသမားတွေ စုပြုံထည့်လိုက်တော့ ယူနိုက်တက် ပုံမှန်လေးတောင် Pressing မလုပ်နိုင်တော့ဘူး။

ဘယ်ခြမ်းမှာ တဲလက်စ်နဲ့ လုခ်ရှော တစ်ပြိုင်နက်သုံးတော့ နှစ်ယောက်စလုံးက ခံစစ်လိုလို၊ တိုက်စစ်လိုလိုတွေဖြစ်၊ ဖရက်ဒ်ကိုလည်း သူ့ကစားပုံနဲ့ ဘာမှကို မဆိုင်တဲ့ No 10 Role ဆန်ဆန်ကစားခိုင်း၊ ကစားကွက်က (၄-၅-၁)လည်းမဟုတ်၊ (၄-၂-၃-၁)လည်းမကျနဲ့ ဘာမှန်းကို မသိတော့တဲ့အခြေအနေရောက်သွားတယ်။ အဲဒါကြောင့် ဂရင်းဝုဒ်နဲ့ ပုံမှန်လေးကစားနေတဲ့ ဒီယာလိုတို့ပါ နေရာတွေပျောက်ကုန်ပြီး တစ်သင်းလုံးချိတ်ဆက်မှုတွေ လွဲကုန်တော့တာပါပဲ။

ဖြစ်သင့်တာကို ပြောရရင် တွမ်မီနေးနဲ့ဆိုအတွဲအဖက်မမိတဲ့ မာတစ်နေရာမှာ ဖရက်ဒ်၊ တဲလက်စ်နဲ့ လုခ်ရှောတို့ကို အပြောင်းအလဲလုပ်သင့်ပြီး ဒန်နီယဲလ်ဂျိမ်းစ်၊ ခြေစွမ်းမပြနိုင်ပေမယ့် ပြိုင်ဘက်တွေ ရှိန်အောင်လုပ်နိုင်တဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို ဆက်ထား၊ အေစီမီလန်တိုက်စစ်မဆင်ရဲအောင် သူတို့ အားသာတဲ့ Counter တွေနဲ့ ပုံမှန် Pressing လုပ်သင့်တယ်လို့ မြင်ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားက အနိုင်ဂိုးထိန်းချင်တာနဲ့ မလုပ်သင့်တာတွေလုပ်တော့ သူ စိုးရိမ်တဲ့အတိုင်းပဲ ချေပဂိုးပေးလိုက်ရပြီး နောက်တစ်ကျော့အတွက် ဖိအားတွေပါ ပိုများသွားခဲ့တာပါပဲ။ “ကြောက်တတ်ရင် နှစ်ခါသေတယ်”ဆိုတဲ့ မြန်မာစကားပုံအတိုင်းပဲ ဆိုးလ်ရှားအတွက်တော့ အိမ်ကွင်းမှာ သရေရလဒ်သာရခဲ့တဲ့အပြင် အဝေးဂိုးပါပေးလိုက်ရတယ်လို့ ပြောရမှာပဲဖြစ်ပါတော့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“ေၾကာက္တတ္ရင္ ႏွစ္ခါေသတယ္”ဆိုတဲ့အတိုင္း ေပးဆပ္မႈႀကီးမားခဲ့ရတဲ့ ဆိုးလ္ရွား

မေန႔ညက ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့အျဖစ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေအစီမီလန္တို႔ ကစားခဲ့ၾကၿပီး ပရိသတ္ေတြသိတဲ့အတိုင္း (၁)ဂိုးစီသေရနဲ႔ ပြဲၿပီးခဲ့တယ္။ ဒီရလဒ္ဟာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ေက်နပ္စရာေကာင္းတဲ့ရလဒ္မဟုတ္သလို၊ အေဝးဂိုးပါေပးလိုက္ရလို႔ စိတ္ပ်က္စရာပါေကာင္းခဲ့တယ္။ ဒီရာသီမွာ အိမ္ကြင္းဆိုရင္ ထုံးစံအတိုင္း အမွားမွားအယြင္းယြင္းေတြလုပ္ျပတတ္တဲ့ ပုံစံေကာင္းကို ယူႏိုက္တက္တို႔ ဆက္ထိန္းႏိုင္ခဲ့ၿပီး ေအစီမီလန္အသင္းကစားပုံက အေကာင္းႀကီးမဟုတ္တာေတာင္ သေရက်ျဖစ္ေအာင္က်လိုက္ပါေသးတယ္။ ပြဲစကတည္းက ယူႏိုက္တက္ကစားပုံက အရင္ပြဲေတြကလို မဟုတ္ခဲ့ဘဲ အထေလးေနၿပီး ေအစီမီလန္အသင္းက ပထမပိုင္းတစ္ပိုင္းလုံး အိမ္ရွင္အသင္းကို လႊမ္းမိုးႏိုင္ခဲ့တယ္။ ေအစီမီလန္အသင္းက ယူႏိုက္တက္အသင္းအားသန္တဲ့ ေတာင္ပံတိုက္စစ္ေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ Double Pivot ႏွစ္ဦးျဖစ္တဲ့ မိုက္ေတနဲ႔ ကပ္ဆီးတို႔က Full Backs ေတြကို ကူညီေပးခဲ့လို႔ ခံစစ္(၂)ထပ္ျဖစ္သြားတာေၾကာင့္ ဒန္နီယဲလ္ဂ်ိမ္းစ္နဲ႔ ဂရင္းဝုဒ္တို႔ လႈပ္လို႔မရခဲ့ဘူး။

ဒီအခ်ိန္မွာ ယူႏိုက္တက္တိုက္စစ္ရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဆီကလည္း ေဘာလုံးမထြက္၊ ၿပိဳင္ဘက္ဧရိယာျခမ္းမွာ ေအစီမီလန္ကစားသမားေတြ Space လုံးဝမရွိေအာင္ ကစားႏိုင္လို႔ ယူႏိုက္တက္ကစားသမားေတြ Passing ေတြေပးရင္ အမွားမ်ားလာခဲ့တယ္။ ဒီပြဲဟာ အခုရာသီအေစာပိုင္းတုန္းက ယူႏိုက္တက္တို႔ အိမ္ကြင္းမွာ အာဆင္နယ္ကို ရႈံးခဲ့တဲ့ပြဲကို ျပန္ျမင္ေယာင္မိၿပီး ဆိုးလ္ရွားကလည္း အဲဒီလို Space ေတြ မေပးဘဲ ခံစစ္ကို လုံေအာင္ကစားႏိုင္တဲ့အသင္းေတြနဲ႔ဆို ဘယ္လိုမ်ိဳးနည္းဗ်ဴဟာအေျပာင္းအလဲလုပ္ရမလဲဆိုတာ အခုအထိအေျဖရွာမေတြ႕ေသးဘူး။ ပထမပိုင္းမွာ ေအစီမီလန္အသင္းရခဲ့တဲ့ (၂)ဂိုးက လူကြၽံ၊ လက္ထိေဘာေတြျဖစ္ခဲ့လို႔ ယူႏိုက္တက္ကံေကာင္းခဲ့ၿပီး ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကလည္း မ်က္လုံးမွိတ္ကန္ရင္ေတာင္ ဂိုးတဲ့အခြင့္အေရးကို တလြဲျဖစ္ေအာင္လုပ္ျပလိုက္ပါေသးတယ္။ ယူႏိုက္တက္တို႔ ကံေကာင္းခဲ့တာက ဒုတိယပိုင္းမွာ လူစားဝင္ကစားခြင့္ရခဲ့တဲ့ ဆယ္ေက်ာ္သက္ကစားသမား ဒီယာလိုက ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ကြက္တိေပးပို႔မႈကေန ေခါင္းတိုက္သြင္းယူခဲ့တာပါ။ ဒါေပမဲ့ ဘ႐ူႏိုလည္း အဲဒီတစ္ႀကိမ္ကလြဲၿပီး က်န္တဲ့ပြဲခ်ိန္ေတြမွာ ထူးထူးျခားျခားလုပ္ျပႏိုင္တာ မရွိခဲ့ဘူး။

ဆိုးလ္ရွားကို ေဝဖန္ခ်င္တာက ဘာမွအဓိပၸါယ္မရွိတဲ့ လူစားလဲမႈေတြ လုပ္ခဲ့လို႔ပါပဲ။ (၁-ဝ)ဂိုးဆိုတဲ့ ရလဒ္ထိန္းခ်င္လို႔ ခံစစ္ကို ပိုအာ႐ုံစိုက္ဖို႔ ကစားသမားအေျပာင္းအလဲလုပ္တာကို နားလည္ႏိုင္ေပမယ့္ ဝီလီယံ၊ ဖရက္ဒ္၊ လုခ္ေရွာတို႔ကို ဘာျဖစ္လို႔ထည့္တာလဲဆိုတာေတာ့ နားမလည္ႏိုင္ပါဘူး။ ေနာက္တစ္ခ်က္ကလည္း ဒုတိယပိုင္းမွာ ေအစီမီလန္ကစားပုံက အရမ္းႀကီးတိုက္စစ္ဆင္ေနတာမ်ိဳးမဟုတ္ဘဲ သူတို႔ကိုယ္တိုင္က ေနာက္ထပ္ဂိုးမေပးရဖို႔ပဲ ပိုအာ႐ုံစိုက္ေနတယ္လို႔ ယူဆမိတယ္။ ေအစီမီလန္ကစားသမား တစ္ဦးခ်င္းစီကလည္း Skill ေကာင္းတဲ့သူေတြ မဟုတ္သလို ဂိုးသြင္းခြင့္ေတြရရင္ေတာင္ တလြဲေတြကန္ေနတာ အဲဒီပြဲၾကည့္တဲ့သူေတြ ျမင္မိမွာပါ။ အဲဒီလိုအေနအထားမွာ ဆိုးလ္ရွားက ေၾကာက္အားပိုၿပီး ကိုယ့္ကစားကြက္ကို ကိုယ္တိုင္ဖ်က္၊ မလိုအပ္ဘဲ ခံစစ္ကစားသမားေတြ စုၿပဳံထည့္လိုက္ေတာ့ ယူႏိုက္တက္ ပုံမွန္ေလးေတာင္ Pressing မလုပ္ႏိုင္ေတာ့ဘူး။

ဘယ္ျခမ္းမွာ တဲလက္စ္နဲ႔ လုခ္ေရွာ တစ္ၿပိဳင္နက္သုံးေတာ့ ႏွစ္ေယာက္စလုံးက ခံစစ္လိုလို၊ တိုက္စစ္လိုလိုေတြျဖစ္၊ ဖရက္ဒ္ကိုလည္း သူ႔ကစားပုံနဲ႔ ဘာမွကို မဆိုင္တဲ့ No 10 Role ဆန္ဆန္ကစားခိုင္း၊ ကစားကြက္က (၄-၅-၁)လည္းမဟုတ္၊ (၄-၂-၃-၁)လည္းမက်နဲ႔ ဘာမွန္းကို မသိေတာ့တဲ့အေျခအေနေရာက္သြားတယ္။ အဲဒါေၾကာင့္ ဂရင္းဝုဒ္နဲ႔ ပုံမွန္ေလးကစားေနတဲ့ ဒီယာလိုတို႔ပါ ေနရာေတြေပ်ာက္ကုန္ၿပီး တစ္သင္းလုံးခ်ိတ္ဆက္မႈေတြ လြဲကုန္ေတာ့တာပါပဲ။ ျဖစ္သင့္တာကို ေျပာရရင္ တြမ္မီေနးနဲ႔ဆိုအတြဲအဖက္မမိတဲ့ မာတစ္ေနရာမွာ ဖရက္ဒ္၊ တဲလက္စ္နဲ႔ လုခ္ေရွာတို႔ကို အေျပာင္းအလဲလုပ္သင့္ၿပီး ဒန္နီယဲလ္ဂ်ိမ္းစ္၊ ေျခစြမ္းမျပႏိုင္ေပမယ့္ ၿပိဳင္ဘက္ေတြ ရွိန္ေအာင္လုပ္ႏိုင္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကို ဆက္ထား၊ ေအစီမီလန္တိုက္စစ္မဆင္ရဲေအာင္ သူတို႔ အားသာတဲ့ Counter ေတြနဲ႔ ပုံမွန္ Pressing လုပ္သင့္တယ္လို႔ ျမင္ပါတယ္။ ဒါေပမဲ့ ဆိုးလ္ရွားက အႏိုင္ဂိုးထိန္းခ်င္တာနဲ႔ မလုပ္သင့္တာေတြလုပ္ေတာ့ သူ စိုးရိမ္တဲ့အတိုင္းပဲ ေခ်ပဂိုးေပးလိုက္ရၿပီး ေနာက္တစ္ေက်ာ့အတြက္ ဖိအားေတြပါ ပိုမ်ားသြားခဲ့တာပါပဲ။ “ေၾကာက္တတ္ရင္ ႏွစ္ခါေသတယ္”ဆိုတဲ့ ျမန္မာစကားပုံအတိုင္းပဲ ဆိုးလ္ရွားအတြက္ေတာ့ အိမ္ကြင္းမွာ သေရရလဒ္သာရခဲ့တဲ့အျပင္ အေဝးဂိုးပါေပးလိုက္ရတယ္လို႔ ေျပာရမွာပဲျဖစ္ပါေတာ့တယ္ . . .